1
ငါ ၏ လူ များ တို့၊ ငါ့ တ ရား ကို နာ ကြ လော့။ ငါ မြွက် သော စ ကား ကို နား ထောင် ကြ လော့။
2
ပုံ စ ကား ကို ငါ မြွက် ဆို ၍၊ ရှေး ကာ လ ၏ နက် နဲ သော အ ရာ များ ကို ဘော် ပြ ပေ အံ့။
3
ဘိုး ဘေး တို့ သည် ပြော ၍ ငါ တို့ သည် ကြား သိ ရ သော ထို အ ရာ များ ကို၊
4
သား မြေး တို့ မှ မ ဝှက် မ ထား။ ထာ ဝ ရ ဘု ရား ၏ ဂုဏ် ကျေး ဇူး တော် နှင့် တန် ခိုး တော် ကို ၎င်း၊ ပြု တော် မူ သော အံ့ ဩ ဘွယ် အ မှု တို့ ကို ၎င်း၊ ဖြစ် လ တံ့ သော သူ တို့ အား ဘော် ပြ ကြ မည်။
5
အ ကြောင်း မူ ကား၊ ယာ ကုပ် အ မျိုး ၌ သက် သေ တ ရား ကို စီ ရင် ၍၊ ဣ သ ရေ လ အ မျိုး ၌ ပ ညတ် တ ရား ကို ထား တော် မူ ၏။
6
-
7
-
8
သ ဘော မ ဖြောင့်၊ ဘု ရား သ ခင် ၌ စိတ် ဝိ ညာဉ် အ မြဲ မ ဆည်း ကပ် သော အ မျိုး၊ ငြင်း ဆန် ၍ ပုန် ကန် တတ် သော အ မျိုး တည်း ဟူ သော ဘိုး ဘေး တို့ ကဲ့ သို့ သား မြေး တို့ သည် မ ဖြစ်၊ ဘု ရား သ ခင် ၏ အ မှု တော် တို့ ကို မ မေ့၊ ဘု ရား သ ခင် ကို ယုံ ကြည် ကိုး စား ၍၊ ပ ညတ် တော် တို့ ကို စောင့် စေ ခြင်း ငှါ၊ ထို တ ရား တို့ ကို ဘိုး ဘေး တို့ သည် သား တို့ အား ပြ သ ၍၊ ဖြစ် လ တံ့ သော အ မျိုး တည်း ဟူ သော၊ ဘွား မြင် လ တံ့ သော သား တို့ သည် သိ နား လည် ၍၊ နောက် တ ဖန် မြေး မြစ် တို့ အား ပြ သ ကြ မည် အ ကြောင်း ပ ညတ် ထား တော် မူ ပြီ။
9
ဧ ဖ ရိမ် အ မျိုး သား တို့ သည် လေး လက် နက် ကို စွဲ ကိုင် သော် လည်း၊ စစ် တိုက် သော အ ခါ နောက် သို့ လှည့် ကြ ပါ သည် တ ကား။
10
ဘု ရား သ ခင် ၏ သစ္စာ တော် ကို မ စောင့်။ တ ရား တော် လမ်း ၌ သွား ခြင်း ငှါ အ လို မ ရှိ ကြ။
11
အ မှု တော် တို့ ကို ၎င်း၊ ပြ တော် မူ သော အံ့ ဩ ဘွယ် တို့ ကို ၎င်း မေ့ လျော့ ကြ ၏။
12
အဲ ဂုတ္တု ပြည်၊ ဇော န အ ရပ် တွင် သူ တို့ အ ဘ များ မျက် မှောက် ၌ အံ့ ဘွယ် သော အ မှု တို့ ကို ပြု တော် မူ ၏။
13
ပင် လယ် ကို ခွဲ ၍ သူ တို့ ကို ရှောက် သွား စေ တော် မူ ၏။ ရေ များ ကို စု ပုံ ၍ ထား တော် မူ ၏။
14
နေ့ အ ချိန် ၌ ကား၊ မိုဃ်း တိမ် ဖြင့် ၎င်း၊ ညဉ့် အ ချိန် ၌ ကား၊ တ ညဉ့် လုံး မီး အ လင်း ဖြင့် ၎င်း သူ တို့ ကို လမ်း ပြ တော် မူ ၏။
15
တော ၌ ကျောက် တို့ ကို ဖောက် ၍၊ ပင် လယ် ရေ ကဲ့ သို့ များ စွာ သော ရေ ကို သူ တို့ အား တိုက် တော် မူ ၏။
16
ကျောက် ထဲ က စီး သော ရေ ကို ထွက် စေ ၍၊ မြစ် ရေ ကဲ့ သို့ ရေ များ ကို စီး စေ တော် မူ ၏။
17
