1
တစ် ဖန် ထာ ဝ ရ ဘု ရား က၊ အ မျိုး အ နွယ် အား ပေး မည် ဟူ၍ အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ နှင့် ငါ သ စ္စာ ဆို ခဲ့ သော ပြည် သို့ သင် နှင့် တ ကွ အိ ဂျစ် ပြည် မှ ဆောင် ခဲ့ သော လူ မျိုး ပါ ဤ အ ရပ် မှ ထွက် သွား ကြ လော့။
2
စေ တ မန် တော် ကို လည်း သင် တို့ ရှေ့ က ငါ စေ လွှတ် သည့် အ တိုင်း၊ ခါ န နိ၊ အာ မော ရိ၊ ဟိ တ္တိ၊ ဖေ ရ ဇိ၊ ဟိ ဝိ၊ ယေ ဗု သိ လူ မျိုး တို့ ကို နှင် ထုတ် ၍၊
3
နို့ ရည်၊ ပျား ရည်၊ လွှမ်း စီး သော ပြည် သို့ ပို့ ဆောင် လိမ့် မည်။ သင် တို့ သည် နှ လုံး ခဲ ယဉ်း သော လူ မျိုး ဖြစ် သည့် အ တွက် လမ်း ခ ရီး တွင် ကုန် ခမ်း စေ မည် ကို စိုး၍ အ လယ်၌ ငါ ကြွ သွား မည် မ ဟုတ် ဟု မော ရှေ အား မိန့် တော် မူ ၏။
4
လူ မျိုး သည် ထို မ ကောင်း သ တင်း ကို ကြား သော အ ခါ မည် သူ မျှ တန် ဆာ မ ဆင် ဘဲ မြည် တမ်း ကြ လေ ၏။
5
ထာ ဝ ရ ဘု ရား က လည်း ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ မည် မှာ သင် တို့ သည် နှ လုံး ခဲ ယဉ်း သော လူ မျိုး ဖြစ် သည့် အ တွက် တစ် ခ ဏ မျှ ပင် အ လယ်၌ ငါ ကြွ သွား ခဲ့ လျှင် ကုန် ခန်း စေ လိမ့် မည်။ ထို ကြောင့် သင် တို့ အား မည် သို့ ပြု ရ မည် ကို ငါ သိ စိမ့် သော ငှါ တန် ဆာ များ ကို ချွတ် ကြ စေ ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊
6
ဣ သ ရေ လ အ မျိုး သား တို့ သည် ဟော ရပ် တောင် ခြေ ရင်း ၌ တန် ဆာ များ ကို ချွတ် ပယ် သည် မှ စ၍ မ ဆင် ဘဲ နေ ကြ ၏။
7
မော ရှေ သည် တပ် စ ခန်း ပြင် ဝေး ကွာ ရာ တွင် ယူ ၍ စိုက် လေ့ ရှိ သော တဲ တော် ကို တွေ့ ဆုံ ရာ တဲ တော် ဟု ခေါ် ဝေါ် ၍ ထာ ဝ ရ ဘုရား ကို ရှာ သော လူ အ ပေါင်း တို့ သည် တပ် စ ခန်း ပြင် ရှိ တွေ့ ဆုံ ရာ တဲ တော် သို့ ထွက် သွား တတ် ကြ ၏။
8
မော ရှေ သည် တဲ တော် သို့ ထွက် သွား သော အ ခါ လူ တစ် မျိုး လုံး ထ ၍ ကိုယ့် တဲ ဝ၌ အ သီး အ သီး ရပ် လျက် တဲ တော် တွင်း သို့ မောရှေ ဝင် သည့် တိုင် အောင် ရှု ကြည့် လေ့ ရှိ ကြ ကုန် ၏။
9
တဲ တော် တွင်း သို့ မော ရှေ ဝင် ရာ တိမ် တိုင် သက် ရောက်၍ တဲ တော် မုတ် ဝ၌ တည် လျက် မော ရှေ အား မိန့် မြွက် တော် မူ ၏။
10
တဲ တော် မုတ် ဝ တွင် တိမ် တိုင် တည် နေ သည် ကို မြင် လျှင် လူ တစ် မျိုး လုံး ထ၍ ကိုယ့် တဲ ဝ က အ သီး အ သီး ရှိ ခိုး လေ့ ရှိ ကြ ကုန် ၏။
11
အ ဆွေ ခင် ပွန်း ချင်း တို့ ပြော ဆို တတ် ကြ သည့် နည်း တူ ထာ ဝ ရ ဘု ရား သည် မော ရှေ နှင့် တွေ့ ဆုံ မိန့် မြွက် တော် မူ လေ့ ရှိ ၏။ တပ် စ ခန်း သို့ ပြန် သွား သော အ ခါ နုန့် သား၊ ကိုယ့် တ ပည့်၊ လု လင် ယော ရှု သည် တဲ တော် မှ မ ထွက် ဘဲ နေ၏။
