ဆာ​လံ-92

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထာ ဝ ရ ဘု ရား ၏ ကျေး ဇူး တော် ကို ချီး မွမ်း ၍၊
  • 2 အ မြင့် ဆုံး သော ဘု ရား ၏ နာ မ တော် ကို ထော မ နာ သီ ချင်း ဆို ခြင်း ငှါ ၎င်း၊
  • 3 စောင်း နှင့် တ ကွ ကြိုး ဆယ် ပင် ရှိ သော တု ရိ ယာ၊ တ ယော၊ မိ ကျောင်း တို့ ကို တီး ၍၊ က ရု ဏာ တော် နှင့် သစ္စာ တော် ကို နံ နက် အ ချိန်၊ ည အ ချိန် အ စဉ် အ တိုင်း ပြ ခြင်း ငှါ ၎င်း လျောက် ပတ် ပေ ၏။
  • 4 အို ထာ ဝ ရ ဘု ရား၊ အ မှု တော် များ အား ဖြင့် အ ကျွန်ုပ် ကို ဝမ်း မြောက် စေ တော် မူ သည် ဖြစ် ၍၊ လက် တော် နှင့် ပြု ပြင် တော် မူ သ မျှ တို့ ကြောင့် ရွှင် လန်း စွာ သီ ချင်း ဆို ပါ မည်။
  • 5 အို ထာ ဝ ရ ဘု ရား၊ စီ ရင် တော် မူ သော အ မှု တို့ သည် ကြီး မား ၍၊ အ ကြံ အ စည် တော် လည်း အ လွန် နက် လှ ပါ ၏။
  • 6 တိ ရစ္ဆာန် သ ဘော ရှိ သော သူ မ သိ၊ မိုက် သော သူ နား မ လည် သော အ မှု အ ရာ ဟူ မူ ကား၊
  • 7 မ တ ရား သော သူ တို့ သည် မြက် ပင် ကဲ့ သို့ ပေါက် ၍၊ အ ဓမ္မ အ မှု ကို ပြု သော သူ တို့ သည် ပွင့် လန်း ကြ သော အ ခါ၊ ထာ ဝ ရ ပျက် စီး ခြင်း သို့ ရောက် ရ သော အ ကြောင်း ပေ တည်း။
  • 8 ကိုယ် တော် မူ ကား၊ အ စဉ် အ မြဲ ကြီး မြင့် တော် မူ သော ထာ ဝ ရ ဘု ရား ဖြစ် တော် မူ ၏။
  • 9 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ၏ ရန် သူ တို့ သည် ပျက် စီး ခြင်း သို့ ရောက် ၍၊ အ ဓမ္မ အ မှု ကို ပြု သော သူ အ ပေါင်း တို့ သည် အ ရပ် ရပ် ကွဲ ပြား ကြ လိမ့် မည်။
  • 10 အ ကျွန်ုပ် ၏ ချို ကို ကား၊ ကြံ့ ချို ကဲ့ သို့ ချီး မြှောက် ၍၊ အ ကျွန်ုပ် ကို အ သစ် သော ဆီ နှင့် လိမ်း တော် မူ လိမ့် မည်။
  • 11 အ ကျွန်ုပ် ၏ ရန် သူ တို့ ကို အ ကျွန်ုပ် မျက် စိ မြင် လျက်၊ ရန် ဘက် ပြု သော လူ ဆိုး တို့ အ ကြောင်း ကို နား ကြား လျက်၊ အ ကျွန်ုပ် သည် အား ရ ပါ လိမ့် မည်။
  • 12 ဖြောင့် မတ် သော သူ သည် စွန် ပ လွံ ပင် ကဲ့ သို့ ပွင့် လန်း ၍ လေ ဗ နုန် တောင် ပေါ် မှာ အာ ရဇ် ပင် ကဲ့ သို့ ကြီး ပွါး လိမ့် မည်။
  • 13 ထာ ဝ ရ ဘု ရား ၏ အိမ် တော် ၌ စိုက် ပျိုး သော သူ တို့ သည် ငါ တို့ ဘု ရား သ ခင် ၏ တန် တိုင်း တော် တွင် ပွင့် လန်း ကြ လိမ့် မည်။
  • 14 အ သက် ကြီး သော ကာ လ တွင် ပင်၊ အ သီး ကို သီး ၍ ကြွယ် ဝ စိမ်း လန်း ကြ လိမ့် မည်။
  • 15 ထို သို့ သော အား ဖြင့် ငါ ၏ ကျောက် ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် တော် မူ ၍၊ မ တ ရား သော အ မှု နှင့် ကင်း လွတ် တော် မူ သည် ဟု ထင် ရှား လိမ့် သ တည်း။
回到本卷目录 回到本版本目录 回到首页