1
တ ဖန် ထာ ဝ ရ ဘု ရား သည် မော ရှေ နှင့် အာ ရုန် အား မိန့် တော် မူ သည် ကား၊
2
ဣ သ ရေ လ အ မျိုး သား အ သီး အ သီး တို့ သည်၊ မိ မိ တပ် နှင့် ဆိုင် သော အ လံ၊ မိ မိ အ ဆွေ အ မျိုး နှင့် ဆိုင် သော အ လံ အ နား မှာ၊ ပ ရိ သတ် စည်း ဝေး ရာ တဲ တော် ကို ရှေ့ ရှု ပြု ၍ နေ ရာ ချ ရ မည်။
3
နေ ထွက် ရာ အ ရှေ့ မျက် နှာ ၌၊ ယု ဒ တပ် အ လံ နှင့် ဆိုင် သော အ လုံး အ ရင်း သည် နေ ရာ ကျ ၍၊ အ မိ န ဒပ် သား နာ ရှုန် သည်၊ ယု ဒ အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
4
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ ခု နစ် သောင်း လေး ထောင် ခြောက် ရာ ရှိ သ တည်း။
5
ယု ဒ တပ် အ နား မှာ၊ ဣ သ ခါ တပ် ချ ၍၊ ဇု အာ သား နာ သ နေ လ သည်၊ ဣ သ ခါ အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
6
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ ငါး သောင်း လေး ထောင် လေး ရာ ရှိ သ တည်း။
7
ထို နောက်၊ ဇာ ဗု လုန် တပ် ချ ၍၊ ဟေ လုန် သား ဧ လျာ ဘ သည်၊ ဇာ ဗု လုန် အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
8
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ ငါး သောင်း ခု နစ် ထောင် လေး ရာ ရှိ သ တည်း။
9
ယု ဒ တပ် နှင့် ဆိုင် သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ တ သိန်း ရှစ် သောင်း ခြောက် ထောင် လေး ရာ ရှိ သ တည်း။ ဤ သူ တို့ သည်၊ တပ် ဦး အ ရာ ၌ ချီ ရ ကြ မည်။
10
တောင် မျက် နှာ ၌၊ ရု ဗင် တပ် အ လုံး အ ရင်း သည်၊ ရု ဗင် အ လံ ကို ထူ ၍၊ ရှေ ဒု ရ သား ဧ လိ ဇု ရ သည်၊ ရု ဗင် အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
11
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ လေး သောင်း ခြောက် ထောင် ငါး ရာ ရှိ သ တည်း။
12
ရု ဗင် တပ် အ နား မှာ ရှိ မောင် တပ် ချ ၍၊ ဇု ရိ ရှဒ္ဒဲ သား ရှေ လု မျေ လ သည်၊ ရှိ မောင် အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
13
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ ငါး သောင်း ကိုး ထောင် သုံး ရာ ရှိ သ တည်း။
14
ထို နောက် ဂဒ် တပ် ချ ၍၊ ဒွေ လ သား ဧ လျာ သပ် သည်၊ ဂဒ် အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
15
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ လေး သောင်း ငါး ထောင် ခြောက် ရာ ငါး ဆယ် ရှိ သ တည်း။
16
ရု ဗင် တပ် နှင့် ဆိုင် သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ တ သိန်း ငါး သောင်း တ ထောင် လေး ရာ ငါး ဆယ် ရှိ သ တည်း။ ဤ သူ တို့ သည် ဒု တိ ယ တပ် အ ရာ ၌ ချီ ရ ကြ မည်။
17
ထို အ ခါ၊ တပ် မ အ လယ် ၌ ပ ရိ သတ် စည်း ဝေး ရာ တဲ တော် နှင့် တ ကွ လေ ဝိ တပ် ချီ ရ မည်။ တပ် ချ သည် အ တိုင်း၊ လူ အ သီး အ သီး တို့ သည်၊ မိ မိ နေ ရာ ၌ မိ မိ ဆိုင် သော အ လံ နှင့် အ တူ လိုက် လျက် ချီ ရ ကြ မည်။
18
