1
ငါ သည် ဘု ရား သ ခင် ၏ အ မျက် တော် ကြိမ် လုံး အောက် ၌ ဆင်း ရဲ ခြင်း ကို ခံ ရ သော သူ ဖြစ် ၏။
2
ငါ့ ကို သွေး ဆောင် ၍ အ လင်း သို့ မ ပို့၊ မှောင် မိုက် ထဲ သို့ ပို့ ဆောင် တော် မူ ၏။
3
အ ကယ် စင် စစ် ငါ့ ကို တ နေ့ လုံး အ ထပ် ထပ် ဒဏ် ခတ် တော် မူ ၏။
4
ငါ့ အ ရေ နှင့် အ သား ကို ဆွေး ရိ စေ ၍ ငါ့ အ ရိုး တို့ ကို လည်း ချိုး တော် မူ ၏။
5
ငါ့ တ ဘက် ၌ တပ် တည် ၍ ခါး သော အ ရာ၊ ပင် ပန်း စ ရာ အ ကြောင်း တို့ နှင့် ဝိုင်း တော် မူ ၏။
6
သေ လွန် သော သူ တို့ ကို ပြု တတ် သ ကဲ့ သို့၊ ငါ့ ကို မိုက် သော အ ရပ် ၌ ထား တော် မူ ၏။
7
ငါ မ ထွက် နိုင် အောင် ဝင်း ခတ် ၍ လေး သော သံ ကြိုး နှင့် ချည် နှောင် တော် မူ ၏။
8
ထို မျှ မ က ငါ သည် ကြွေး ကြော် အော် ဟစ် ၍ ဆု တောင်း သော် လည်း ငြင်း ပယ် တော် မူ ၏။
9
ငါ သွား ရာ လမ်း ကို ကျောက် ထ ရံ နှင့် ပိတ် ၍၊ ကောက် သော လမ်း ဖြင့် သွား စေ တော် မူ ၏။
10
ငါ့ ကို ချောင်း မြောင်း သော ဝက် ဝံ ကဲ့ သို့ ၎င်း၊ မ ထင် ရှား သော အ ရပ် ၌ နေ သော ခြင်္သေ့ ကဲ့ သို့ ၎င်း ဖြစ် စေ တော် မူ ၏။
11
ငါ့ ကို လမ်း လွဲ စေ ပြီး လျှင် အ ပိုင်း ပိုင်း ဖြတ် ၍ ဖျက် ဆီး တော် မူ ၏။
12
လေး တော် ကို တင် ၍ ပစ် စ ရာ စက် အ ရာ ၌ ငါ့ ကို ထား တော် မူ ၏။
13
မြှား တော် တို့ ကို လည်း၊ ငါ့ ကျောက် ကပ် ကို ခွင်း စေ တော် မူ ၏။
14
ငါ သည် ငါ ၏ လူ တို့ တွင် ကဲ့ ရဲ့ စ ရာ အ ကြောင်း နှင့် တ နေ့ လုံး သီ ချင်း ဆို စ ရာ အ ကြောင်း ဖြစ် ပါ သည် တ ကား။
15
ခါး သော ဆေး နှင့် ငါ့ ကို ဖြည့် ၍၊ ဒေါ န နှင့် ယစ် မူး စေ တော် မူ ၏။
16
ကျောက် စ ရစ် ကို ကျွေး ၍ ငါ့ သွား တို့ ကို ချိုး တော် မူ ၏။ မီး ဖို ပြာ နှင့် ဖုံး တော် မူ ၏။
17
ငါ ၏ ဝိ ညာဉ် ကို ချမ်း သာ နှင့် ဝေး စွာ ရွှေ့ တော် မူ သော ကြောင့်၊ ငါ သည် မင်္ဂ လာ အ ကြောင်း ကို မေ့ လျော့ ၏။
18
သို့ ဖြစ် ၍၊ ငါ သည် ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ အ စွမ်း သတ္တိ နှင့် မြော် လင့် စ ရာ အ ကြောင်း ပျက် လေ ပြီ ဟု ဆို ရ ၏။
19
