၂ ကော-6

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 သင် တို့ သည် ဘု ရား သ ခင် ၏ ကျေး ဇူး တော် ကို အ ကျိုး မဲ့ မ ခံ ကြ နှင့် ဟု ငါ တို့ သည် အ မှု တော် ကို ဆောင် ရွက် သော သူ ချင်း ဖြစ် ၍ သင် တို့ ကို နှိုး ဆော် သွေး ဆောင် ကြ ၏။
  • 2 ဗျာ ဒိတ် တော် အ ချက် ဟူ မူ ကား၊ နှစ် သက် ဘွယ် သော အ ချိန် ၌ သင် ၏ စ ကား ကို ငါ နား ထောင် ပြီ။ ကယ် တင် ရာ နေ့ ရက် ကာ လ ၌ သင့် ကို ငါ မ စ ပြီ ဟု လာ သည် နှင့် အ ညီ၊ ယ ခု ပင် နှစ် သက် ဘွယ် သော အ ချိန် ရှိ ၏။ ယ ခု ပင် ကယ် တင် ရာ နေ့ ရက် ကာ လ ရှိ ၏။
  • 3 တ ရား ဟော ခြင်း အ ခွင့် အ ရာ ကို အ ပြစ် တင် ခြင်း နှင့် ကင်း လွတ် စိမ့် သော ငှါ၊ ထိ မိ ၍ လဲ စ ရာ အ ကြောင်း တ စုံ တ ခု ကို မျှ မ ပြု။
  • 4 ညှဉ်း ဆဲ ခံ ခြင်း၊ ဆင်း ရဲ ခြင်း၊ မ လွတ် နိုင် သော ဘေး ဥ ပဒ် နှင့် တွေ့ ခြင်း၊
  • 5 အ ရိုက် အ ပုတ် ခံ ခြင်း၊ ထောင် ထဲ ၌ နေ ခြင်း၊ သူ တ ပါး ရုန်း ရင်း ခတ် ပြု ခြင်း၊ အ မှု ကို လုပ် ဆောင် ခြင်း၊ မ အိပ် ဘဲ စောင့် နေ ခြင်း၊ မွတ် သိပ် ခြင်း ကို အ လွန် သည်း ခံ လျက်၊
  • 6 စိတ် နှ လုံး စင် ကြယ် ခြင်း၊ ပ ညာ ရှိ ခြင်း၊ စိတ် ရှည် ခြင်း၊ ကျေး ဇူး ပြု ခြင်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် ကို ခံ ခြင်း၊ ချစ် ယောင် မ ဆောင် အ မှန် ချစ် ခြင်း၊
  • 7 သမ္မာ တ ရား ကို ဟော ခြင်း၊ ဘု ရား သ ခင် ၏ တန် ခိုး တော် ကို ပြ ခြင်း၊ ဖြောင့် မတ် သော အ ကျင့် တည်း ဟူ သော လက် နက် များ ကို လက်ျာ ဘက် လက် ဝဲ ဘက် ၌ ဝတ် ဆောင် ခြင်း အား ဖြင့် ၎င်း၊
  • 8 အ သ ရေ ထင် ရှား ခြင်း နှင့် ရှုတ် ချ ခြင်း၊ ချီး မွမ်း ခြင်း နှင့် ကဲ့ ရဲ့ ခြင်း ကို ခံ သ ဖြင့် ၎င်း၊ လှည့် စား သော သူ ကဲ့ သို့ ဖြစ် သော် လည်း၊ ဟုတ် မှန် သော သူ၊
  • 9 အ ဘယ် သူ မျှ မ သိ သော သူ ကဲ့ သို့ ဖြစ် သော် လည်း ကျော် စော သော သူ၊ အ သေ ခံ သော သူ ကဲ့ သို့ ဖြစ် သော် လည်း၊ အ သက် ရှင် သော သူ၊ ဆုံး မ ခြင်း ကို ခံ သော သူ ကဲ့ သို့ ဖြစ် သော် လည်း၊ အ သေ သတ် ခြင်း နှင့် ကင်း လွတ် သော သူ၊
