1
ဇိ အုန် မြို့၌ တံ ပိုး မှုတ် လျက်၊ သန့် ရှင်း ရာ ငါ့ တောင် ပေါ် တွင် အ ချက် သံ ပေး ကြ လော့။ ပြည် သူ ပြည် သား အ ပေါင်း တို့ တုန် လှုပ် ကြ စေ။ မိုး ပိတ် လျက် မှောင် အ တိ နေ့၊ မိုး အုံ့၍ မှောင် ကျ ရာ နေ့၊ ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် သည်၊ နီး ကပ်၍ ရောက် အံ့ ဆဲ ဖြစ်၏။ ခွန် အား ကြီး၍ များ ပြား သ ဖြင့်၊ ရှေး ကာ လ က မ ဖြစ် စ ဘူး၊ နောင် ကာ လ အ စဉ် အ ဆက် မ ဖြစ် လ တ္တံ့ သော အ လုံး အ ရင်း သည်၊ တောင် တန်း ပေါ် တွင်၊ အ မိုက် တိုက် ကဲ့ သို့ ဖုံး လွှမ်း ကြ သည် တ ကား။
2
3
ရှေ့ က ကျွမ်း လောင် သော မီး၊ နောက် က တောက် ပ သော မီး လျှံ ထွက် သ ဖြင့်၊ မ ရောက် သေး သော မြေ သည်၊ ဧ ဒင် ဥ ယျာဉ် ကဲ့ သို့ ရှိ သော် လည်း၊ ရောက် ပြီး မှ အ ကြွင်း အ ကျန် မဲ့၊ ဆိတ် ညံ ရာ တော ဖြစ် လေ၏။
4
မြင်း၏ အ သွင် တူ လျက်၊ စီး မြင်း နှင့် အ မျှ လျင် မြန် လျက်၊
5
စစ် ရ ထား ဘီး သံ၊ ရိုး ပြတ် ကို ကျွမ်း လောင် သံ၊ အင် အား ကြီး သော အ လုံး အ ရင်း ခင်း ကျင်း သံ များ နှင့်၊ တောင် တန်း ပေါ် တွင် ခုန် ပေါက် ကြ သော၊
6
ထို အ ကောင် များ ရှေ့ တွင် လူ မျိုး တို့ သည်၊ စိတ် ပန်း လျက်။ ရှိ သ မျှ သော သူ တို့ သည်၊ မျက် နှာ ညှိုး ရာ ရောက် လေ ပြီ။
7
သူ ရဲ တို့ ဘာ ဝ ပြေး ဝင် လျက်၊ ရဲ မက် တို့ ဘာ ဝ စည်း ရိုး ကို တက် ကျော် သော အ သီး အသီး တို့ သည်၊ မ ယိမ်း မ ယိုင်၊
8
အ ချင်း ချင်း မ တိုး မ ဝှေ့ ဘဲ၊ ကိုယ့် လမ်း သို့ လိုက် ချီ လျက်၊ စစ် လက် နက် များ ဖြင့် ကျ လဲ သော် လည်း၊ မ တွန့် မ ဆုတ် ချေ။
9
မြို့ ကို တိုက် လာ ကြ ရာ၊ မြို့ ရိုး ကို ကျော် လျက်၊ အိမ် များ ကို တက် လျက်၊ သူ ခိုး ကဲ့ သို့ ပြ တင်း ပေါက် များ ဖြင့် ဝင် ကြ သော၊
10
ထို အ ကောင် များ ကြောင့် မိုး မြေ တုန် လှုပ် လျက်၊ နေ လ မိုက် လျက်၊ ကြယ် န က္ခတ် အ လင်း ကွယ် ရ ၏။
11
တပ် တော် အ လွန် ကြီး ကျယ် သော ကြောင့် လည်း ကောင်း၊ အ မိန့် တော် အ တိုင်း စီ ရင် သော ဗိုလ် ထု သည်၊ ခွန် အား ကြီး သော ကြောင့် လည်း ကောင်း၊ ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် သည်၊ ခံ ရပ် သူ မ ရှိ သည့် တိုင် အောင်၊ ကြီး လှ၍ ကြောက် ရွံ့ ဖွယ် ကောင်း သော ကြောင့် လည်း ကောင်း၊ ထို အ လုံး အ ရင်း တော် ရှေ့၊ ထာ ဝ ရ ဘု ရား သည် အ သံ ကို လွှင့် တော် မူ ၏။
12
သို့ ရာ တွင်၊ ယ ခု ကာ လ ပင် အ စာ ရှောင် လျက်၊ ငို ကြွေး မြည် တမ်း လျက်၊ စိတ် ပါ ကိုယ် ရောက် ငါ့ ထံ သို့ ပြန် လာ ကြ လော့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊
