1
-
2
ယေ ရှု ခ ရစ် ၏ တ မန် တော် ငါ ပေ တ ရု သည်၊ နား ထောင် ခြင်း ကျေး ဇူး၊ ယေ ရှု ခ ရစ် ၏ အ သွေး တော် နှင့် ဖြန်း ခြင်း ကျေး ဇူး ကို ခံ ရ မည် အ ကြောင်း၊ ဝိ ညာဉ် တော် အား ဖြင့် သန့် ရှင်း ခြင်း သို့ ရောက် ၍၊ ခ မည်း တော် ဘု ရား သ ခင် ၏ အ နာ ဂ တံ သ ဉာဏ် တော် အ တိုင်း ရွေး ကောက် တော် မူ သော သူ တည်း ဟူ သော၊ ပုန္တု ပြည်၊ ဂ လာ တိ ပြည်၊ ကပ္ပ ဒေါ ကိ ပြည်၊ အာ ရှိ ပြည်၊ ဗိ သု နိ ပြည်၊ အ ရပ် ရပ် တို့ ၌ ကွဲ ပြား သော ဧည့် သည် အာ ဂန္တု တို့ ကို ကြား လိုက် ပါ ၏။ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့ ၌ များ ပြား ပါ စေ သော။
3
အ သက် ရှင် ခြင်း နှင့် စပ် ဆိုင် သော မြော် လင့် ခြင်း အ ကြောင်း ရှိ စေ ခြင်း ငှါ၊ ဖောက် ပြန် ခြင်း၊ ညစ် စွန်း ခြင်း၊ ညှိုး နွမ်း ခြင်း နှင့် ကင်း စင် သော အ မွေ တော် ကို ငါ တို့ သည် ခံ ရ စေ မည် အ ကြောင်း၊ ယေ ရှု ခ ရစ် ကို သေ ခြင်း မှ ထ မြောက် စေ တော် မူ သော အား ဖြင့်၊ ကြီး စွာ သော က ရု ဏာ တော် နှင့် အ ညီ ငါ တို့ ကို တ ဖန် ဖြစ် ဘွား စေ တော် မူ သော၊ ငါ တို့ သ ခင် ယေ ရှု ခ ရစ် ၏ ခ မည်း တော် ဘု ရား သ ခင် သည် မင်္ဂ လာ ရှိ တော် မူ စေ သ တည်း။
4
-
5
ထို အ မွေ တော် သည် ကား၊ နောက် ဆုံး သော ကာ လ ၌ ထင် ရှား စေ ခြင်း ငှါ ပြင် ဆင် သော ကယ် တင် ခြင်း သို့ ရောက် စေ မည် အ ကြောင်း၊ ယုံ ကြည် ခြင်း အား ဖြင့် ဘု ရား သ ခင် ၏ တန် ခိုး တော် သည် စောင့် ရှောက် တော် မူ သော သင် တို့ အ ဘို့ ကောင်း ကင် ဘုံ ၌ သို ထား လျက် ရှိ သော အ မွေ တည်း။
6
-
7
အ ရည် ကျို ၍ စုံ စမ်း ခြင်း ကို ခံ နိုင် သော် လည်း၊ ပျက် စီး တတ် သော ရွှေ ကို စစ် ကြော စုံ စမ်း ခြင်း ထက်၊ သင် တို့ ယုံ ကြည် ခြင်း ကို စစ် ကြော စုံ စမ်း ခြင်း အ ရာ သည် သာ ၍ မြတ် သည် နှင့် ယေ ရှု ခ ရစ် ပေါ် ထွန်း တော် မူ သော အ ခါ အ ချီး အ မွမ်း၊ ဂုဏ် အ သ ရေ၊ ဘုန်း အာ နု ဘော် အ လို ငှါ ဖြစ် မည် အ ကြောင်း၊ အ ထူး ထူး အ ပြား ပြား သော စုံ စမ်း နှောင့် ရှက် ခြင်း ကို ခံ ရ သော အ ကြောင်း ရှိ လျှင်၊ သင် တို့ သည် ယ ခု ခ ဏ ခံ ရ ၍ ဝမ်း နည်း သော် လည်း၊ အ ထက် ဆို ခဲ့ ပြီး သော ကျေး ဇူး တော် ကို ထောက် ၍ ရွှင် လန်း သော စိတ် ရှိ ကြ ၏။
8
