ထွက်​မြောက်-29

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 သူ တို့ သည် ငါ့ ရှေ့ ပ ရော ဟိတ် အ မှု ကို ဆောင် ရွက် ကြ စေ ရန် သီး သန့် ထား ရ မည့် နည်း ဟူ မူ ကား၊ ကြန် အင် စုံ သော နွား ပေါက် တစ် ကောင် နှင့် သိုး ထီး နှစ် ကောင် ကို ယူ ပြီး လျှင်၊
  • 2 မုန့် လုံး၊ ဆီ ရော သော မုန့် ပေါက်၊ ဆီ လူး သော မုန့် ချပ် များ ကို တ ဆေး မဲ့ ဂျုံ မုန့် ညက် နှင့် ပေါင်း ၍၊
  • 3 တောင်း တစ် လုံး၌ ထည့် ပြီး မှ နွား တစ် ကောင်၊ သိုး နှစ် ကောင် နှင့် အ တူ တင် သွင်း လော့။
  • 4 အာ ရုန် နှင့် သား တို့ ကို တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ သို့ ခေါ်၍ ရေ ဆေး ကြော စေ ပြီး လျှင်၊
  • 5 သင်္ကန်း စုံ ကို ယူ လျက် အာ ရုန် ၌ လက် ကျပ် ဝတ် လုံ၊ ကိုယ် ဝတ် ဆိုင် ရာ ဝတ် လုံ၊ ကိုယ် ဝတ်၊ ရင် လွှမ်း များ ဆင် ယင် ခြင်း၊
  • 6 ကိုယ် ဝတ် ရင် စည်း ဖြင့် စည်း ပတ် ခြင်း၊ ဦး ခေါင်း ပေါ် မှာ ဗောင်း ဆင် ခြင်း၊ ဗောင်း ၌ သန့် ရှင်း သော သင်း ကျစ် တပ် ခြင်း များ ကို ပြု ပြီး မှ၊
  • 7 ဘိ သိက် ဆီ ကို ယူ လျက် ဦး ခေါင်း ပေါ် တွင် သွန်း လောင်း လော့။
  • 8 သား တို့ ကို လည်း ခေါ်၍၊ လက် ကျပ် ဝတ် လုံ နှင့် ဆင် ယင် ပြီး လျှင်၊
  • 9 အာ ရုန် နှင့် သား တို့ ကို ခါး ပန်း စည်း စေ လျက်၊ ဦး ရစ် ပေါင်း စေ သ ဖြင့် သူ တို့ သည် အ မြဲ ထုံး ဖွဲ့ ချက် အ တိုင်း ပ ရော ဟိတ် ရာ ထူး ကို ရ ရှိ ကြ လိမ့် မည်။ အာ ရုန် နှင့် သား တို့ ကို ထို သို့ ပင် ခန့် ထား လော့။
  • 10 ၎င်း ပြင် ဆို ခဲ့ သော နွား ကို တွေ့ ဆုံ ရာ တဲ တော် ရှေ့ သို့ ဆောင် ခဲ့၍ နွား ခေါင်း ပေါ် တွင် အာ ရုန် နှင့် သား တို့ လက် တင် ကြ စေ။
  • 11 ထို တဲ တော် မုတ် ဝ အ နီး ငါ ထာ ဝ ရ ဘု ရား ရှေ့ တော်၌ နွား ကို စီ ရင် ပြီး မှ၊
  • 12 အ သွေး ကို ယူ၍ ပူ ဇော် ရာ ပ လ္လင် တော် စိန် တောင် များ၌ လက် ချောင်း နှင့် သုတ် ခြင်း၊ အ သွေး ကျန် သ မျှ ကို ပ လ္လင် တော် ခြေ ရင်း သို့ လောင်း ခြင်း၊
  • 13 ဝမ်း တွင်း ၌ ဖုံး လွှမ်း သော ဆီ ဥ ရှိ သ မျှ အ သည်း ဆိုင် ရာ အ ညှို့၊ ကျောက် ကပ် တစ် စုံ နှင့် တ ကွ ဆီ ဥ များ ကို ယူ၍ ပ လ္လင် တော် ပေါ် မှာ မီး ဖြင့် ပူ ဇော် ခြင်း၊