ထို သူ တို့ မူ ကား၊ အ မြင့် ဆုံး သော ဘု ရား ကို တော ၌ ပုန် ကန် သော အား ဖြင့် တိုး ၍ ပြစ် မှား ကြ ၏။
18
မိ မိ တို့ အ လို အ လျောက် အ စာ ကို တောင်း ၍ စိတ် နှ လုံး ထဲ မှာ ဘု ရား သ ခင် ကို စုံ စမ်း ကြ ၏။
19
ဘု ရား သ ခင် သည် တော ၌ စား ပွဲ ကို ပြင် ဆင် နိုင် သ လော။
20
ကြည့် ကြ လော့။ ကျောက် ကို ရိုက် တော် မူ သ ဖြင့်၊ ရေ ထွက် ၍ မြစ် ရေ ကဲ့ သို့ စီး လေ ၏။ မုန့် ကို လည်း ပေး နိုင် သ လော။ မိ မိ လူ တို့ အ ဘို့ အ မဲ သား ကို ပြင် ဆင် နိုင် သ လော ဟု ဘု ရား သ ခင် ကို ဆန့် ကျင် ဘက် ပြု လျက် ပြော ဆို ကြ ၏။
21
ထို စ ကား ကို ထာ ဝ ရ ဘု ရား သည် ကြား ၍ အ မျက် ထွက် တော် မူ ၏။ ယာ ကုပ် အ မျိုး ၌ မီး လောင် ၍၊ ဣ သ ရေ လ အ မျိုး ၌ ဒေါ သ မီး တက် လေ ၏။
22
-
23
-
24
-
25
အ ကြောင်း မူ ကား၊ အ ထက် မိုဃ်း တိမ် တို့ ကို မှာ ထား လျက်၊ ကောင်း ကင် တံ ခါး တို့ ကို ဖွင့် ၍၊ သူ တို့ စား စ ရာ ဘို့ မန္န ကို မိုဃ်း ရွာ စေ သ ဖြင့်၊ ကောင်း ကင် ဆန် စ ပါး ကို ပေး တော် မူ သည် ဖြစ် ၍၊ ထို သူ အ ပေါင်း တို့ သည် ကြီး မြတ် သော သူ တို့ ၏ အ စာ ကို သုံး ဆောင် ၍၊ ဝ ပြော စွာ စား ကြ မည် အ ကြောင်း ပြု တော် မူ သော် လည်း၊ သူ တို့ သည် ဘု ရား သ ခင် ကို မ ယုံ ကြည်။ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို မ ကိုး စား ဘဲ နေ ကြ ၏။
26
မိုဃ်း ကောင်း ကင် ၌ အ ရှေ့ လေ ကို ပယ် ၍၊ အား ကြီး သော တောင် လေ ကို ဆောင် ခဲ့ သ ဖြင့်၊
27
သူ တို့ အ ပေါ် သို့ အ မဲ သား ကို မြေ မှုန့် နှင့် အ မျှ၊ ပျံ တတ် သော ငှက် တို့ ကို သ မုဒ္ဒ ရာ သဲ လုံး နှင့် အ မျှ မိုဃ်း ရွာ စေ လျက်၊
28
သူ တို့ တပ် ချ ၍ နေ ရာ အ ရပ် ပတ် လည် ၌ ကျ စေ တော် မူ ၏။
29
ထို သို့ သူ တို့ အ လို ရှိ သည် အ တိုင်း ပေး တော် မူ သ ဖြင့်၊ သူ တို့ သည် ဝ ပြော စွာ စား ရ ကြ ၏။
30
သူ တို့ တပ် မက် သော အ စာ ကို မ ရောင့် ရဲ မှီ စား ကြ စဉ် တွင်၊
31
ဘု ရား သ ခင် ၏ အ မျက် တော် သည် သက် ရောက် သ ဖြင့်၊ ကျန်း မာ သော သူ တို့ ကို ကွပ် မျက် ၍၊ ဣ သ ရေ လ လူ ပျို တို့ ကို လှဲ ချ တော် မူ ၏။
32
ထို အ မှု အ လုံး စုံ တို့ နှင့် ဣ သ ရေ လ လူ တို့ သည် တွေ့ ကြုံ ရ သော် လည်း၊ အံ့ ဘွယ် သော အ မှု တော် တို့ ကြောင့် ယုံ ကြည် ခြင်း မ ရှိ။ ပြစ် မှား လျက် နေ ကြ သေး ၏။
33
ထို ကြောင့် သူ တို့ နေ့ ရက် ကာ လ ကို အ ချည်း နှီး လွန် စေ ၍၊ သူ တို့ နှစ် များ ကို ဘေး ဥ ပဒ် တွင် မြှုပ် တော် မူ ၏။
34
