ဝတ်​ပြု-20

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 တ ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ သင် သည် ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ မည် မှာ၊
  • 2 ဣ သ ရေ လ အ မျိုး သား ဖြစ် စေ၊ ဣ သ ရေ လ အ မျိုး ၌ တည်း နေ သော တ ပါး အ မျိုး သား ဖြစ် စေ၊ မိ မိ သား ကို မော လုတ် ဘု ရား အား ဆက် ကပ် သော သူ သည် အ သေ သတ် ခြင်း ကို အ မှန် ခံ ရ မည်။ ပြည် သား တို့ လည်း ခဲ နှင့် ပစ် ရ ကြ မည်။
  • 3 ငါ့ သန့် ရှင်း ရာ ဌာ န တော် ကို ညစ် ညူး စေ လျက်၊ ငါ့ သန့် ရှင်း သော နာ မ တော် ကို ရှုတ် ချ လျက်၊ မိ မိ သား ကို မော လုတ် ဘု ရား အား ဆက် ကပ် သော သူ ကို၊ ငါ သည် မျက် နှာ ထား ၍ သူ ၏ အ မျိုး မှ ပယ် ရှင်း မည်။
  • 4 မိ မိ သား ကို မော လုတ် ဘု ရား အား ဆက် ကပ် သော သူ ကို၊ ပြည် သား တို့ သည် အ မှု မ ထား မ သတ် ဘဲ နေ လျှင်၊
  • 5 ထို သို့ နေ သော သူ နှင့် သူ ၏ အိမ် သူ အိမ် သား တို့ ကို၊ ငါ သည် မျက် နှာ ထား ၍၊ ထို သူ ကို ၎င်း၊ သူ နှင့် အ တူ မော လုတ် ဘု ရား ထံ ၌ မှား ယွင်း သော သူ ကို ၎င်း၊ သူ တို့ အ မျိုး မှ ပယ် ရှင်း မည်။
  • 6 လမ်း လွဲ ၍ နတ် ဝင် သူ၊ စုန်း လုပ် သူ နောက် သို့ လိုက် လျက်၊ မှား ယွင်း သော သူ ကို ငါ သည် မျက် နှာ ထား ၍ သူ ၏ အ မျိုး မှ ပယ် ရှင်း မည်။
  • 7 သင် တို့ ၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား သည် သန့် ရှင်း သော ကြောင့်၊ သင် တို့ သည် ကိုယ် ကို သန့် ရှင်း စေ ၍၊ သန့် ရှင်း ခြင်း ရှိ ကြ လော့။
  • 8 ငါ့ နည်း နိဿ ယ တို့ ကို ကျင့် ဆောင် ရ ကြ မည်။ ငါ သည် သင် တို့ ကို သန့် ရှင်း စေ သော ထာ ဝ ရ ဘု ရား ဖြစ် ၏။
  • 9 မိ ဘ ကို ကျိန် ဆဲ သော သူ တိုင်း အ သေ သတ် ခြင်း ကို အ မှန် ခံ ရ မည်။ မိ ဘ ကို ကျိန် ဆဲ သော ကြောင့် သေ ထိုက် သော အ ပြစ် ရှိ ၏။
  • 10 သူ့ မ ယား ကို ပြစ် မှား သော သူ သည်၊ မှား ယွင်း သော မိန်း မ နှင့် တ ကွ အ သေ သတ် ခြင်း ကို အ မှန် ခံ ရ မည်။
  • 11 ကိုယ် အ ဘ ၏ မ ယား နှင့် သင့် နေ သော သူ သည် အ ဘ နှင့် သာ ဆိုင် သော အ ရာ ကို ပြစ် မှား သော ကြောင့်၊ ထို မိန်း မ နှင့် တ ကွ အ သေ သတ် ခြင်း ကို အ မှန် ခံ ရ မည်။ သေ ထိုက် သော အ ပြစ် ရှိ ၏။
  • 12 ယောက်ျား သည် ကိုယ် ချွေး မ နှင့် သင့် နေ လျှင်၊ ထို သူ နှစ် ယောက် တို့ သည် ရွံ ရှာ ဘွယ် သော ရော နှော ခြင်း ကို ပြု သော ကြောင့် အ သေ သတ် ခြင်း ကို အ မှန် ခံ ရ မည်။ သေ ထိုက် သော အ ပြစ် ရှိ ၏။
  • 13 မိန်း မ နှင့် ပေါင်း ဘော် သ ကဲ့ သို့ ယောက်ျား ခြင်း ပေါင်း ဘော် လျှင်၊ ထို သူ နှစ် ယောက် တို့ သည်၊ ရွံ ရှာ ဘွယ် သော အ မှု ကို ပြု သော ကြောင့်၊ အ သေ သတ် ခြင်း ကို အ မှန် ခံ ရ မည်။ သေ ထိုက် သော အ ပြစ် ရှိ ၏။
  • 14 ယောက်ျား သည် သ မီး နှင့် အ မိ ကို မ ယား ပြု လျှင်၊ မ တ ရား သော အ မှု ဖြစ် ၏။ သင် တို့ တွင် မ တ ရား သော အ မှု မ ရှိ စေ ခြင်း ငှါ၊ ထို သူ သုံး ယောက် တို့ ကို မီး ရှို့ ရ မည်။
  • 15 ယောက်ျား သည် တိ ရစ္ဆာန် နှင့် ပေါင်း ဘော် လျှင် အ သေ သတ် ခြင်း ကို အ မှန် ခံ ရ မည်။ ထို တိ ရစ္ဆာန် ကို လည်း သတ် ရ မည်။