  • 10 ဝမ်း နည်း သော သူ ကဲ့ သို့ ဖြစ် သော် လည်း၊ အ စဉ် ဝမ်း မြောက် သော သူ၊ ဆင်း ရဲ သော သူ ကဲ့ သို့ ဖြစ် သော် လည်း၊ လူ များ ကို ရ တတ် စေ သော သူ၊ ဥစ္စာ တ စုံ တ ခု ကို မျှ မ ပိုင် သော သူ ကဲ့ သို့ ဖြစ် သော် လည်း၊ အ လုံး စုံ တို့ ကို ပိုင် သော သူ ဖြစ် သ ဖြင့် ၎င်း၊ ဘု ရား သ ခင် ခန့် ထား တော် မူ သော ဓမ္မ ဆ ရာ မှန် ကြောင်း ကို အ ရာ ရာ ၌ ထင် ရှား စွာ ပြ ကြ ၏။
  • 11 အ ချင်း ကော ရိန္သု လူ တို့၊ ငါ တို့ နှုတ် သည် သင် တို့ အား ဖွင့် လျက် ရှိ ၏။ စိတ် နှ လုံး သည် လည်း ကျယ် ဝန်း ၏။
  • 12 ငါ တို့ ၌ သင် တို့ သည် ကျဉ်း မြောင်း သည် မ ဟုတ်။ ကိုယ် မေတ္တာ က ရု ဏာ ၌ သာ ကျဉ်း မြောင်း ကြ ၏။
  • 13 ငါ တို့ ကျေး ဇူး ကို ဆပ် ခြင်း အ လို ငှါ ကျယ် ဝန်း သော စိတ် ရှိ ကြ လော့။ ထို သို့ ဆို သော် ကိုယ် သား တို့ ကို ဆို သ ကဲ့ သို့ ငါ ဆို ၏။
  • 14 မ ယုံ ကြည် သော သူ တို့ နှင့် တွဲ ဘက် ၍ ဆန့် ကျင် ဘက် ဖြစ် သော ထမ်း ဘိုး ကို မ ထမ်း ကြ နှင့်။ တ ရား သော အ မှု သည် မ တ ရား သော အ မှု ကို အ ဘယ် သို့ လက် ခံ နိုင် မည် နည်း။ အ လင်း သည် မှောင် မိုက် နှင့် အ ဘယ် သို့ ဆက် ဆံ နိုင် မည် နည်း။
  • 15 ခ ရစ် တော် သည် ဗေ လျာ လ နှင့် အ ဘယ် သို့ သင့် တင့် နိုင် မည် နည်း။ ယုံ ကြည် သော သူ သည် မ ယုံ ကြည် သော သူ နှင့် အ တူ အ ဘယ် အ ကျိုး အ ပြစ် ကို ခံ ရ မည် နည်း။
  • 16 ဘု ရား သ ခင် ၏ ဗိ မာန် တော် သည် ရုပ် တု တို့ နှင့် အ ဘယ် သို့ စပ် ဆိုင် ရ မည် နည်း။ ဘု ရား သ ခင် မိန့် တော် မူ သည် ကား၊ သူ တို့ တွင် ငါ ကျိန်း ဝပ် မည်။ သူ တို့ တွင် လှည့် လည် ၍ သူ တို့ ၏ ဘု ရား သ ခင် ဖြစ် မည်။ သူ တို့ သည် လည်း ငါ ၏ လူ ဖြစ် ကြ လိမ့် မည် ဟု မိန့် တော် မူ သည် နှင့် အ ညီ၊ သင် တို့ သည် အ သက် ရှင် တော် မူ သော ဘု ရား သ ခင် ၏ ဗိ မာန် တော် ဖြစ် ကြ ၏။
  • 17 ထို ကြောင့်၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် ကား၊ သင် တို့ သည် ထို သူ တို့ အ ထဲ မှ ထွက် ၍ အ သီး အ ခြား နေ ကြ လော့။ မ စင် ကြယ် သော အ ရာ ကို လက် နှင့် မျှ မ တို့ ကြ နှင့်။ ထို သို့ ပြု လျှင် သင် တို့ ကို ငါ သည် လက် ခံ မည်။
  • 18 သင် တို့ ၏ အ ဘ ဖြစ် မည်။ သင် တို့ သည် လည်း ငါ ၏ သား သ မီး ဖြစ် ကြ လိမ့် မည် ဟု အ နန္တ တန် ခိုး နှင့် ပြည့် စုံ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页