သူ တို့ ကို ကွပ် မျက် တော် မူ သော အ ခါ ကိုယ် တော် ကို ရှာ ကြ ၏။ ပြန် လာ ၍ ကိုယ် တော် ကို လိုက် ရှာ ကြ ၏။
35
ဘု ရား သ ခင် သည် သူ တို့ ၏ ကျောက်၊ အ မြင့် ဆုံး သော ဘု ရား သည် သူ တို့ ကို ကယ် တင် သော အ ရှင် ဖြစ် တော် မူ သည် ကို ထို အ ခါ သ တိ ရ ကြ ၏။
36
သို့ သော် လည်း၊ ကိုယ် တော် ကို နှုတ် ဖြင့် ချော့ မော့ ၍၊ လျှာ ဖြင့် လည်း မု သာ စ ကား ကို လျှောက် ဆို ကြ ၏။
37
သူ တို့ စိတ် သ ဘော မူ ကား၊ ရှေ့ တော် ၌ မ ဖြောင့်၊ သစ္စာ တော် ကို မ စောင့် ဘဲ နေ ကြ ၏။
38
ကိုယ် တော် မူ ကား၊ က ရု ဏာ စိတ် ရှိ ၍ သူ တို့ ကို မ ဖျက် ဆီး ဘဲ အ ပြစ် လွှတ် တော် မူ ၏။ ကြိမ် ဖန် များ စွာ စိတ် တော် ပြေ ၍၊ အ မျက် တော် ကို နှိုး ဆော် တော် မ မူ။
39
သူ တို့ သည် အ သား ဖြစ် ကြောင်း ကို ၎င်း၊ စု တေ့ ၍ နောက် တ ဖန် မ လာ တတ် သော ဝိ ညာဉ် ဖြစ် ကြောင်း ကို ၎င်း အောက် မေ့ တော် မူ ၏။
40
သူ တို့ သည် ကိုယ် တော် ကို တော ၌ ပုန် ကန် ၍၊ လူ ဆိတ် ညံ ရာ အ ရပ် ၌ စိတ် တော် နာ ဘွယ် သော အ ကြောင်း ကို ကြိမ် ဖန် များ စွာ ပြု ကြ ပါ သည် တ ကား။
41
ဘု ရား သ ခင် ကို အ ဖန် ဖန် စုံ စမ်း ၍ ဣ သ ရေ လ အ မျိုး ၌ သန့် ရှင်း တော် မူ သော ဘု ရား ကို ဆန့် ကျင် ဘက် ပြု ကြ ပါ သည် တ ကား။
42
တန် ခိုး တော် ကို ၎င်း၊ ဒုက္ခ ထဲ က ကယ် လွှတ် တော် မူ သော နေ့ ရက် ကာ လ ကို ၎င်း မ အောက် မေ့ ကြ။
43
အဲ ဂုတ္တု ပြည် ၌ လက္ခ ဏာ သက် သေ တော် တို့ ကို ၎င်း၊ ဇော န အ ရပ် ၌ အံ့ ဘွယ် သော အ မှု တို့ ကို ၎င်း ပြု တော် မူ ၏။
44
ထို ပြည် သား တို့ သည် ရေ မ သောက် ရ မည် အ ကြောင်း၊ သူ တို့ မြစ် ရေ၊ စမ်း ရေ များ ကို သွေး ဖြစ် စေ တော် မူ ၏။
45
သူ တို့ ကို ကိုက် စား တတ် သော ယင် ရဲ တို့ ကို ၎င်း၊ ဖျက် ဆီး တတ် သော ဘား တို့ ကို ၎င်း စေ လွှတ် တော် မူ ၏။
46
သူ တို့ ၏ မြေ အ သီး အ နှံ ကို ခါ သိ လ ကျိုင်း တို့ အား ၎င်း၊ သူ တို့ လုပ် ၍ ရ သော ဥစ္စာ ကို အ ရာ ဘ ကျိုင်း တို့ အား ၎င်း ပေး တော် မူ ၏။
47
သူ တို့ စ ပျစ် နွယ် ပင် များ ကို မိုဃ်း သီး ဖြင့် ၎င်း၊ သူ တို့ သ ဖန်း ပင် များ ကို နှင်း ခဲ ဖြင့် ၎င်း ဖျက် ဆီး တော် မူ ၏။
48
သူ တို့ ၏ သိုး နွား များ ကို မိုဃ်း သီး ၌ ၎င်း၊ ပြု စု သော တိ ရစ္ဆာန် များ ကို မီး ၌ ၎င်း အပ် တော် မူ ၏။
49
အ မျက် တော် အ ရှိန် အား ဖြင့် သူ တို့ ၌ ဆိုး သော တ မန် တို့ ကို စေ လွှတ် ၍ လွှမ်း မိုး ခြင်း၊ ဒဏ် ခတ် ခြင်း၊ နှောင့် ရှက် ခြင်း အ မှု ကို ဖြစ် စေ တော် မူ ၏။
50