13
ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ စိတ် ရှည် သော သ ဘော၊ က ရု ဏာ ကြွယ် ဝ သော သ ဘော၊ ပေး အံ့ သော ဘေး မှ ပြောင်း လဲ သော သ ဘော နှင့် ပြည့် စုံ တော် မူ သော၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ၊ အ ဝတ် ကို မ ဟုတ်၊ စိတ် နှ လုံး ကို ဆုတ် လျက် ပြန် လာ ကြ လော့။
14
ကိုယ် တော် လည်း၊ ပြန် ကြွ လျက် စိတ် တော် ပြောင်း လဲ၍ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဖို့၊ ဘော ဇဉ် သ က္ကာ၊ သွန်း လောင်း ရာ သ က္ကာ အ ဖြစ် မင်္ဂ လာ ဆု ချ ထား တော် မူ မည် မ မူ မည် ကို၊ မည် သူ သိ နိုင် သ နည်း။
15
ဇိ အုန် မြို့၌ တံ ပိုး မှုတ်၍ အ စာ ရှောင် ရာ နေ့၊ စည်း ဝေး ရာ နေ့ သန့် ခြား လျက် ကြော် ငြာ ကြ လော့။
16
လူ ပ ရိ သတ် ကို ခေါ် ဖိတ်၍ သီး သန့် စေ ကြ လော့။ အ သက် ကြီး သူ တို့ မှ စ၍၊ နို့ စို့၊ နို့ ညှာ သူ ငယ် တို့ ကို ခေါ် ဖိတ် စု ရုံး ကြ လော့။ မင်္ဂ လာ ဆောင် တိုက် ခန်း မှ ပင် သ တို့ သား သ တို့ သ မီး တို့ ထွက် လာ ကြ စေ။
17
ထာ ဝ ရ ဘု ရား၏ အ မှု တော် ဆောင် ပ ရော ဟိတ် တို့ သည်၊ မုတ် ဆောင် နှင့် ပူ ဇော် ရာ ပ လ္လင် တော် ကြား တွင် ငို ကြွေး လျက်၊ အို ထာ ဝ ရ ဘု ရား၊ လူ မျိုး တော် ကို စာ နာ တော် မူ ပါ။ လူ မျိုး ခြား တို့ ပုံ ခိုင်း ရာ၊ ကဲ့ ရဲ့ ရာ အ ဖြစ်၊ ပိုင် ရာ တော် ကို ထား တော် မ မူ ပါ လင့်။ ချင်း တို့ ဘု ရား ကား အ ဘယ် မှာ နည်း ဟူ သော ဆို ခွင့် ကို၊ လူ မျိုး ခြား တို့ သည်၊ အ ဘယ် ကြောင့် ရ ကြ ပါ အံ့ နည်း ဟု တောင်း လျှောက် ကြ စေ။
18
သို့ နှင့် အ ညီ ထာ ဝ ရ ဘု ရား သည်၊ ပြည် တော် အ တွက် ရှု စိတ် တော် မ မူ ဘဲ၊ လူ မျိုး တော် ကို ညှာ တာ လျက်၊ တုံ့ ပြန် မိန့် မြွက် တော် မူ သည် မှာ၊
19
ငါ သည်၊ ဆန် စ ပါး၊ စ ပျစ် ရည်၊ ဆီ များ ကို၊ တင်း တိမ် အောင် ပေး သ နား မည့် အ လျောက်၊ လူ မျိုး ခြား တို့ ကဲ့ ရဲ့ ရာ အ ဖြစ်၊ ဆက် လက် ထား မည် မ ဟုတ်။
20
အား ကြီး စွာ ပြု ခဲ့ သော ထို မြောက် ပိုင်း လာ တပ် ကို သင် တို့ မှ ကွာ ဝေး စေ လျက်၊ တပ် ဦး ကား၊ အ ရှေ့ ဘက် ပင် လယ်၊ တပ် မ ကား၊ အ နောက် ဘက် ပင် လယ်၌ မြုပ်၍၊ ပုပ် ညှီ နံ စော် သည့် တိုင် အောင်၊ သွေ့ ခြောက် ဆိတ် ညံ ရာ ပြည် သို့ မောင်း နှင် မည်။
21
အို ပြည် တော်၊ မ ကြောက် ရွံ့ လင့်။ ငါ ထာ ဝ ရ ဘု ရား သည် အား ကြီး စွာ စီ ရင် မည် ကို ထောက်၍၊ အား ရ ရွှင် လန်း လော့။
22
