ဆာ​လံ-99

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထာ ဝ ရ ဘု ရား သည် စိုး စံ တော် မူ ၏။ လူ များ တို့ သည် တုန် လှုပ် ခြင်း ရှိ ကြ စေ။ ခေ ရု ဗိမ် တွင် ကျိန်း ဝပ် တော် မူ ၏။ မြေ ကြီး သည် လှုပ် ရှား ခြင်း ရှိ စေ။
  • 2 ထာ ဝ ရ ဘု ရား သည် ဇိ အုန် တောင် မှာ ကြီး မြတ် တော် မူ ၏။ လူ များ အ ပေါင်း တို့ ထက် ချီး မြှောက် ခြင်း ရှိ တော် မူ ၏။
  • 3 ကြီး မြတ် ၍ ကြောက် ရွံ့ ဘွယ် သော နာ မ တော် ကို ချီး မွမ်း ကြ စေ။ အ ကြောင်း မူ ကား၊ နာ မ တော် သည် သန့် ရှင်း ခြင်း ရှိ သ တည်း။
  • 4 တ ရား ကို နှစ် သက် သော ရှင် ဘု ရင် ၏ တန် ခိုး တော် ကို ချီး မွမ်း ကြ စေ။ ကိုယ် တော် သည် မှန် သော စီ ရင် ခြင်း ကို တည် စေ တော် မူ ၏။ ယာ ကုပ် အ မျိုး ၌ တ ရား သ ဖြင့် ပြု ၍၊ ဖြောင့် မတ် စွာ ဆုံး ဖြတ် တော် မူ ၏။
  • 5 ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ချီး မြှောက် ကြ လော့။ ခြေ တော် တင် ရာ ခုံ အောက် ၌ ပြပ် ဝပ် ကိုး ကွယ် ကြ လော့။ အ ကြောင်း မူ ကား၊ ကိုယ် တော် သည် သန့် ရှင်း တော် မူ သ တည်း။
  • 6 ယဇ် ပု ရော ဟိတ် မော ရှေ နှင့် အာ ရုန်၊ နာ မ တော် ကို ပ ဌ နာ ပြု သော သူ ရှ မွေ လ၊ ဤ သူ တို့ သည် ထာ ဝ ရ ဘု ရား ကို ပ ဌ နာ ပြု ၍၊ ကိုယ် တော် သည် ထူး တော် မူ ၏။
  • 7 သူ တို့ အား မိုဃ်း တိမ် တိုင် ထဲ က မိန့် တော် မူ ၏။ သူ တို့ သည် လည်း၊ သက် သေ ခံ တော် မူ ချက် များ ကို ၎င်း၊ စီ ရင် ထုံး ဖွဲ့ တော် မူ ချက် များ ကို ၎င်း စောင့် ရှောက် ကြ ၏။
  • 8 အ ကျွန်ုပ် တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် သူ တို့ ကို ထူး တော် မူ ၏။ သူ တို့ အ မှု ကြောင့် အ ပြစ် ပေး သော် လည်း၊ သူ တို့ ကို သည်း ခံ သော ဘု ရား ဖြစ် တော် မူ ၏။
  • 9 ငါ တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ချီး မြှောက် ကြ လော့။ သန့် ရှင်း သော တောင် တော် မှာ ပြပ် ဝပ် ကိုး ကွယ် ကြ လော့။ အ ကြောင်း မူ ကား၊ ငါ တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် သန့် ရှင်း တော် မူ သ တည်း။
回到本卷目录 回到本版本目录 回到首页