အ ကျွန်ုပ် ခံ ရ သော ဆင်း ရဲ ငြို ငြင် ခြင်း ကို ၎င်း၊ ဒေါ န နှင့် သည်း ခြေ အ ရည် ကို ၎င်း အောက် မေ့ တော် မူ ပါ။
20
ဧ ကန် အ မှန် အောက် မေ့ တော် မူ လိမ့် မည်။
21
ထို သို့ အ ကျွန်ုပ် ၏ စိတ် နှ လုံး သည် ဆင် ခြင် ၍ သ တိ ရ သော အ ခါ မြော် လင့် စ ရာ အ ခွင့် ရှိ ပါ ၏။
22
ထာ ဝ ရ ဘု ရား သည် သ နား တော် မူ ၍ က ရု ဏာ တော် သည် မ ကုန် သော ကြောင့်၊ ငါ တို့ သည် ဆုံး ရှုံး ခြင်း သို့ မ ရောက် ဘဲ နေ ကြ ၏။
23
နံ နက် တိုင်း က ရု ဏာ တော် အ သစ် ကို ခံ ရ ကြ ၏။ သစ္စာ တော် သည် ကြီး မြတ် ပါ ၏။
24
ငါ့ ဝိ ညာဉ် ၏ သ ဘော ဟူ မူ ကား၊ ထာ ဝ ရ ဘု ရား သည် ငါ ၏ အ ဘို့ ဖြစ် တော် မူ ၏။ ထို ကြောင့်၊ ကိုယ် တော် ကို ငါ မြော် လင့် ပါ ၏။
25
ကိုယ် တော် ကို မြော် လင့် သော သူ နှင့် ကိုယ် တော် ကို ရှာ သော သူ ၏ စိတ် ဝိညာဉ် အား ထာ ဝ ရ ဘု ရား သည် ကျေး ဇူး ပြု တော် မူ ၏။
26
ကယ် တင် တော် မူ မည် ဟု မြော် လင့် လျက်၊ ငြိမ် ဝပ် စွာ စောင့် ၍ နေ ကောင်း ၏။
27
လူ သည် အ သက် ပျို စဉ် အ ခါ ထမ်း ဘိုး ကို ထမ်း ကောင်း ၏။
28
ထမ်း ဘိုး ကို တင် တော် မူ သော ကြောင့် တ ယောက် တည်း ထိုင် ၍ ငြိမ် ဝပ် စွာ နေ စေ။
29
မြော် လင့် စ ရာ အ ခွင့် ရှိ ကောင်း ရှိ လိမ့် မည် ဟု ထင် လျက်၊ မိ မိ နှုတ် ကို မြေ မှုန့် ၌ ကပ် စေ။
30
ရိုက် သော သူ အား မိ မိ ပါး ကို ပေး ၍၊ ကဲ့ ရဲ့ ပြစ် တင် ခြင်း နှင့် ပြည့် ဝ စေ။
31
အ ကြောင်း မူ ကား၊ ထာ ဝ ရ ဘု ရား သည် အ စဉ် စွန့် ပစ် တော် မ မူ တတ်။
32
ဝမ်း နည်း စေ တော် မူ သော် လည်း၊ က ရု ဏာ တော် များ ပြား သည် နှင့် အ ညီ သ နား တော် မူ လိမ့် မည်။
33
ဆင်း ရဲ စေ ချင် သော စိတ် နှင့် လူ သား တို့ ကို ညှဉ်း ဆဲ ၍ ဝမ်း နည်း စေ တော် မူ သည် မ ဟုတ်။
34
ချုပ် ထား သော ပြည် သား အ ပေါင်း တို့ ကို ခြေ နှင့် နင်း ကြိတ် ခြင်း အ မှု၊
35
လူ ခံ ထိုက် သော တ ရား ကို အ မြင့် ဆုံး သော ဘု ရား မျက် မှောက် ၌ ဖျက် ခြင်း အ မှု၊
36
သူ တ ပါး တို့ ကို မ တ ရား သ ဖြင့် ရှုံး စေ ခြင်း အ မှု တို့ ကို ထာ ဝ ရ ဘု ရား နှစ် သက် တော် မ မူ။
