ဆာ​လံ-91

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 မြင့် မြတ် သော ဘု ရား၏ အ တွင်း ဌာ န တော်၌ နေ ထိုင် သော သူ သည်၊ အ န န္တ တန် ခိုး ရှင်၏ အ ရိပ် ကို ခို လှုံ ရ လိမ့် မည်။
  • 2 ငါ၏ ခို လှုံ ရာ၊ ငါ၏ ခံ တပ်၊ ငါ ကိုး စား ရာ ဘု ရား သ ခင် ပေ တည်း ဟု၊ ထာ ဝ ရ ဘု ရား အား ငါ ဝန် ခံ မည်။
  • 3 ကိုယ် တော် သည် ငှက် ခတ် သ မား၏ ညွှတ် ကွင်း မှ လည်း ကောင်း၊ သေ စေ တတ် သော ကပ် ရော ဂါ မှလည်း ကောင်း၊ သင့် ကို ကယ် လွှတ် လျက်၊
  • 4 အ တောင် တော် နှင့် ဖုံး အုပ်၍၊ တောင် ပံ အောက် ခို လှုံ ခွင့် ပြု တော် မူ သည့် အ တိုင်း၊ သ စ္စာ တော် သည် ဒိုင်း ရှည် နှင့် ဒိုင်း လုံး ဖြစ် ၏။
  • 5 ညဉ့် အ ခါ ရောက် သော ဘေး အ န္တ ရာယ် ကို လည်း ကောင်း၊ နေ့ အ ခါ ပစ် သော မြှား ကိုလည်း ကောင်း၊
  • 6 မှောင် အ ချိန် လှည့် လည် သော ကပ် ရော ဂါ ကို လည်း ကောင်း၊ မွန်း တည့် အ ချိန် ဖျက် ဆီး သော ဘေး ဥ ပဒ် ကို လည်း ကောင်း၊ သင် ကြောက် ရ မည် မ ဟုတ်။
  • 7 ယာ ဘက်၌ လူ တစ် ထောင်၊ ဝဲ ဘက်၌ လူ တစ် သောင်း ကျ ဆုံး သော် လည်း၊ သင် က၊ မ ထိ မ ခိုက် ရ ဘဲ လျက်၊
  • 8 လူ ဆိုး တို့ ခံ ရ သော အ ကျိုး ဆက် ကို ကား၊ ဒိ ဋ္ဌ မြင် ရ လ တ္တံ့။
  • 9 ထာ ဝ ရ ဘု ရား သည် ငါ၏ ခို လှုံ ရာ ပေ တည်း ဟု သင် ဆို၍၊ မြင့် မြတ် သော ဘု ရား၌ နေ ရာ ကျ သော ကြောင့်၊
  • 10 သင့် ထံ ဘေး တစ် မျိုး မျှ မ ချဉ်း၊ နေ ထိုင် ရာ သို့ ကပ် ရော ဂါ တစ် မျိုး မျှ မ သင့် ရ။
  • 11 သွား လေ ရာ ရာ၌ သင့် ကို စောင့် ထိန်း ကြ စေ ရန်၊ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း၊
  • 12 ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန်၊ ချီ ပင့် ရ ကြ လိမ့် မည်။
  • 13 သင် သည် ခြင်္သေ့ နှင့် မြွေ ဆိုး များ ကို နင်း၍၊ ခြင်္သေ့ ပျို နှင့် န ဂါး တို့ ကို ကျော် ရ လိမ့် မည်။
  • 14 ငါ၌ စွဲ လမ်း သော ကြောင့်၊ သူ့ ကို ငါ ကယ် လွှတ်၍၊ ငါ့ နာ မ ကို သိ ကျွမ်း သော ကြောင့်၊ ချီး မြှောက် မည်။
  • 15 ငါ့ ကို ခေါ် သော အ ခါ၊ တုံ့ ပြန်၍၊ ဒု က္ခ ရောက် သော အ ခါ၊ အ တူ စံ နေ လျက်၊ ကယ် လွှတ် ပြီး လျှင်၊ ဂုဏ် ရောက် စေ မည်။
  • 16 တင်း တိမ် ဖွယ် အ သက် ရှည် စွာ သ နား ၍၊ ငါ၏ ကယ် တင် ရာ ကယ် တင် ကြောင်း ကို ဖော် ပြ မည်။
回到本卷目录 回到本版本目录 回到首页