ထို သ ခင် ကို သင် တို့ သည် မ မြင် ဘူး သော် လည်း ချစ် ကြ ၏။ ယ ခု မှာ လည်း မ မြင် ဘဲ လျက်၊ ယုံ ကြည် သော အား ဖြင့် ဘုန်း အ သ ရေ နှင့် စပ် ဆိုင် သော၊ ပြော ၍ မ မှီ နိုင် သော ရွှင် လန်း ခြင်း စိတ် နှင့် ဝမ်း မြောက် ကြ သည် ဖြစ် ၍၊
9
စိတ် ဝိ ညာဉ် ကို ကယ် တင် ခြင်း တည်း ဟူ သော ယုံ ကြည် ခြင်း ၏ အ ကျိုး ကို ခံ ရ ကြ ၏။
10
ထို ကယ် တင် ခြင်း အ ကြောင်း အ ရာ ကို ပ ရော ဖက် တို့ သည် စေ့ စေ့ စစ် ကြော မေး မြန်း ရှာ ဖွေ ၍၊ သင် တို့ ခံ ရ သော ကျေး ဇူး တော် အ ကြောင်း ကို ဟော ပြော ကြ ပြီ။
11
ခ ရစ် တော် ခံ တော် မူ ရ သော ဆင်း ရဲ ကို ၎င်း၊ ဆင်း ရဲ ခံ ပြီး မှ ဝင် စား တော် မူ ရ သော ဘုန်း စည်း စိမ် ကို ၎င်း၊ သူ တို့ အ ထဲ ၌ ရှိ သော ခ ရစ် တော် ၏ ဝိ ညာဉ် သည် သက် သေ ခံ နှင့် သော အ ခါ၊ အ ဘယ် မည် သော သူ ကို ၎င်း၊ အ ဘယ် သို့ သော အ ချိန် ကာ လ ကို ၎င်း ဆို လို တော် မူ သည် ဟု မေး မြန်း ရှာ ဖွေ ကြ ၏။
12
ကိုယ် ဟော ပြော ပြု စု သော အ ရာ များ တို့ သည်၊ ကိုယ် အ ဘို့ မ ဟုတ်၊ သင် တို့ အ ဘို့ ဖြစ် သည် ဟု ထို သူ တို့ အား ဖွင့် ပြ တော် မူ ၏။ ကောင်း ကင် ဘုံ မှ စေ လွှတ် တော် မူ သော သန့် ရှင်း သော ဝိ ညာဉ် တော် ပါ လျက်၊ သင် တို့ အား ဧ ဝံ ဂေ လိ တ ရား ကို ဟော ပြော သော သူ တို့ သည်၊ ထို အ ရာ များ ကို သင် တို့ အား ယ ခု ကြား ပြော ကြ ပြီ။ ထို အ ရာ တို့ ကို ကောင်း ကင် တ မန် တို့ သည် စေ့ စေ့ ကြည့် ရှု စဉ်း စား ချင် သော စေ တ နာ စိတ် ရှိ ကြ ၏။
13
သို့ ဖြစ် ၍၊ သင် တို့ စိတ် နှ လုံး ကို ခါး ပန်း စည်း ၍ သမ္မာ သ တိ ရှိ ကြ လော့။ ယေ ရှု ခ ရစ် ပေါ် ထွန်း တော် မူ သော အ ခါ၊ သင် တို့ ဆီ သို့ ရောက် လ တံ့ သော ဆု ကျေး ဇူး ကို အ ဆုံး တိုင် အောင် မြော် လင့် ကြ လော့။
14
အ ထက် က သင် တို့ သည် မှောင် မိုက် ထဲ မှာ ကျင့် သော တပ် မက် ခြင်း တ ရား ကို ယ ခု မ လိုက် မ ကျင့် ဘဲ၊ နား ထောင် တတ် သော သူ ငယ် ကဲ့ သို့ ဖြစ် ၍၊
15
သင် တို့ ကို ခေါ် တော် မူ သော သူ သည် သန့် ရှင်း တော် မူ သည် နည်း တူ၊ ကျင့် ကြံ ပြု မူ သ မျှ တို့ ၌ သန့် ရှင်း ခြင်း ရှိ ကြ လော့။
16
အ ကြောင်း မူ ကား၊ ငါ သည် သန့် ရှင်း တော် မူ သော ကြောင့်၊ သင် တို့ သည် လည်း သန့် ရှင်း ခြင်း ရှိ ကြ လော့ ဟု ကျမ်း စာ လာ သ တည်း။