  • 14 နွား ၏ အ သား၊ အ ရေ၊ အူ နု များ ကို တပ် စ ခန်း ပြင် ကျွမ်း လောင် စေ ခြင်း များ ကို ပြု လော့။ ထို နွား သည် အ ပြစ် ဖြေ ရာ သ က္ကာ ဖြစ် သ တည်း။
  • 15 ယ ခင် သိုး အ နက် တစ် ကောင် ကို ယူ၍ သိုး ခေါင်း ပေါ် တွင် အာ ရုန် နှင့် သား တို့ လက် တင် ကြ စေ။
  • 16 ထို သိုး ကို စီ ရင် ပြီး မှ အ သွေး ကို ယူ၍ ပူ ဇော် ရာ ပ လ္လင် တော် ဘေး ပတ် လည်၌ သွန်း ပက် ခြင်း၊
  • 17 အ ကောင် ကို အ ပိုင်း ပိုင်း ဖြတ် ခြင်း၊ ဝမ်း တွင်း သား နှင့် ခြေ များ ကို ဆေး ကြော၍၊
  • 18 ဦး ခေါင်း၊ သား တစ် များ နှင့် စု ပုံ လျက် ပ လ္လင် တော် ပေါ် မှာ တစ် ပုံ လုံး မီး ဖြင့် ပူ ဇော် ခြင်း များ ကို ပြု လော့။ ငါ ထာ ဝ ရ ဘု ရား မီး ရှို့ ရာ သ က္ကာ၊ စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ ဖြစ် သ တည်း။
  • 19 ကျန် သိုး ကို လည်း ယူ၍ သိုး ခေါင်း ပေါ် တွင် အာ ရုန် နှင့် သား တို့ လက် တင် ကြ စေ။
  • 20 ထို သိုး ကို စီ ရင် ပြီး မှ အ သွေး ကို ယူ လျက် အာ ရုန် နှင့် သား တို့ လက်ျာ နား ပျဉ်း၊ လက်ျာ လက် မ၊ လက်ျာ ခြေ မ များ၌ သုတ်၍ ပူ ဇော် ရာ ပ လ္လင် တော် ဘေး ပတ် လည် တွင် အ သွေး သွန်း ပက် လော့။
  • 21 ပ လ္လင် တော် ထက် ရှိ အ သွေး နှင့် ဘိ သိက် ဆီ ကို ယူ လျက် အာ ရုန် မှ စ၍ သား တို့ ကို သင်္ကန်း စုံ ပါ ဖျန်း သ ဖြင့် အာ ရုန်၊ သား များ၊ သင်္ကန်း စုံ ပါ၊ သီး သန့် ရာ ရောက် လိမ့် မည်။
  • 22 ထို သိုး သည် ခန့် ထား ခြင်း ဆိုင် ရာ သိုး ဖြစ် သော ကြောင်၊ ဆီ ဥ၊ မြီး ထူး၊ ဝမ်း တွင်း၌ ဖုံး လွှမ်း သော ဆီ ဥ၊ အ သည်း ဆိုင် ရာ အ ညှို့၊ ကျောက် ကပ် တစ် စုံ နှင့် တ ကွ၊
  • 23 ဆီ ဥ၊ လက်ျာ ပေါင် များ ပြင်၊ ငါ ထာ ဝ ရ ဘု ရား မျက် မှောက် ရှိ တ ဆေး မဲ့ မုန့် ပါ သော တောင်း ထဲ မှ၊
  • 24 မုန့် လုံး၊ ဆီ မုန့် ပေါက်၊ မုန့် ချပ်၊ တစ် ခု စီ ယူ ၍ ရှိ သ မျှ ကို အာ ရုန် နှင့် သား တို့ လက် ဝယ် ထား သ ဖြင့်၊ ငါ ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ရာ အ လှူ အ ဖြစ် ဖြင့် ဦး တိုက် ခြင်း။
  • 25 သူ တို့ လက် မှ ပြန် ယူ၍ ပ လ္လင် တော် ထက် မီး ရှို့ ရာ သ က္ကာ ပေါ် တွင် ငါ ထာ ဝ ရ ဘု ရား ရှေ့ စိတ် တော် ပြေ ဖွယ် ရ နံ့ အ ဖြစ် မီး ပူ ဇော် ရာ အ ဖြစ် ဖြင့် ပူ ဇော် ခြင်း၊
