ဆာ​လံ-9

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် သည် စိတ် နှ လုံး အ ကြွင်း မဲ့ ကိုယ် တော် ကို ချီး မွမ်း ပါ မည်။ အံ့ ဘွယ် သော အ မှု တော် ရှိ သ မျှ တို့ ကို ပြ ညွှန် ပါ မည်။
  • 2 ကိုယ် တော် ကို အ မှီ ပြု ၍ ဝမ်း သာ ရွှင် လန်း ပါ မည်။ နာ မ တော် ကို ထော မ နာ သီ ချင်း ဆို ပါ မည်၊ အ မြင့် ဆုံး သော ဘု ရား။
  • 3 အ ကြောင်း မူ ကား၊ အ ကျွန်ုပ် ၏ ရန် သူ တို့ သည် ပြန် ဆုတ် ၍ လဲ ကြ ပါ ၏။ ရှေ့ တော် ၌ ပျက် စီး ကြ ပါ ၏။
  • 4 ကိုယ် တော် သည် အ ကျွန်ုပ် ဘက် မှာ တ ရား ဆုံး ဖြတ် တော် မူ ပြီ။ ပလ္လင် တော် ပေါ် မှာ ထိုင် ၍ ဖြောင့် မတ် စွာ စီ ရင် တော် မူ ပြီ။
  • 5 တ ပါး အ မျိုး သား တို့ ကို ဆုံး မ တော် မူ ပြီ။ ဆိုး သော သူ တို့ ကို ဖျက် ဆီး ၍ သူ တို့ နာ မ ကို ကာ လ အ စဉ် အ ဆက် ချေ ဖျောက် တော် မူ ပြီ။
  • 6 ရန် သူ တို့ သည် အ ကုန် အ စင် ပျက် စီး ခြင်း သို့ ရောက် ကြ ပါ ပြီ။ မြို့ တို့ ကို ဖြို ဖျက် တော် မူ ၍၊ သူ တို့ အ မှတ် မျှ မ ရှိ ပျောက် ပါ ပြီ။
  • 7 ထာ ဝ ရ ဘု ရား မူ ကား၊ ကာ လ အ စဉ် အ ဆက် တည် တော် မူ ၏။ တ ရား ပလ္လင် တော် ကို ပြင် ဆင် ၍၊
  • 8 မြေ ကြီး သား တို့ ကို တ ရား သ ဖြင့် စီ ရင် တော် မူ ၏။ လူ မျိုး တို့ အား ဖြောင့် မတ် စွာ သော စီ ရင် ခြင်း ကို ပြု တော် မူ ၏။
  • 9 ထာ ဝ ရ ဘု ရား သည် ညှဉ်း ဆဲ ခြင်း ကို ခံ ရ သော သူ တို့ ၏ ခို လှုံ ရာ၊ ဘေး အန္တ ရာယ် ရောက် သည် ကာ လ ခို လှုံ ရာ ဖြစ် တော် မူ ၏။
  • 10 နာ မ တော် ကို သိ သော သူ တို့ သည် ကိုယ် တော် ကို ယုံ ကြည် ကြ ပါ လိမ့် မည်။ အ ကြောင်း မူ ကား၊ အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ကို ရှာ သော သူ တို့ ကို စွန့် ပစ် တော် မ မူ တတ် ပါ။
  • 11 ဇိ အုန် မြို့ မှာ ကျိန်း ဝပ် တော် မူ သော ထာ ဝ ရ ဘု ရား ကို ထော မ နာ သီ ချင်း ဆို ကြ လော့။ အ မှု တော် များ ကို လူ မျိုး တို့ အား ဟော ပြော ကြ လော့။
  • 12 လူ အ သက် သတ် ခြင်း အ မှု ကို စစ် တော် မူ ၍၊ အ သေ ခံ ရ သော သူ တို့ ကို အောက် မေ့ တော် မူ ၏။ နှိမ့် ချ လျက် ရှိ သော သူ တို့ ၏ အော် ဟစ် ခြင်း အ သံ ကို မေ့ လျော့ တော် မ မူ တတ် ပါ။
  • 13 အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို ကယ် မ သ နား တော် မူ ပါ။ အ ကျွန်ုပ် ကို မုန်း သော သူ တို့ ၏ ညှဉ်း ဆဲ ခြင်း အ မှု ကို ကြည့် ရှု ၍၊ သေ မင်း လက် မှ အ ကျွန်ုပ် ကို ကယ် နှုတ် တော် မူ ပါ။
  • 14 သို့ ဖြစ် ၍ ဂုဏ် ကျေး ဇူး တော် အ ပေါင်း ကို ဇိ အုန် မြို့ တံ ခါး ဝ မှာ အ ကျွန်ုပ် ပြ ညွှန် ပါ မည်။ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို အ မှီ ပြု ၍ ဝမ်း မြောက် ပါ မည်။
  • 15 တ ပါး အ မျိုး သား တို့ သည် ကိုယ် တူး သော တွင်း ထဲ သို့ ကိုယ် ကျ ကြ ၏။ ကိုယ် ဝှက် ထား သော ကျော့ ကွင်း ထဲ မှာ ကိုယ် ခြေ တို့ သည် ကျော့ မိ ကြ ၏။
  • 16 ထာ ဝ ရ ဘု ရား သည် တ ရား စီ ရင် ဆုံး ဖြတ် တော် မူ ခြင်း အား ဖြင့် ထင် ရှား တော် မူ ၏။
  • 17 မ တ ရား သော သူ သည် မိ မိ လုပ် သော အ လုပ် ထဲ မှာ ကျော့ မိ ခြင်း ကို ခံ ရ ၏။ မ တ ရား သော သူ တို့ နှင့် ဘု ရား သ ခင် ကို မေ့ လျော့ သော အ မျိုး သား အ ပေါင်း တို့ သည် မ ရ ဏာ နိုင် ငံ သို့ နှင် ခြင်း ကို ခံ ရ ကြ လိမ့် မည်။
  • 18 ငတ် မွတ် သော သူ တို့ ကို အ စဉ် မေ့ လျော့ တော် မ မူ။ ဆင်း ရဲ သော သူ တို့ သည် မြော် လင့် ၍ မ ရ ဘဲ အ စဉ် မ နေ ရ ကြ။
  • 19 အို ထာ ဝ ရ ဘု ရား၊ ထ တော် မူ ပါ။ လူ မ နိုင် ပါ စေ နှင့်။ တ ပါး အ မျိုး သား တို့ သည် ရှေ့ တော် ၌ စစ် ကြော စီ ရင် ခြင်း ကို ခံ ရ ကြ ပါ စေ သော။
  • 20 အို ထာ ဝ ရ ဘု ရား၊ သူ တို့ ကို ချောက် လှန့် တော် မူ ပါ။ သို့ ဖြစ် ၍ မိ မိ တို့ သည် လူ သက် သက် ဖြစ် သည် ကို လူ မျိုး တို့ သည် သိ ကြ ပါ လိမ့် မည်။
回到本卷目录 回到本版本目录 回到首页