37
ထာ ဝ ရ ဘု ရား မှာ ထား တော် မ မူ ဘဲ၊ အ ဘယ် သူ သည် ပြော ၍ တ စုံ တ ခု ကို ဖြစ် စေ နိုင် သ နည်း။
38
အ မြင့် ဆုံး သော ဘု ရား ၏ နှုတ် တော် ထွက် ရှိ သည် အ တိုင်း မင်္ဂ လာ နှင့် အ မင်္ဂ လာ ဖြစ် တတ် သည် မ ဟုတ် လော။
39
အ သက် ရှင် သော လူ သတ္တ ဝါ သည် အ ဘယ် ကြောင့် မြည် တမ်း ရ မည် နည်း။ မိ မိ ဒု စ ရိုက် အ ပြစ် ကြောင့် မြည် တမ်း ရ မည် လော။
40
ငါ တို့ သည် ကိုယ် လိုက် သော လမ်း တို့ ကို စစ် ကြော စုံ စမ်း ၍၊ ထာ ဝ ရ ဘု ရား ထံ တော် သို့ ပြန် သွား ကြ ကုန် အံ့။
41
ကောင်း ကင် ဘုံ ၌ ရှိ တော် မူ သော ဘု ရား သ ခင့် ထံ တော် သို့ နှ လုံး နှင့် လက် တို့ ကို ချီ ကြွ ကြ ကုန် အံ့။
42
အ ကျွန်ုပ် တို့ သည် ပြစ် မှား ပုန် ကန် မိ ပါ ပြီ။ ကိုယ် တော် သည် အ ပြစ် လွှတ် တော် မ မူ ပါ။
43
အ မျက် တော် ထွက် ၍ မျက် နှာ လွှဲ တော် မူ ၏။ တ ဖန် အ ကျွန်ုပ် တို့ ကို လိုက် ၍ က ရု ဏာ မ ရှိ ဘဲ ကွပ် မျက် တော် မူ ၏။
44
အ ကျွန်ုပ် တို့ ပ ဌ နာ စ ကား သည် အ ထံ တော် သို့ မ ပေါက် နိုင် အောင်၊ မိုဃ်း တိမ် ဖြင့် ကိုယ် ကို ကွယ် ကာ တော် မူ ၏။
45
အ ကျွန်ုပ် တို့ ကို လူ မျိုး တို့ တွင် လှည်း ပစ် သော တန် မြက် ချေး အ မှိုက် ကဲ့ သို့ ၎င်း၊ ရွံ စ ရာ အ ရာ ကဲ့ သို့ ၎င်း ဖြစ် စေ တော် မူ ၏။
46
ရန် သူ အ ပေါင်း တို့ သည် အ ကျွန်ုပ် တို့ တ ဘက် ၌ နှုတ် ကို ဖွင့် ကြ ပါ ၏။
47
အ ကျွန်ုပ် တို့ သည် ကြောက် လန့် ဘွယ် သော အ ရာ ထဲ သို့ ၎င်း၊ တွင်း ထဲ သို့ ၎င်း၊ သုတ် သင် ပယ် ရှင်း ဖျက် ဆီး ခြင်း ထဲ သို့ ၎င်း ရောက် ကြ ပါ ပြီ။
48
ငါ ၏ လူ မျိုး သ တို့ သ မီး ပျက် စီး သော ကြောင့်၊ ငါ့ မျက် စိ သည် မြစ် ရေ ဖြစ် ၍ စီး လျက် ရှိ ၏။
49
-
50
ထာ ဝ ရ ဘု ရား သည် ကောင်း ကင် က ငုံ့ ကြည့် ၍ ရှု မှတ် တော် မ မူ မှီ တိုင် အောင်၊ ငါ့ မျက် ရည် သည် ကျ ၍ အ စဉ် မ ပြတ် ယို စီး လျက် ရှိ ၏။
51
ငါ ၏ မြို့ သ မီး အ ပေါင်း တို့ အ တွက် ကြောင့်၊ ငါ့ မျက် စိ သည် ငါ့ နှ လုံး ကို ပူ စေ တတ် ၏။
52