  • 26 အာ ရုန် အား ခန့် ထား ခြင်း ဆိုင် ရာ သိုး မှ ကိုယ့် ပိုင် စု ရင် ထူး ကို ယူ၍ ငါ ထာ ဝ ရ ဘုရား ရှေ့ ဦး တိုက် ရာ အ လှူ အ ဖြစ် ဖြင့် ဦး တိုက် ခြင်း များ ကို ပြု လော့။
  • 27 အာ ရုန် နှင့် သား တို့ အား ခန့် ထား ခြင်း ဆိုင် ရာ သိုး၏ ရင် ထူး ဖြစ် သော ဦး တိုက် ရာ အ လှူ၊ ပေါင် ဖြစ် သော မြှောက် ဆက် ရာ အ လှူ များ ကို သီး သန့် ထား ပြီး မှ၊
  • 28 မြှောက် ဆက် ရာ အ လှူ ဖြစ် သည် နှင့် အ ညီ အ မြဲ ထုံး ဖွဲ့ ချက် အ တိုင်း၊ အာ ရုန် နှင့် သား စဉ် မြေး ဆက် တို့ အား ဣ သ ရေ လ အ မျိုး သား တို့ သည် ထို သို့ လှူ ကြ ရ မည်။ ဤ ကား ဣ သ ရေ လ အ မျိုး သား တို့ ဆက် ကပ် သော မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ အ နက် ငါ ထာ ဝ ရ ဘု ရား အား မြှောက် ဆက် ရာ အ လှူ ဖြစ် သ တည်း။
  • 29 အာ ရုန် ၏ သန့် ရှင်း သော သင်္ကန်း စုံ ကို သား မြေး တို့ ဆက် လက် သ ဖြင့် ဘိ သိက် သွန်း ခြင်း၊ ခန့် ထား ခြင်း ခံ ရာ၌ ဝတ် ဆင် ကြ စေ။
  • 30 ပ ရော ဟိတ် အ ရိုက် အ ရာ ကို ဆက် ခံ၍ သန့် ရှင်း ရာ ဌာ န၌ အ မှု တော် ကို ဆောင် ရွက် ရန် တွေ့ ဆုံ ရာ တဲ တော် သို့ ဝင် ရ သော သား သည် ခု နစ် ရက် ပတ် လုံး ဝတ် ဆင် စေ။
  • 31 ခန့် ထား ခြင်း ဆိုင် ရာ သိုး၏ အ သား ကို ယူ ၍၊
  • 32 သီး သန့် ရာ အ ရပ် တွင် ပြုတ် ပြီး မှ ထို အ သား ကို လည်း ကောင်း၊ တောင်း ရှိ မုန့် ကို လည်း ကောင်း၊ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး အာ ရုန် နှင့် သား တို့ စား ကြ စေ။
  • 33 သီး သန့် ခန့် ထား ခြင်း နှင့် ဆိုင် သော အ ပြစ် ဖြေ ရာ များ သည် သီး သန့် ပြီး ဖြစ် သော ကြောင့် မ ဆိုင် သူ မ စား ရ ဘဲ ကိုယ် တိုင် စား ကြ စေ။
  • 34 ခန့် ထား ခြင်း ဆိုင် ရာ အ သား ဖြစ် စေ၊ မုန့် ဖြစ် စေ၊ နံ နက် တိုင် ကြွင်း လျှင် ထို အ ကြွင်း ကို ကျွမ်း လောင် စေ။ သီး သန့် ပြီး ဖြစ် သော ကြောင့် မည် သူ မျှ မ စား ရ။
  • 35 ထို သို့ ပင် အာ ရုန် နှင့် သား တို့ အား ငါ မိန့် မှာ သ မျှ အ တိုင်း ပြု၍ ခန့် ထား ခြင်း မင်္ဂ လာ ကို ခု နစ် ရက် ပတ် လုံး ဆောင် ရွက် လျက်၊