17
လူ မျက် နှာ ကို မ ငဲ့၊ ခပ် သိမ်း သော သူ တို့ ၏ အ ကျင့် အ တိုင်း စီ ရင် တော် မူ သော ခ မည်း တော် ကို သင် တို့ သည် ဆု တောင်း ကိုး ကွယ် လျှင်၊ ဧည့် သည် ဖြစ် စဉ် ကာ လ ပတ် လုံး ကြောက် ရွံ့ သော စိတ် နှင့် ကျင့် နေ ကြ လော့။
18
မိ စဉ် ဘ ဆက် ကျင် လည် သော အ ချည်း နှီး ကျင့် ကြံ ပြု မူ ခြင်း မှ၊ ရွှေ ငွေ အ စ ရှိ သော ဖောက် ပြန် ပျက် စီး တတ် သော ဥစ္စာ နှင့် သင် တို့ ကို ရွေး တော် မူ သည် မ ဟုတ်။
19
အ ဘယ် အ ပြစ် မျှ မ ရှိ၊ အ ညစ် အ ကြေး နှင့် ကင်း စင် သော သိုး သ ငယ် ကဲ့ သို့ သော ခ ရစ် တော် ၏ အ သွေး တော် မြတ် နှင့် ရွေး တော် မူ သည် ကို သိ မှတ် ကြ လော့။
20
ထို ခ ရစ် တော် ကား၊ ဤ ကမ္ဘာ မ တည် မ ရှိ မှီ ခန့် ထား တော် မူ ခြင်း ကို ခံ နှင့် သည် ဖြစ် ၍၊ ကိုယ် တော် အား ဖြင့် ဘု ရား သ ခင် ကို ယုံ ကြည် သော သူ တို့ အ ဘို့၊ ဤ နောက် ဆုံး သော ကာ လ ၌ ထင် ရှား တော် မူ ပြီ။
21
သင် တို့ သည် ဘု ရား သ ခင် ကို ထောက် လျက် ယုံ ကြည် ခြင်း၊ မြော် လင့် ခြင်း ရှိ စေ ခြင်း ငှါ၊ ထို သ ခင် ကို ဘု ရား သ ခင် သည် သေ ခြင်း မှ ထ မြောက် စေ ၍ ဘုန်း အ သ ရေ ကို ပေး သ နား တော် မူ ပြီ။
22
သင် တို့ သည် ဖောက် ပြန် ပျက် စီး တတ် သော မျိုး စေ့ အား ဖြင့် ဖြစ် ဘွား သည် မ ဟုတ်၊
23
မ ဖောက် ပြန် မ ပျက် စီး တတ် သော မျိုး စေ့ တည်း ဟူ သော အ သက် ရှင် ၍ အ စဉ် အ မြဲ တည် တော် မူ သော ဘု ရား သ ခင် ၏ နှုတ် က ပတ် တော် အား ဖြင့် ဖြစ် ဘွား သော ကြောင့်၊ ညီ အစ် ကို များ ကို ချစ် ယောင် မ ဆောင်၊ အ မှန် ချစ် ခြင်း အ လို ငှါ၊ စိတ် ထဲ မှာ သမ္မာ တ ရား ကို နား ထောင် လျက်၊ ကိုယ် စိတ် နှ လုံး ကို စင် ကြယ် စေ ပြီး သည် နှင့် အ ညီ၊ စင် ကြယ် သော စိတ် နှင့် အ ချင်း ချင်း အား ကြီး သော ချစ် ခြင်း မေတ္တာ ရှိ ကြ လော့။
24
လူ မျိုး ရှိ သ မျှ သည် မြက် ပင် ကဲ့ သို့ ဖြစ် ၏။ လူ မျိုး ၏ ဘုန်း ရှိ သ မျှ သည် လည်း မြက် ပွင့် ကဲ့ သို့ ဖြစ် ၏။ မြက် ပင် သည် ညှိုး နွမ်း သွေ့ ခြောက် တတ် ၏။ အ ပွင့် လည်း ကြွေ တတ် ၏။
25
ထာ ဝ ရ ဘု ရား ၏ နှုတ် က ပတ် တ ရား မူ ကား၊ ကာ လ အ စဉ် အ မြဲ တည် ၏။ ထို နှုတ် က ပတ် တော် သည်၊ သင် တို့ အား ဟော ပြော သော ဧ ဝံ ဂေ လိ တ ရား ဖြစ် သ တည်း။