1
ဟာ လေ လု ယ။ ထာ ဝ ရ ဘု ရား ကို ခန့် ညား၍၊ ပ ညတ် တော် များ ကို အ ထူး နှစ် သက် သူ သည် မင်္ဂ လာ ရှိ၏။
2
သူ့ အ နွယ် သည်၊ မြေ ကြီး ပေါ် တွင် တန် ခိုး ကြီး လျက်၊ ဖြောင့် မှန် သူ တို့ အ ဆက် သည်၊ ကောင်း ကြီး ခံ ရ ကြ လိမ့် မည်။
3
သူ့ အိမ်၌ ဥ စ္စာ ဓ န ကြွယ် ဝ၍၊ သူ့ ဖြောင့် မတ် ခြင်း လည်း ကာ လ အ စဉ် တည် ၏။
4
ဖြောင့် မှန် သူ တို့ အ ဖို့၊ မှောင် မိုက် ထဲ မှာ အ လင်း တော် ပေါ် ထွန်း၍၊ ကျေး ဇူး ပြု သော သ ဘော၊ သ နား သော သ ဘော၊ ဖြောင့် မတ် သော သ ဘော ရှိ ကြ၏။
5
သ နား ညှာ တာ၍ ချေး ငှား သူ သည် ကောင်း စား လျက်၊ တ ရား စီ ရင် ရာ ၌ အောင် လိမ့် မည်။
6
မည် သည့် ကာ လ မျှ မ ရွေ့ ရ ဘဲ၊ ဖြောင့် မတ် သူ့ အ ထိမ်း အ မှတ် ကာ လ အ စဉ် တည် လိမ့် မည်။
7
မ ကောင်း သ တင်း ကို မ ကြောက် ဘဲ၊ ထာ ဝ ရ ဘု ရား ၌ ကိုး စား သ ဖြင့်၊ စိတ် နှ လုံး တည် ကြည် ပါ ၏။
8
သူ့ စိတ် နှ လုံး ခိုင် ခံ့ သည့် အ လျောက်၊ ရန် ဘက် ပြု သူ တို့ ကို စီး ကြည့် ၍ အား မ ရ မီ၊ ကြောက် ရွံ့ ခြင်း မ ရှိ ရ။
9
သူ သည် စွန့် ကြဲ ပြီ။ နွမ်း ပါး သူ တို့ အား ပေး ကမ်း ပြီ။ သူ့ ဖြောင့် မတ် ခြင်း သည်၊ ကာ လ အ စဉ် တည်၍၊ ဦး ချို သည်၊ ဂုဏ် အ သ ရေ နှင့် ချီး မြှောက် ခံ ရ လိမ့် မည်။
10
လူ ဆိုး တို့ မြင် ၍ ဝမ်း နည်း ခြင်း၊ အံ ခဲ လျက် ပျောက် လွင့် ခြင်း ခံ ရ ကြ လိမ့် မည်။ လူ ဆိုး တို့ အ လို ဆ န္ဒ ကား၊ ပျက် စီး ရ လ တ္တံ့။