အ နောက် မျက် နှာ ၌ ဧ ဖ ရိမ် တပ် အ လုံး အ ရင်း သည်၊ ဧ ဖ ရိမ် အ လံ ကို ထူ ၍၊ အ မိ ဟုဒ် သား ဧ လိ ရှ မာ သည်၊ ဧ ဖ ရိမ် အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
19
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ လေး သောင်း ငါး ရာ ရှိ သ တည်း။
20
ဧ ဖ ရိမ် တပ် အ နား မှာ မ နာ ရှေ တပ် ချ ၍၊ ပေ ဒါ ဇု ရ သား ဂါ မ လျေ လ သည်၊ မ နာ ရှေ အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
21
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ သုံး သောင်း နှစ် ထောင် နှစ် ရာ ရှိ သ တည်း။
22
ထို နောက် ဗင်္ယာ မိန် တပ် ချ ၍၊ ဂိ ဒေါ နိ သား အ ဘိ ဒန် သည်၊ ဗင်္ယာ မိန် အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
23
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ သုံး သောင်း ငါး ထောင် လေး ရာ ရှိ သ တည်း။
24
ဧ ဖ ရိမ် တပ် နှင့် ဆိုင် သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ တ သိန်း ရှစ် ထောင် တ ရာ ရှိ သ တည်း။ ဤ သူ တို့ သည် တ တိ ယ တပ် အ ရာ ၌ ချီ ရ ကြ မည်။
25
တပ် များ မြောက် မျက် နှာ ၌၊ ဒန် တပ် အ လုံး အ ရင်း သည်၊ ဒန် အ လံ ကို ထူ ၍၊ အ မိ ရှဒ္ဒဲ သား အ ဟေ ဇာ သည်၊ ဒန် အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
26
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ ခြောက် သောင်း နှစ် ထောင် ခု နစ် ရာ ရှိ သ တည်း။
27
ဒန် တပ် အ နား မှာ အာ ရှာ တပ် ချ ၍၊ ဩ က ရန် သား ပါ ဂျေ လ သည်၊ အာ ရှာ အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
28
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ လေး သောင်း တ ထောင် ငါး ရာ ရှိ သ တည်း။
29
ထို နောက်၊ နဿ လိ တပ် ချ ၍၊ ဧ နန် သား အ ဟိ ရ သည်၊ နဿ လိ အ မျိုး သား တို့ တွင် ဗိုလ် လုပ် ရ မည်။
30
သူ အုပ် ရ သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ ငါး သောင်း သုံး ထောင် လေး ရာ ရှိ သ တည်း။
31
ဒန် တပ် နှင့် ဆိုင် သော အ လုံး အ ရင်း အ ရေ အ တွက် ကား၊ တ သိန်း ငါး သောင်း ခု နစ် ထောင် ခြောက် ရာ ရှိ သ တည်း။ ဤ သူ တို့ သည်၊ မိ မိ တို့ အ လံ ပါ လျက် နောက် ဆုံး တပ် အ ရာ ၌ ချီ ရ ကြ မည်။
32
ထို သို့ နှင့် အ ညီ၊ အ ဆွေ အ မျိုး အ လိုက် ရေ တွက် သော ဣ သ ရေ လ အ မျိုး သား တပ် အ လုံး အ ရင်း လူ ပေါင်း ကား၊ ခြောက် သိန်း သုံး ထောင် ငါး ရာ ငါး ဆယ် ရှိ သ တည်း။
33
ထာ ဝ ရ ဘု ရား သည်၊ မော ရှေ အား မှာ ထား တော် မူ သည် အ တိုင်း၊ လေ ဝိ သား တို့ ကို၊ ဣ သ ရေ လ အ မျိုး သား တို့ နှင့် ရော နှော ၍ မ ရေ တွက် ရ။
34
ထာ ဝ ရ ဘု ရား သည်၊ မော ရှေ အား မှာ ထား တော် မူ သည် အ တိုင်း၊ ဣ သ ရေ လ အ မျိုး သား အ သီး အ သီး တို့ သည်၊ မိ မိ အ လံ အ နား မှာ မိ မိ နေ ရာ ချ ခြင်း ကို ၎င်း၊ မိ မိ ဘိုး ဘ အ မျိုး အ လိုက် ချီ ခြင်း ကို ၎င်း ပြု ရ ကြ ၏။