1
ဒါ ဝိဒ် သည် ယဇ် ပု ရော ဟိတ် အ ဟိ မ လက် ရှိ ရာ နော ဗ မြို့ သို့ ရောက် ၍၊ အ ဟိ မ လက် သည် ဒါ ဝိဒ် နှင့် တွေ့ သော အ ခါ ကြောက် ၍၊ သင် သည် လူ တ ယောက် မျှ မ ပါ ဘဲ အ ဘယ် ကြောင့် တ ကိုယ် တည်း လာ သ နည်း ဟု မေး သော်၊
2
ဒါ ဝိဒ် က၊ ရှင် ဘု ရင် အ မှု တော် တ ခု ကို အပ် ၍၊ ငါ စေ ခိုင်း မှာ ထား သော အ မှု ကို အ ဘယ် သူ မျှ မ သိ စေ နှင့် ဟု မိန့် တော် မူ သော ကြောင့်၊ ငါ့ ကျွန် တို့ ကို ဤ မည် သော အ ရပ် ဤ မည် သော အ ရပ် ၌ ဆိုင်း လင့် စေ ခြင်း ငှါ အ ရင် စေ လွှတ် လေ ပြီ။
3
သို့ ဖြစ် ၍ ကိုယ် တော် လက် ၌ ရှိ သော မုန့် ငါး လုံး ကို သော် ၎င်း၊ တွေ့ သ မျှ ကို သော် ၎င်း၊ ကျွန်ုပ် လက် သို့ အပ် ပေး ပါ ဟု ယဇ် ပု ရော ဟိတ် အ ဟိ မ လက် အား တောင်း ၏။
4
ယဇ် ပု ရော ဟိတ် က၊ ငါ့ လက် ၌ လူ တိုင်း စား ရ သော မုန့် မ ရှိ။ လု လင် တို့ သည် မိန်း မ ကို သာ ရှောင် လျှင်၊ သန့် ရှင်း သော မုန့် ရှိ သည် ဟု ဒါ ဝိဒ် အား ဆို ၏။
5
ဒါ ဝိဒ် က လည်း၊ ကျွန်ုပ် ထွက် က တည်း က အ ဘယ် သူ မျှ မိန်း မ နှင့် မ ပေါင်း ဘော်၊ လု လင် တန် ဆာ တို့ သည် သန့် ရှင်း ပါ ၏။ ထို မုန့် လည်း လူ တိုင်း စား ရ သော မုန့် ကဲ့ သို့ ဖြစ် ပါ ၏။ အ ကြောင်း မူ ကား၊ ယ နေ့ သန့် ရှင်း သော မုန့် သစ် ကို တင် ထား လျက် ရှိ ပါ ၏ ဟု ယဇ် ပု ရော ဟိတ် အား ပြန် ပြော သော်၊
6
ယဇ် ပု ရော ဟိတ် သည် ရှေ့ တော် မုန့် မှ တ ပါး အ ခြား သော မုန့် မ ရှိ သော ကြောင့် သန့် ရှင်း သော မုန့် ကို ပေး ၏။ ထို ရှေ့ တော် မုန့် အ စား ၌ မုန့် သစ် ကို တင် ထား အံ့ သော ငှါ ထာ ဝ ရ ဘု ရား ရှေ့ တော် မှ နှုတ် ပယ် နှင့် ပြီ။
7
ထို နေ့ ၌ အ မှု တော် ထမ်း အ ဝင် သိုး တော် ထိန်း အုပ် ဧ ဒုံ အ မျိုး သား၊ ဒေါ ဂ အ မည် ရှိ သော သူ သည် ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ စောင့် နေ ရ ၏။
8
ဒါ ဝိဒ် က လည်း၊ ကိုယ် တော် ၌ ထား လှံ ရှိ သ လော။ အ မှု တော် ကို အ လျင် အ မြန် ဆောင် ရ သော ကြောင့်၊ ထား အ စ ရှိ သော လက် နက် တ စုံ တ ခု မျှ မ ပါ ဟု အ ဟိ မ လက် အား ပြော လေ သော်၊
9
ယဇ် ပု ရော ဟိတ် က၊ ဧ လာ ချိုင့် ၌ သင် လုပ် ကြံ ခဲ့ သော ဖိ လိတ္တိ လူ ဂေါ လျတ် ၏ ထား သည် အ ဝတ် နှင့် ထုပ် ရစ် လျက် သင် တိုင်း တော် နောက် မှာ ရှိ ၏။ ယူ ချင် လျှင် ယူ တော့။ အ ခြား သော ထား မ ရှိ ဟု ဆို လျှင်၊ ဒါ ဝိဒ် က ထို ထား နှင့် တူ သော ထား မ ရှိ။ ပေး ပါ တော့ ဟု ဆို ၏။
10
ထို နေ့ ၌ ဒါ ဝိဒ် သည် ရှော လု ကို ကြောက် သော ကြောင့် ထ ၍ ဂါ သ မင်း ကြီး အာ ခိတ် ထံ သို့ ပြေး သွား ၏။
11
အာ ခိတ် မင်း ၏ ကျွန် တို့ က၊ ဤ ဒါ ဝိဒ် သည် ဣ သ ရေ လ ရှင် ဘု ရင် ဖြစ် သည် မ ဟုတ် လော။ ရှော လု အ ထောင် ထောင်၊ ဒါ ဝိဒ် အ သောင်း သောင်း သတ် လေ စွ တ ကား ဟု ဤ သူ ရှေ့ မှာ အ လှည့် လှည့် က လျက် သီ ချင်း ဆို ကြ သည် မ ဟုတ် လော ဟု လျှောက် ကြ ၏။
12
ထို စ ကား ကို ဒါ ဝိဒ် သည် မှတ် မိ ၍၊ ဂါ သ မင်း ကြီး အာ ခိတ် ကို အ လွန် ကြောက် သော ကြောင့်၊
13
ရူး သွပ် ဟန် ဆောင် ၍ သူ တို့ ရှေ့ မှာ အ ရူး ကဲ့ သို့ ပြု လျက်၊ တံ ခါး ရွက် ပေါ် ၌ ရေး သား ၍ မိ မိ တံ တွေး ကို မုတ် ဆိတ် တွင် ယို စေ ၏။
14
အာ ခိတ် မင်း က လည်း ကြည့် ကြ လော့။ ဤ သူ သည် အ ရူး ဖြစ် ၏။ အ ဘယ် ကြောင့် ငါ့ ထံ သို့ သွင်း ကြ သ နည်း။
15
အ ရူး ကို ငါ အ သုံး လို သည် ဟု သင် တို့ ထင် လျက် ငါ့ ရှေ့ မှာ အ ရူး လုပ် ပြ စေ ခြင်း ငှါ ဤ သူ ကို သွင်း ကြ သ လော။ ဤ သူ သည် နန်း တော် ထဲ သို့ ဝင် ရ မည် လော ဟု ကျွန် တို့ အား ဆို ၏။