ကမ္ဘာ​ဦး-17

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အာ ဗြံ သည် အ သက် ကိုး ဆယ့် ကိုး နှစ် ရှိ သော အ ခါ အာ ဗြံ အား ထာ၀ ရ ဘု ရား ထင် ရှား တော် မူ ၍ ငါ ကား၊ အ နန္တ တန် ခိုး ရှင် ဘုရား သ ခင် ပင် တည်း။ ငါ့ မျက် မှောက် တွင် သွား လာ စုံ လင် စေ လော့။
  • 2 ငါ သည် သင် နှင့် ပ ဋိ ညာဉ် ပြု၍ သင့် ကို အ လွန် ပွား များ စေ မည် ဟု မိန့် တော် မူ သ ဖြင့်၊
  • 3 အာ ဗြံ ပျပ် ဝပ် လျှင် ဘု ရား သ ခင် မိန့် တော် မူ ပြန် သည် မှာ၊
  • 4 ငါ ပြု သော ပ ဋိ ညာဉ် သည် သင်၌ တည်၍ လူ မျိုး အ များ တို့၏ အ ဘ ဦး သင် ဖြစ် ရ လိမ့် မည်။
  • 5 လူ မျိုး အ များ တို့၏ အ ဘ ဦး အ ဖြစ် သင့် ကို ငါ ခန့် ထား ပြီး ဖြစ် သော ကြောင့် သင့် အ မည် ကို အာ ဗြံ ဟု ထပ် မံ မ ခေါ် ရ။ အာ ဗြ ဟံ ဟု ခေါ် ရ ကြ မည်။
  • 6 ငါ သည် သင့် ကို အ လွန် ပွား များ စေ ၍ သင့် အား ဖြင့် လူ မျိုး များ ကို ဖြစ် စေ မည်။ သင် မှ မင်း များ တို့ ဆင်း သက် ကြ လိမ့် မည်။
  • 7 ငါ သည် သင် ၏ ဘု ရား၊ သင် မှ ဆင်း သက် သော အ မျိုး အ နွယ်၏ ဘု ရား ဖြစ် မည် ဟု သင် မှ စ၍ အ မျိုး အ နွယ် အ စဥ် အ ဆက် တို့ နှင့် ငါ ဖွဲ့ ထား သော ပ ဋိ ညာဉ် ကို ထာ ဝ ရ ပ ဋိ ညာဉ် ဖြစ် စေ မည်။
  • 8 ယ ခု လူ စိမ်း အ ဖြစ် နေ သော ခါ နာန် ပြည် တစ် ၀ှမ်း လုံး ကို သင့် အား လည်း ကောင်း၊ သင် မှ ဆင်း သက် သော အ မျိုး အ နွယ် အား လည်း ကောင်း၊ အ စဥ် အ မြဲ အ ပိုင် ပေး လျက် သူ တို့၏ ဘု ရား လည်း ငါ ဖြစ် မည် ဟု အာ ဗြ ဟံ အား မိန့် မြွက် တော် မူ ၏။
  • 9 တစ် ဖန် ဘု ရား သ ခင် က သင် နှင့် တ ကွ သင် မှ ဆင်း သက် သော အ မျိုး အ နွယ် အ စဥ် အ ဆက် တို့ သည် ငါ့ ပဋိ ညာဉ် ကို စောင့် ရှောက် ကြ ရ မည်။
  • 10 သင် နှင့် လည်း ကောင်း၊ သင် မှ ဆင်း သက် သော အ မျိုး အ နွယ် တို့ နှင့် လည်း ကောင်း၊ ငါ ဖွဲ့ ထား သော သင် တို့ စောင့် ရှောက် ရ မည့် ပ ဋိ ညာဥ် ဟူ မူ ကား သင် တို့ တွင် ယောက်ျား တိုင်း လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ခံ ရ မည်။
  • 11 အ ရေ ဖျား လှီး ဖြတ် ခြင်း ခံ ရ သော မင်္ဂ လာ သည် သင် တို့ နှင့် ငါ ပြု သော ပ ဋိ ညာဉ်၏ အ မှတ် သ ညာ ဖြစ် ရ လိမ့် မည်။
  • 12 အိမ် ပေါက် သား သော် လည်း ကောင်း၊ ကိုယ့် အ မျိုး မ ဟုတ်၊ တစ် ပါး အ မျိုး ထံ မှ ရ သော ငွေ ၀ယ် သား သော် လည်း ကောင်း၊ သင် တို့ အ မျိုး အ စဥ် အ ဆက် တို့ ၌ သား ယော ကျ်ား တိုင်း ရှစ် ရက် အ ရွယ် ရောက် လျှင် လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ခံ ရ မည်။
  • 13 ထို မင်္ဂ လာ ကို အိမ် ပေါက် သား၊ ငွေ၀ယ် သား တို့ ခံ ကြ ရ မည်။ သင် တို့ အ သား ၌ တည် သော ငါ့ ပ ဋိ ညာဉ် သည် ထာ၀ ရ ပ ဋိ ညာဉ် ဖြစ် လိမ့် မည်။