အို သား ယဉ် သား ရိုင်း တို့၊ မ ကြောက် ရွံ့ ကြ လင့်။ တော တောင် စား ကျက် များ သည် စိမ်း လန်း လျက်၊ သစ် ပင် များ သည် အ သီး သီး လျက်၊ သ ဖန်း၊ စ ပျစ် ပင် များ သည် ဖွံ့ ဖြိုး လျက် ရှိ ဦး မည်။
23
အို ဇိ အုန် မြို့ သူ မြို့ သား တို့၊ သင် တို့ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကြောင့်၊ အား ရ ရွှင် လန်း ကြ လော့။ ငါ သည် ထိုက် သင့် ရာ မိုး ဦး ကို ပေး သ နား လျက်၊ မိုး ဦး မိုး နှောင်း ကို လည်း တင် ကူး ၍ ကျ ရွာ စေ သ ဖြင့်၊
24
ကောက် နယ် တ လင်း များ သည် ဆန် စ ပါး နှင့် ပြည့် လျက်၊ ဖိ နင်း ရာ ကျင်း များ လည်း၊ ဆီ၊ စ ပျစ် ရည် နှင့် လျှံ လိမ့် မည်။
25
ငါ လွှတ် ခဲ့ သော အ လုံး အ ရင်း တော် ကြီး၊ အ ရာ ဘ၊ ယာ လက်၊ ခါ သိ လ၊ ဂါ ဇံ ကျိုင်း အုပ် များ စား ခဲ့ သော နှစ် များ အ တွက်၊ ပြန် ဆပ် မည့် အ လျောက်၊
26
ဝ စွာ စား သောက် ခွင့် ရ သော သင် တို့ သည်၊ အ ထူး အ ဆန်း ပြု စု သော သင် တို့ ဘု ရား သ ခင်၊ ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် အား ထော မ နာ ပြု ကြ လ တ္တံ့။ လူ မျိုး တော် အ ဆက် ဆက် ကျိုး ယုတ် ခြင်း မ ရှိ။
27
အ ခြား မ ဟုတ်၊ ငါ သာ လျှင်၊ ဣ သ ရေ လ လူ မျိုး ဘောင် တွင် စံ နေ သော၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း၊ သင် တို့ သိ ရ ကြ လ တ္တံ့။ လူ မျိုး တော် အ ဆက် ဆက် ကျိုး ယုတ် ခြင်း မ ရှိ ချေ။
28
ထို နောက် လူ အ ပေါင်း တို့ အ ပေါ် သို့၊ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း သ ဖြင့်၊ သင် တို့ သား သ မီး များ သည်၊ တရား ဟော လျက်၊ လူ အို တို့ သည်၊ အိပ် မက် လျက်၊ လူ ပျို သည်၊ ရူ ပါ ရုံ မြော် မြင် လျက် နေ ရ ကြ လ တ္တံ့။
29
၎င်း ပြင်၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ တို့ အ ပေါ် သို့၊ ထို နေ့ ရက် ကာ လ၌၊ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း မည်။
30
မိုး မြေ၌ လည်း၊ သွေး ရောင်၊ မီး လျှံ၊ မီး ခိုး တိုင် တည်း ဟူ သော သက် သေ နိ မိတ် များ ကို ငါ ပြ မည့် အ တိုင်း၊
31
ငါ ထာ ဝ ရ ဘု ရား၏ ကြောက် မက် ဖွယ် ကောင်း သော၊ နေ့ တော် ကြီး မ တိုင် မီ၊ နေ ကို အ မိုက်၊ လ ကို အ သွေး ဖြစ် စေ မည်။
32
ငါ ထာ ဝ ရ ဘုရား က တိ ပေး သည့် အ တိုင်း၊ ဇိ အုန် တောင် ယေ ရု ရှ လင် မြို့ တွင်၊ ဘေး လွှတ် ခွင့် ရ သူ တို့၊ ကျန် ကြွင်း သူ တို့ တွင်၊ ငါ ထာ ဝ ရ ဘု ရား ခေါ် ဆောင် မည့် သူ တို့ ရှိ နေ သည့် အ လျောက်၊ ငါ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ပ ဌ နာ ပြု သူ တိုင်း၊ ဘေး လွတ် ခွင့် ရ လ တ္တံ့။