1
လူ နှင့် မ စပ် ဆိုင်၊ လူ ၏ အ ခွင့် မ ရှိ ဘဲ လျက်၊ ယေ ရှု ခ ရစ် ၏ အ ခွင့် နှင့် ၎င်း၊ ထို သ ခင် ကို သေ ခြင်း မှ ထ မြောက် စေ တော် မူ သော ခ မည်း တော် ဘု ရား သ ခင် ၏ အ ခွင့် နှင့် ၎င်း၊ တ မန် တော် ဖြစ် သော ငါ ပေါ လု မှ စ ၍၊
2
ငါ့ ထံ မှာ ရှိ သော ညီ အစ် ကို အ ပေါင်း တို့ သည် ဂ လာ တိ ပြည် ၌ ရှိ သော အ သင်း တော် များ ကို ကြား လိုက် ပါ ၏။
3
သ ခင် ယေ ရှု ခ ရစ် နှင့် ခ မည်း တော် ဘု ရား ထံ တော် က ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့ ၌ ရှိ ပါ စေ သော။
4
ထို သ ခင် သည် ငါ တို့ အ ဘ တည်း ဟူ သော ဘု ရား သ ခင် ၏ အ လို တော် နှင့် အ ညီ ဆိုး ညစ် သော ဤ ပစ္စုပ္ပန် ဘ ဝ မှ ငါ တို့ ကို ကယ် နှုတ် ခြင်း ငှါ၊ ငါ တို့ အ ပြစ် ကြောင့် ကိုယ် ကို ကိုယ် အပ် ပေး တော် မူ ၏။
5
ထို ဘု ရား သ ခင် သည် ကမ္ဘာ အ ဆက် ဆက် ဘုန်း ကြီး တော် မူ စေ သ တည်း။ အာ မင်။
6
ခ ရစ် တော် ၏ ကျေး ဇူး အား ဖြင့် သင် တို့ ကို ခေါ် တော် မူ သော သူ နှင့် ဤ မျှ လောက် မြန် မြန် ခွါ ၍ သင် တို့ သည် အ ခြား သော ဧ ဝံ ဂေ လိ တ ရား ကို ခံ ယူ ကြ သော ကြောင့် ငါ သည် အံ့ ဩ ခြင်း ရှိ ၏။
7
ထို ဧ ဝံ ဂေ လိ တ ရား သည် ဧ ဝံ ဂေ လိ တ ရား မ ဟုတ်။ သင် တို့ ကို နှောင့် ရှက် ၍ ခ ရစ် တော် ၏ ဧ ဝံ ဂေ လိ တ ရား ကို မှောက် လှန် ချင် သော သူ အ ချို့ ရှိ ကြ ၏။
8
သို့ သော် လည်း၊ သင် တို့ အား ငါ တို့ ဟော ပြော သော ဧ ဝံ ဂေ လိ တ ရား မှ တ ပါး အ ခြား သော ဧ ဝံ ဂေ လိ တ ရား ကို ငါ တို့ သည် ဟော ပြော သော် ၎င်း၊ ကောင်း ကင် ဘုံ မှ လာ သော ကောင်း ကင် တ မန် ဟော ပြော သော် ၎င်း၊ ဟော ပြော သော သူ သည် ကျိန် တော် မူ ခြင်း ကို ခံ စေ။
9
တ ဖန် တုံ၊ သင် တို့ ခံ ယူ ပြီး သော ဧ ဝံ ဂေ လိ တ ရား မှ တ ပါး အ ခြား သော ဧ ဝံ ဂေ လိ တ ရား ကို တ စုံ တ ယောက် သော သူ ဟော ပြော လျှင်၊ ထို သူ သည် ကျိန် တော် မူ ခြင်း ကို ခံ စေ ဟု ငါ တို့ ဆို ခဲ့ ပြီး သည် အ တိုင်း ယ ခု ငါ ထပ် ၍ ဆို သေး ၏။
10
အ ကြောင်း မူ ကား၊ ယ ခု တွင် ငါ သည် လူ ၏ အ လို သို့ လိုက် သ လော။ ဘု ရား သ ခင် ၏ အ လို တော် သို့ လိုက် သ လော။ လူ တို့ စိတ် ကို နူး ညွတ် စေ ခြင်း ငှါ ရှာ ကြံ သ လော။ လူ တို့ စိတ် ကို နူး ညွတ် စေ ခြင်း ငှါ ရှာ ကြံ သေး လျှင်၊ ခ ရစ် တော် ၏ အ စေ ခံ ကျွန် မ ဟုတ် ပြီ။
11