  • 16 မိန်း မ သည် လည်း၊ မိ မိ နှင့် တိ ရစ္ဆာန် ၏ ပေါင်း ဘော် ခြင်း ကို ခံ လျှင်၊ ထို မိန်း မ နှင့် တိ ရစ္ဆာန် သည် အ သေ သတ် ခြင်း ကို အ မှန် ခံ ရ မည်။ သေ ထိုက် သော အ ပြစ် ရှိ ၏။
  • 17 ယောက်ျား သည် အ ဘ ၏ သ မီး၊ အ မိ ၏ သ မီး ဖြစ် သော မိ မိ နှ မ နှင့် သင့် နေ လျှင်၊ မ တ ရား သော အ မှု ဖြစ် ၏။ ထို သူ တို့ သည် အ မျိုး သား ချင်း တို့ ရှေ့ မှောက် ၌ ပယ် ရှင်း ခြင်း ကို ခံ ရ ကြ မည်။ ထို ယောက်ျား သည် နှ မ နှင့် သင့် နေ သော ကြောင့်၊ မိ မိ အ ပြစ် ကို ခံ ရ မည်။
  • 18 ယောက်ျား သည် ဥ တု ရောက် လျက် ရှိ သော မိန်း မ နှင့် သင့် နေ လျှင်၊ ထို သူ တို့ သည် သ ဘော တူ ၍၊ သွေး သွန် အ နာ ကို ထင် ရှား စေ သော ကြောင့်၊ သူ တို့ အ မျိုး မှ ပယ် ရှင်း ခြင်း ကို ခံ ရ ကြ မည်။
  • 19 အ ဘ ၏ နှ မ၊ အ မိ ၏ ညီ မ နှင့် မ သင့် မ နေ ရ။ ထို သို့ သော ပေါက် ဘော် ရင်း နှင့် သင့် နေ သော သူ တို့ သည် မိ မိ အ ပြစ် ကို ခံ ရ ကြ မည်။
  • 20 အ ဘ ၏ ညီ အစ် ကို မ ယား နှင့် သင့် နေ လျှင်၊ အ ဘ ၏ ညီ အစ် ကို နှင့် သာ ဆိုင် သော အ ရာ ကို ပြစ် မှား သော ကြောင့်၊ ထို သူ တို့ သည် မိ မိ အ ပြစ် ကို ခံ ရ သ ဖြင့်၊ တ သက် လုံး သား မ ရ ဘဲ နေ ရ လိမ့် မည်။
  • 21 ညီ အစ် ကို ၏ မ ယား နှင့် သင့် နေ လျှင်၊ ညစ် ညူး သော အ မှု ဖြစ် ၏။ ညီ အစ် ကို နှင့် သာ ဆိုင် သော အ ရာ ကို ပြစ် မှား သော ကြောင့်၊ ထို သူ တို့ သည် သား မ ရ ဘဲ နေ ရ လိမ့် မည်။
  • 22 သင် တို့ ကို ငါ ပို့ ဆောင် ၍ နေ ရာ ချ သော ပြည် သည် မ အော့ အန် စေ ခြင်း ငှါ၊ သင် တို့ သည် ငါ့ စီ ရင် ထုံး ဖွဲ့ သ မျှ တို့ ကို ကျင့် ဆောင် ရ မည်။
  • 23 သင် တို့ ရှေ့ မှ ငါ နှင် ထုတ် သော လူ အ မျိုး မျိုး တို့ ၏ ဘာ သာ ဓ လေ့ သို့ မ လိုက် ရ။ သူ တို့ သည် ထို သို့ သော အ မှု ခပ် သိမ်း တို့ ကို ပြု သော ကြောင့် ငါ ရွံ ရှာ ၏။
  • 24 သူ တို့ ပြည် တည်း ဟူ သော နို့ နှင့် ပျား ရည် စီး သော ပြည် ကို သင် တို့ သည် အ မွေ ခံ စေ ခြင်း ငှါ ငါ အ ပိုင် ပေး မည် ဟု ငါ အ မိန့် တော် ရှိ ပြီ။ ငါ သည် သင် တို့ ကို အ ခြား သော အ မျိုး နှင့် ခွဲ ထား သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် ၏။
  • 25 ထို အ ကြောင်း ကြောင့်၊ စင် ကြယ် သော သား၊ မ စင် ကြယ် သော သား၊ စင် ကြယ် သော ငှက်၊ မ စင် ကြယ် သော ငှက် တို့ ကို ပိုင်း ခြား ရ မည်။ ငါ ခွဲ ထား သည် အ တိုင်း၊ မ စင် ကြယ် သော သား၊ ငှက်၊ မြေ ပေါ် မှာ တွား တတ် သော တိ ရစ္ဆာန် တ စုံ တ ခု အား ဖြင့် ကိုယ် ကို ကိုယ် ရွံ ရှာ ဘွယ် မ ဖြစ် စေ ရ။
  • 26 ငါ ထာ ဝ ရ ဘု ရား သန့် ရှင်း သည် ဖြစ် ၍၊ သင် တို့ ကို ငါ အ လို ရှိ သ ဖြင့်၊ အ ခြား သော အ မျိုး နှင့် ခွဲ ထား သော ကြောင့်၊ ငါ့ အ ဘို့ သန့် ရှင်း ခြင်း ရှိ ရ ကြ မည်။
  • 27 ယောက်ျား ဖြစ် စေ၊ မိန်း မ ဖြစ် စေ၊ နတ် ဝင် သော သူ၊ စုန်း လုပ် သော သူ သည် အ သေ သတ် ခြင်း ကို အ မှန် ခံ ရ မည်။ ထို သို့ သော သူ ကို ခဲ နှင့် ပစ် ရ ကြ မည်။ သူ ၌ သေ ထိုက် သော အ ပြစ် ရှိ သည် ဟု မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页