  • 36 အ ပြစ် ဖြေ ခြင်း အ လို့ ငှါ အ ပြစ် ဖြေ ရာ သ က္ကာ နွား တစ် နေ့ တစ် ကောင် ကို ပူ ဇော် သ ဖြင့် ပ လ္လင် တော် ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု၍ စင် ကြယ် စေ ပြီး မှ သီး သန့် ထား ခြင်း ငှါ ဘိ သိက် ဆီ သွန်း လော့။
  • 37 ခု နစ် ရက် ပတ် လုံး ပ လ္လင် တော် ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု၍ သီး သန့် ထား လော့။ ထို ပ လ္လင် တော် သည် အ ထူး သီး သန့် သည် နှင့် အ ညီ ထိ မိ သ မျှ သူ တိုင်း သီး သန့် ရာ ရောက် လိမ့် မည်။
  • 38 ပ လ္လင် တော် ပေါ် တွင် ပူ ဇော် ရ မည် မှာ နေ့ စဉ် မ ပြတ်၊ အ ခါ လည် သော သိုး သား ငယ် တစ် နေ့ နှစ် ကောင် ကျ၊
  • 39 နံ နက် တစ် ကောင်၊ ညဉ့် ဦး ယံ တစ် ကောင် ကို လည်း ကောင်း၊ သိုး သား ငယ် တစ် ကောင် နှင့် တ ကွ၊
  • 40 ထောင်း ညှပ်၍ ရ သော ဆီ တစ် ပိဿာ ရော ပြီး မုန့် ညက် တစ် စ ရွတ် ကို လည်း ကောင်း၊ သွန်း လောင်း ရာ သ က္ကာ အ ဖြစ် စ ပျစ် ရည် တစ် ပိဿာ ကို လည်း ကောင်း၊ ပူ ဇော် လော့။
  • 41 ကျန် သိုး သား ငယ် ကို ကား စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ အ ဖြစ်၊ နံ နက် ဘော ဇဉ် သ က္ကာ နှင့် သွန်း လောင်း ရာ သ က္ကာ ပါ သည့် နည်း တူ ညဉ့် ဦး ယံ၌ ငါ ထာ ဝ ရ ဘု ရား ထံ ပူ ဇော် လော့။
  • 42 သင် တို့ အား မိန့် မြွက် ရန် ငါ တွေ့ ဆုံ မည့် ဌာ န၊ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး၊ သင် တို့ အ မျိုး အ စဉ် အ ဆက်၊ ဆက် မြဲ မီး ရှို့ ရာ သ က္ကာ ဖြစ် ၏။
  • 43 ထို ဌာ န ၌ ဣ သ ရေ လ အ မျိုး သား တို့ နှင့် ငါ တွေ့ ဆုံ၍ ဘုန်း တော် ဖြင့် သီး သန့် စေ မည်။
  • 44 ငါ့ ရှေ့ ပ ရော ဟိတ် အ မှု ဆောင် ရွက် စေ ရန် အာ ရုန် နှင့် သား တို့ ကို လည်း ကောင်း၊ တွေ့ ဆုံ ရာ တဲ တော် နှင့် ပ လ္လင် တော် ကို လည်း ကောင်း၊ ငါ သီး သန့် စေ မည်။
  • 45 ဣ သ ရေ လ အ မျိုး သား တို့ ဘောင် တွင် ငါ စံ နေ၍ သူ တို့ ဘု ရား သ ခင် ဖြစ် မည်။
  • 46 ငါ သည် သူ တို့ တွင် စံ နေ ခြင်း ငှါ အိ ဂျစ် ပြည် မှ ထုတ် ဆောင် ခဲ့ သော သူ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သိ ရ ကြ လ တ္တံ့။ ငါ သည် သူ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေ တည်း။
回到本卷目录 回到本版本目录 回到首页