အ ကြောင်း မ ရှိ ဘဲ ငါ့ ကို ရန် ပြု သော သူ တို့ သည် ငှက် ကို လိုက် ၍ ရှာ သ ကဲ့ သို့ ငါ့ ကို လိုက် ၍ ရှာ ကြ ၏။
53
မြေ တွင်း ၌ ငါ့ အ သက် ကို ဖြတ် ၍ ငါ့ အ ပေါ် မှာ ကျောက် ကို တင် ထား ကြ ၏။
54
ငါ့ ခေါင်း ကို ရေ လွှမ်း မိုး သည် ဖြစ် ၍၊ ငါ သည် ဆုံး ရှုံး ပြီ ဟု ဆို ရ ၏။
55
အို ထာ ဝ ရ ဘု ရား၊ နက် သော မြေ တွင်း ထဲ က အ ကျွန်ုပ် သည် ကိုယ် တော် ၏ နာ မ ကို ခေါ် ပါ ၏။
56
အ ကျွန်ုပ် ခေါ် သံ ကို ကြား တော် မူ သည် ဖြစ် ၍၊ အ ကျွန်ုပ် ညည်း တွား အော် ဟစ် သော အ ခါ နား တော် ကို လွှဲ တော် မ မူ ပါ နှင့်။
57
အ ကျွန်ုပ် သည် ကိုယ် တော် ကို ဟစ် ခေါ် သော အ ခါ၊ ကိုယ် တော် သည် ချဉ်း ကပ် တော် မူ ၍၊ မ ကြောက် နှင့် ဟု မိန့် တော် မူ ပြီ။
58
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် အ သက် နှင့် ဆိုင် သော အ မှု ကို စောင့် ၍ ရွေး နှုတ် တော် မူ ပြီ။
59
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ် ခံ ရ သော ညှဉ်း ဆဲ ခြင်း ကို မြင် တော် မူ ပြီ။ အ ကျွန်ုပ် အ ဘို့ တ ရား စီ ရင် တော် မူ ပါ။
60
သူ တို့ သည် အ ကျွန်ုပ် ကို ရန် ငြိုး ဖွဲ့ သ မျှ နှင့် မ ကောင်း သော အ ကြံ ရှိ သ မျှ ကို ကိုယ် တော် မြင် တော် မူ ပြီ။
61
အို ထာ ဝ ရ ဘု ရား၊ သူ တို့ ကဲ့ ရဲ့ သော အ ကြောင်း နှင့် မ ကောင်း သော အ ကြံ ရှိ သ မျှ ကို ၎င်း၊
62
အ ကျွန်ုပ် တ ဘက် ၌ ထ သော သူ တို့ ၏ အ ပြစ် တင် ခြင်း၊ အ ကျွန်ုပ် တ ဘက် ၌ တ နေ့ လုံး ကြံ စည် ခြင်း ကို ၎င်း၊ ကိုယ် တော် ကြား တော် မူ ပြီ။
63
သူ တို့ ထိုင် ခြင်း၊ ထ ခြင်း ကို ကြည့် ရှု တော် မူ ပါ။ အ ကျွန်ုပ် သည် သူ တို့ သီ ချင်း ဆို စ ရာ အ ကြောင်း ဖြစ် ပါ ၏။
64
အို ထာ ဝ ရ ဘု ရား၊ သူ တို့ ကျင့် သော အ ကျင့် နှင့် အ လျောက် အ ကျိုး အ ပြစ် ကို ဆပ် ပေး တော် မူ ပါ။
65
သူ တို့ စိတ် နှ လုံး ကို ခိုင် မာ စေ ၍ ကျိန် တော် မူ ပါ။
66
အ မျက် တော် ထွက် ၍ သူ တို့ ကို ညှဉ်း ဆဲ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ၏ မိုဃ်း ကောင်း ကင် အောက် မှ သုတ် သင် ပယ် ရှင်း တော် မူ ပါ။