  • 14 အ ရေ ဖျား မ လှီး၊ ၎င်း မင်္ဂ လာ ကို မ ခံ သော ယောက်ျား ကား အ မျိုး မှ ပယ် ရှား ခံ ရ မည်။ ထို သူ သည် ငါ့ ပ ဋိ ညာဉ် ကို ဖျက် လေ ပြီ ဟု အာ ဗြ ဟံ အား မိန့် တော် မူ၏။
  • 15 တစ် ဖန် ဘု ရား သ ခင် က၊ သင့် မ ယား စာ ရဲ ကို စာ ရဲ အ မည် ဖြင့် မ ခေါ် ရ။ စာ ရာ အ မည် ဖြင့် တွင် ရ မည်။
  • 16 သူ့ ကို ငါ ကောင်း ကြီး ပေး ၍ သူ့ အား ဖြင့် လည်း သင့် ကို သား ယောက်ျား ပေး မည်။ ငါ မု ချ ကောင်း ကြီး ပေး ၍ သူ့ အား ဖြင့် လူ မျိုး များ ဖြစ် ပွား ကြ လိမ့် မည်။ သူ မှ လည်း ပြည် ထောင် မင်း များ ဆင်း သက် ကြ လိမ့် မည် ဟု အာ ဗြ ဟံ အား မိန့် တော် မူ ရာ၊
  • 17 အာ ဗြ ဟံ သည် ပျပ် ဝပ် ပြီး လျှင် ရယ် လျက် အသက် တစ် ရာ ရှိ သူ ကား သား ရ မည် လော။ အ သက် ကိုး ဆယ် ရှိ သူ စာ ရာ လည်း သား ဖွား မည် လော ဟု စိတ် တွင် အောက် မေ့ ၍၊
  • 18 ဣ ရှ မေ လ သည် မျက် မှောက် တော်၌ တည် နေ ခွင့် ရှိ ပါ စေ သော ဟု ဘု ရား သ ခင် အား လျှောက် သော အ ခါ
  • 19 ဘု ရား သ ခင် မိန့် တော် မူ ပြန် သည် မှာ သင့် မ ယား စာ ရာ ကား၊ သား ယော ကျ်ား ကို ဖွား လိမ့် မည်။ ထို သား၏ အ မည် ကို လည်း ဣ ဇာက် ဟု မှည့် ရ မည်။ သူ မှ ဆင်း သက် သော အ မျိုး အ နွယ် အ တွက် ထာ၀ ရ ပ ဋိ ညာဉ် ဖြစ် စေ ခြင်း ငှါ ပ ဋိ ညာဉ် ကို ထို သူ နှင့် ငါ ဖွဲ့ ထား မည်။
  • 20 ဣ ရှ မေ လ အ ကြောင်း မှာ လည်း သင့် စ ကား ကို ငါ ကြား ရ ပြီ။ သူ့ ကို ငါ ကောင်း ကြီး ပေး ၍ အ လွန် တိုး ပွား များ ပြား စေ မည်။ သူ သည် ဆယ့် နှစ် ဦး သော အ ကြီး အ ကဲ တို့၏ အ ဘ ဖြစ် လျက် သူ့ အား ဖြင့် လည်း လူ မျိုး ကြီး ဖြစ် စေ မည်။
  • 21 ငါ့ ပ ဋိ ညာ ဥ် ကို ကား ယ ခု အ ခါ သ မ ယ တွင် စာ ရာ ဖွား အံ့ သော သား ဣ ဇာက် နှင့် သာ ငါ ဖွဲ့ ထား မည် ဟု မိန့် တော် မူ ပြီး လျှင်၊
  • 22 အာ ဗြ ဟံ့ ထံ မှ ဘု ရား သ ခင် တက် ကြွ တော် မူ ၏။
  • 23 အာ ဗြ ဟံ လည်း သား ဣ ရှ မေ လ မှ စ ၍ အိမ် ပေါက် သား၊ ငွေ၀ယ် သား၊ အာ ဗြ ဟံ၏ အိမ် နေ ယောက်ျား အ ပေါင်း တို့ ကို ခေါ် ယူ ၍ ဘု ရား သ ခင် မိန့် တော် မူ သည့် အ တိုင်း ထို နေ့ ချင်း တွင် အ ရေ ဖျား လှီး မင်္ဂ လာ ကို ပေး လေ ၏။
  • 24 အာ ဗြ ဟံ ကိုယ် တိုင် အ ရေ ဖျား လှီး မင်္ဂ လာ ကို ခံ သော အ ခါ အ သက် ကိုး ဆယ့် ကိုး နှစ် ရှိ ၏။
  • 25 သား ဣ ရှ မေ လ လည်း ထို မင်္ဂ လာ ကို ခံ သော အ ခါ ဆယ့် သုံး နှစ် ရှိ၏။
  • 26 ထို နေ့ ချင်း တွင် အာ ဗြ ဟံ နှင့် သား ဣ ရှ မေ လ တို့ သည် လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ခံ ကြ ၏။
  • 27 အိမ် ပေါက် သား သော် လည်း ကောင်း၊ တစ် ပါး အ မျိုး ထံ မှ ရ သော ငွေ ၀ယ် သား သော် လည်း ကောင်း၊ သူ့ အိမ် နေ ယောက်ျား အ ပေါင်း တို့ သည် သူ နှင့် အ တူ ထို မင်္ဂ လာ ကို ခံ ကြ ကုန် ၏။
回到本卷目录 回到本版本目录 回到首页