12
မော ရှေ က လည်း ဤ လူ မျိုး ကို ဆောင် သွား လော့ ဟူ၍ လည်း ကောင်း၊ သင့် ကို အ မည် ဖြင့် ငါ သိ လျက် မျက် နှာ သာ ရ ပြီ ဟူ၍ လည်း ကောင်း၊ အ ကျွန်ုပ် အား မိန့် မြွက် တော် မူ သော် လည်း အ ကျွန်ုပ် နှင့် အ တူ စေ လွှတ် တော် မူ မည့် သူ ကို သိ စေ တော် မ မူ ပါ။
13
သို့ ဖြစ်၍ အ ကျွန်ုပ် သည် ရှေ့ တော်၌ မျက် နှာ သာ ရ လျှင် ရ စေ ခြင်း ငှါ ကိုယ် တော် ကို သိ ကျွမ်း ရန် နည်း လမ်း တော် များ ကို သွန် သင် တော် မူ ပါ။ ဤ လူ မျိုး လည်း လူ မျိုး တော် ဖြစ် ကြောင်း ဆင် ခြင် တော် မူ ပါ ဟု ထာ ဝ ရ ဘု ရား အား တောင်း လျှောက် လျှင်၊
14
ငါ ကိုယ် တိုင် ကြွ သွား၍ နား နေ ခွင့် ရှိ စေ မည် ဟု မိန့် တော် မူ ၏။
15
တစ် ဖန် တုံ ကိုယ် တော် တိုင် ကြွ တော် မ မူ လျှင် အ ကျွန်ုပ် တို့ ကို ဤ မှ သွား စေ တော် မ မူ ပါ နှင့်။
16
အ ကျွန်ုပ် နှင့် တ ကွ လူ မျိုး တော် သည် ရှေ့ တော်၌ မျက် နှာ သာ ရ ကြောင်း မည် သို့ ထင် ရှား ပါ အံ့ နည်း။ အ ကျွန်ုပ် နှင့် လူ မျိုး တော် လည်း မြေ မျက် နှာ ပြင် ပေါ်၌ ရှိ သ မျှ သော လူ မျိုး တို့ နှင့် ခွဲ ခြား လေ အောင် အ ကျွန်ုပ် တို့ နှင့် အ တူ ကြွ သွား တော် မူ ခြင်း ဖြင့် ထင် ရှား သည် မ ဟုတ် ပါ လော ဟု မေး လျှောက် လေ ၏။
17
ထာ ဝ ရ ဘု ရား က လည်း သင် လျှောက် သည့် တိုင်း ငါ ပြု မည်။ မျက် နှာ သာ လည်း ရ ပြီ။ သင့် ကို အ မည် ဖြင့် ငါ သိ ပြီ ဟု မော ရှေ အား မိန့် တော် မူ သော်၊
18
ဘုန်း တော် ကို ပြ တော် မူ ပါ ဟု လျှောက် တောင်း ပြန် လျှင်၊
19
ထာ ဝ ရ ဘု ရား က၊ ငါ့ တင့် တယ် ခြင်း ရှိ သ မျှ ကို သင့် မျက် မှောက်၌ ထင် ရှား စေ၍ ငါ ထာ ဝ ရ ဘု ရား၏ နာ မ ကို လည်း သင့် ရှေ့၌ ငါ ကြော် ငြာ မည်။ ငါ ကျေး ဇူး ပြု မည့် သူ့ ကို ကျေး ဇူး ပြု မည်။ ငါ သ နား မည့် သူ ကို လည်း သ နား မည် ဟူ ၍ လည်း ကောင်း၊
20
သင် သည် ငါ့ မျက် နှာ ကို မ ဖူး ရာ။ ဖူး မြင် သူ လူ သ တ္တ ဝါ ကား၊ အ သက် မ ရှင် ရ ဟူ၍ လည်း ကောင်း မိန့် တော် မူ ၏။
21
ထာ ဝ ရ ဘု ရား က လည်း၊ အ ပါး တော် တွင် ရှိ သော နေ ရာ ကျောက် ပေါ် တွင် ရပ် နေ ရ မည်။
22
ငါ့ ဘုန်း တော် ထင် ရှား သော အ ခါ သင့် ကို ကျောက် ကြား၌ သွင်း ထား၍ ငါ လွန် သွား သည့် တိုင် အောင် လက် တော် ဖြင့် ဖုံး ထား မည်။
23
လက် တော် ကို ကြွ ဖယ် သော အ ခါ နောက် ကို သာ ဖူး မြင် ရ မည်။ မျက် နှာ ကို ကား မ ဖူး ရ ဟု မိန့် တော် မူ ၏။