ညီ အစ် ကို တို့၊ ငါ ဟော ပြော သော ဧ ဝံ ဂေ လိ တ ရား သည် လူ တို့ ၏ တ ရား မ ဟုတ်။
12
လူ ထံ မှာ ငါ ခံ ရ သည် မ ဟုတ်။ ယေ ရှု ခ ရစ် ၏ ဗျာ ဒိတ် တော် မှ တ ပါး အ ခြား သော ဥ ပ ဒေ သ ကို ငါ မ ခံ သည် အ ကြောင်း ကို သင် တို့ အား ငါ ကြား လိုက် ရ ၏။
13
အ ဘယ် သို့ နည်း ဟူ မူ ကား၊ အ ထက် က ယု ဒ ဘာ သာ ၌ နေ ၍ ငါ ကျင့် သော အ ကျင့် တည်း ဟူ သော ဘု ရား သ ခင် ၏ အ သင်း တော် ကို အ တိုင်း ထက် အ လွန် ညှဉ်း ဆဲ ဖျက် ဆီး ကြောင်း ကို ၎င်း၊
14
ဘိုး ဘေး တို့ ၏ လက် မှ ငါ ခံ ရ သော နည်း ဥ ပ ဒေ သ ဘက် ၌ အ ထူး သ ဖြင့် စိတ် အား သန် လျက်၊ ငါ ၏ လူ မျိုး ထဲ တွင် ငါ့ ရွယ် တူ ချင်း အ များ တို့ ထက် ယု ဒ ဘာ သာ ကို ကျင် လည် လေ့ ကျက် ကြောင်း ကို ၎င်း သင် တို့ ကြား သိ ရ ကြ ပြီ။
15
သို့ သော် လည်း၊ ငါ့ ကို အ မိ ဝမ်း ထဲ က ပင် ရွေး ချယ် ခွဲ ထား ၍ ကျေး ဇူး တော် အား ဖြင့် ခေါ် တော် မူ သော ဘု ရား သ ခင် သည်၊
16
သား တော် ၏ ဧ ဝံ ဂေ လိ တ ရား ကို တ ပါး အ မျိုး သား တို့ ၌ ဟော ပြော စေ မည် အ ကြောင်း၊ မိ မိ အ လို တော် နှင့် အ ညီ သား တော် ကို ငါ့ အား ပြ တော် မူ သော အ ခါ၊ ငါ သည် အ သွေး အ သား နှင့် တိုင် ပင် ခြင်း ကို မ ပြု၊
17
ငါ့ အ ရင် တ မန် တော် ဖြစ် သော သူ တို့ ရှိ ရာ ယေ ရု ရှ လင် မြို့ သို့ လည်း မ သွား၊ အာ ရပ် ပြည် သို့ ချက် ခြင်း သွား ၍ တ ဖန် ဒ မာ သက် မြို့ သို့ ပြန် လေ ၏။
18
ထို နောက် သုံး နှစ် လွန် ပြီး မှ ပေ တ ရု ကို အ ကျွမ်း ဝင် လို သော ငှါ၊ ယေ ရု ရှ လင် မြို့ သို့ သွား ၍ သူ နှင့် အ တူ တ ဆယ် ငါး ရက် နေ ၏။
19
သူ နှင့် သ ခင် ဘု ရား ၏ ညီ တော် ယာ ကုပ် မှ တ ပါး အ ခြား သော တ မန် တော် တ ယောက် ကို မျှ ငါ မ တွေ့ မ မြင်။
20
ဤ သို့ သင် တို့ အား ငါ ရေး ၍ ကြား လိုက် သည် တွင် မု သာ စ ကား ကို ငါ မ ပြော မ သုံး ဟု ဘု ရား သ ခင့် ရှေ့ တော် ၌ ငါ ဆို ၏။
21
ထို နောက် ရှု ရိ ပြည်၊ ကိ လိ ကိ ပြည် သို့ ငါ သွား ၍၊
22
ယု ဒ ပြည် ၌ ခ ရစ် တော် ၏ ဘာ သာ ကို ခံ ယူ သော သင်း ဝင် သူ တို့ သည် ငါ့ မျက် နှာ ကို မျှ မ သိ မ မှတ် ဘဲ နေ ၍၊
23
ငါ တို့ ကို ညှဉ်း ဆဲ ဘူး သော သူ သည် အ ထက် က မိ မိ ဖျက် ဆီး သော ယုံ ကြည် ခြင်း တ ရား ကို ယ ခု မိ မိ ဟော ပြော သည် ဟု သူ တို့ ကြား ရုံ ရှိ ကာ မျှ နှင့်၊
24
ငါ့ အ ကြောင်း ကြောင့် ဘု ရား သ ခင် ကို ချီး မွမ်း ကြ ၏။