တ​ရား​ဟော-27

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 တ ဖန် မော ရှေ သည်၊ ဣ သ ရေ လ အ မျိုး ၌ အ သက် ကြီး သူ တို့ နှင့် တ ကွ လူ များ တို့ ကို မှာ ထား သည် ကား၊ ယ နေ့ ငါ ထား သ မျှ သော ပ ညတ် တို့ ကို စောင့် ရှောက် ကြ လော့။
  • 2 သင် သည် ယော် ဒန် မြစ် ကို ကူး ၍၊ သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး တော် မူ သော ပြည် သို့ ရောက် သော အ ခါ ကြီး သော ကျောက် တို့ ကို ထူ ထောင် ၍ အင်္ဂ တေ နှင့် မွမ်း မံ ရ မည်။
  • 3 ဘိုး ဘေး တို့ ကိုး ကွယ် သော ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ ဂ တိ တော် ရှိ သည် အ တိုင်း သင့် အား ပေး တော် မူ သော ပြည်၊ နို့ နှင့် ပျား ရည် စီး သော ပြည် သို့ ဝင် စား အံ့ သော ငှါ ကူး သွား ပြီး မှ၊ ဤ တ ရား စ ကား တော် အ လုံး စုံ တို့ ကို ထို ကျောက် ပေါ် မှာ ရေး ထား ရ မည်။
  • 4 ယော် ဒန် မြစ် ကို ကူး ပြီး မှ၊ ယ နေ့ ငါ မှာ ထား သော ကျောက် တို့ ကို ဧ ဗ လ တောင် ပေါ် မှာ ထူ ထောင် ၍ အင်္ဂ တေ နှင့် မွမ်း မံ ရ မည်။
  • 5 ထို အ ရပ် ၌ လည်း သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ဘို့၊
  • 6 ယဇ် ပလ္လင် ကို ကျောက် နှင့် တည် ရ မည်။ သံ တန် ဆာ ကို မ သုံး ဆောင် ဘဲ၊ မ ကွဲ မ ပြတ် သော ကျောက် တို့ နှင့် တည် ရ မည်။ သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား မီး ရှို့ ရာ ယဇ် တို့ ကို ထို ပလ္လင် ပေါ် မှာ ပူ ဇော် ရ မည်။
  • 7 မိဿ ဟာ ယ ယဇ် တို့ ကို လည်း ပူ ဇော် ၍၊ ထို အ ရပ် တွင် စား သောက် လျက် ရှေ့ တော် ၌ ပျော် မွေ့ ခြင်း ကို ပြု ရ မည်။
  • 8 ထို ကျောက် ပေါ် မှာ ဤ တ ရား စ ကား တော် အ လုံး စုံ တို့ ကို သေ ချာ စွာ ရေး ထား ရ မည် ဟု ပြော ဆို ကြ ၏။
  • 9 တ ဖန် မော ရှေ နှင့် ယဇ် ပု ရော ဟိတ် များ၊ လေ ဝိ သား များ တို့ က၊ အို ဣ သ ရေ လ အ မျိုး၊ သ တိ နှင့် နား ထောင် လော့။ ယ နေ့ သင် သည် သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ လူ မျိုး ဖြစ် လေ ပြီ။
  • 10 သို့ ဖြစ် ၍၊ သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ စ ကား တော် ကို နား ထောင် ရ မည်။ ယ နေ့ ငါ တို့ ဆင့် ဆို သော စီ ရင် ထုံး ဖွဲ့ တော် မူ ချက် တို့ ကို ကျင့် ရ မည် ဟု ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ အား ပြော ဆို ကြ ၏။
  • 11 တ ဖန် မော ရှေ သည် ထို နေ့ ၌ လူ များ တို့ ကို မှာ ထား သည် မှာ၊
  • 12 သင် တို့ သည် ယော် ဒန် မြစ် ကို ကူး သော နောက်၊ လူ များ တို့ အား ကောင်း ကြီး ပေး ခြင်း အ လို ငှါ ဂေ ရ ဇိမ် တောင် ပေါ် မှာ ရပ် ရ သော သူ ဟူ မူ ကား၊ ရှိ မောင်၊ လေ ဝိ၊ ယု ဒ၊ ဣ သ ခါ၊ ယော သပ်၊ ဗင်္ယာ မိန် တည်း။
  • 13 ကျိန် ခြင်း အ လို ငှါ၊ ဧ ဗ လ တောင် ပေါ် မှာ ရပ် ရ သော သူ ဟူ မူ ကား၊ ရု ဗင်၊ ဂဒ်၊ အာ ရှာ၊ ဇာ ဗု လုန်၊ ဒန်၊ နဿ လိ တည်း။
  • 14 ထို အ ခါ လေ ဝိ သား တို့ သည် ကြီး သော အ သံ နှင့် ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ အား ဟစ် ကြော် ရ သော စ ကား ဟူ မူ ကား၊
  • 15 ထာ ဝ ရ ဘု ရား စက် ဆုပ် ရွံ ရှာ သော အ ရာ၊ လက် သ မား လက် နှင့် ထု လုပ် သော ရုပ် တု၊ သွန်း သော ဆင်း တု ကို လုပ် ၍ မ ထင် ရှား သော အ ရပ် ၌ ထား သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
  • 16 မိ ဘ ကို မ ထီ မဲ့ မြင် ပြု သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
  • 17 အိမ် နီး ချင်း ၏ မြေ မှတ် တိုင် ကို ရွေ့ သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
  • 18 မျက် စိ မ မြင် သော သူ ကို လမ်း လွဲ စေ သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
  • 19 တ ရား တွေ့ ခြင်း အ မှု မှာ တ ပါး အ မျိုး သား၊ မိ ဘ မ ရှိ သော သူ၊ မုတ် ဆိုး မ ကို မ တ ရား သ ဖြင့် အ ရှုံး ပေး သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
  • 20 အ ဘ နှင့် သာ ဆိုင် သော အ ဘ ၏ မ ယား နှင့် ပေါင်း ဘော် သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
  • 21 တိ ရစ္ဆာန် တ စုံ တ မျိုး နှင့် ပေါင်း ဘော် သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
  • 22 အ ဘ ၏ သ မီး၊ အ မိ ၏ သ မီး တည်း ဟူ သော မိ မိ အစ် မ နှ မ နှင့် ပေါင်း ဘော် သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
  • 23 မ ယား ၏ အ မိ နှင့် ပေါင်း ဘော် သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
  • 24 အိမ် နီး ချင်း ကို မ ထင် မ ရှား ရိုက် သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
  • 25 အ ပြစ် မ ရှိ သော သူ ၏ အ သက် ကို သတ် ခြင်း ငှါ အ ခ ကို ယူ သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
  • 26 ဤ ပ ညတ် တ ရား စ ကား တို့ ကို အ မြဲ မ ကျင့် သော သူ သည် အ မင်္ဂ လာ ရှိ စေ သ တည်း ဟု ကျိန် လျှင်၊ လူ အ ပေါင်း တို့ က အာ မင် ဟု ဝန် ခံ ရ ကြ မည်။
回到本卷目录 回到本版本目录 回到首页