အ မျက် တော် ဘို့ လမ်း ကို ပြင် ဆင် တော် မူ ၏။ သူ တို့ အ သက် ကို မ နှ မြော၊ သေ စေ ခြင်း ငှါ ကာ လ နာ သို့ အပ် နှံ သ ဖြင့်၊
51
အဲ ဂုတ္တု ပြည် ၌ သား ဦး အ ပေါင်း တို့ ကို ၎င်း၊ ဟာ မ သား တို့ နေ ရာ အ ရပ် ၌ အ ထွဋ် အ မြတ် များ ကို ၎င်း ဒဏ် ခတ် တော် မူ ၏။
52
မိ မိ လူ များ ကို ကား၊ သိုး ကဲ့ သို့ ထွက် စေ ၍၊ တော ၌ သူ တို့ ကို သိုး စု ကဲ့ သို့ ဆောင် တော် မူ ၏။
53
ဘေး နှင့် ကင်း လွတ် အောင် ဆောင် တော် မူ သ ဖြင့်၊ သူ တို့ သည် မ ကြောက် ရ ကြ။ ရန် သူ တို့ ကို ကား ပင် လယ် ရေ သည် လွှမ်း လေ ၏။
54
သန့် ရှင်း သော ပြည် တော် စွန်း တိုင် အောင် ၎င်း၊ လက်ျာ လက် တော် အား ဖြင့် အ ပိုင် ရ တော် မူ သော ဤ တောင် သို့ ၎င်း၊ သူ တို့ ကို ပို့ ဆောင် တော် မူ ၏။
55
သူ တို့ ရှေ့ မှာ လည်း၊ တ ပါး အ မျိုး သား တို့ ကို နှင် ထုတ် ပြီး လျှင်၊ ဣ သ ရေ လ အ မျိုး အ နွှယ် အ သီး အ သီး တို့ သည် အ မွေ ခံ ရ သော မြေ ကို တာ ထိုး ၍ ပိုင်း ခြား လျက် နေ ရာ ချ တော် မူ ၏။
56
သို့ သော် လည်း၊ သူ တို့ သည် အ မြင့် ဆုံး သော ဘု ရား ကို စုံ စမ်း ၍ ပုန် ကန် ကြ ၏။ သက် သေ ခံ တော် မူ ချက် များ ကို မ စောင့် ဘဲ၊
57
ဘိုး ဘေး များ ကဲ့ သို့ ဖောက် ပြန် ၍ သစ္စာ ကို ဖျက် ကြ ၏။ လိမ် တတ် သော လေ ကဲ့ သို့ လမ်း လွဲ ကြ ၏။
58
သူ တို့ သည် မြင့် သော အ ရပ် များ အား ဖြင့်၊ အ မျက် တော် ကို နှိုး ဆော် ၍၊ ရုပ် တု များ အား ဖြင့် လည်း စိတ် တော် ကို ချုပ် ချယ် နှောင့် ရှက် ကြ ၏။
59
ဘု ရား သ ခင် သည် ကြား သိ တော် မူ လျှင်၊ အ မျက် တော် ထွက် ၍၊ ဣ သ ရေ လ အ မျိုး သား တို့ ကို အ လွန် ရွံ ရှာ သ ဖြင့်၊
60
ရှိ လော တဲ တော် တည်း ဟူ သော၊ လူ တို့ တွင် နေ ရာ ချ တော် မူ သော အ ရပ် ကို စွန့် တော် မူ ၏။
61
တန် ခိုး တော် ကို သိမ်း သွား စေ ခြင်း ငှါ ၎င်း၊ ဘုန်း တော် ကို ရန် သူ တို့ လက် သို့ ရောက် စေ ခြင်း ငှါ ၎င်း စီ ရင် တော် မူ ၏။
62
မိ မိ လူ တို့ ကို လည်း ထား ဘေး ၌ အပ် ၍၊ အ မွေ တော် ကို အ မျက် ထွက် တော် မူ ၏။
63
လူ ပျို တို့ သည် မီး လောင် ခြင်း ကို ခံ ရ သော် လည်း၊ အ ပျို တို့ သည် မ ငို ကြွေး ရ ကြ။
64
ယဇ် ပု ရော ဟိတ် တို့ သည် ထား ဘေး ဖြင့် ဆုံး သော် လည်း၊ မုတ် ဆိုး မ တို့ သည် မြည် တမ်း ခြင်း ကို မ ပြု ရ ကြ။
65
ထို အ ခါ ဘု ရား ရှင် သည် အိပ် ပျော် ပြီး သော သူ ရဲ ကဲ့ သို့ ၎င်း၊ စ ပျစ် ရည် ကြောင့် ငြိမ် ပြီး သော သူ ရဲ ကဲ့ သို့ ၎င်း နိုး တော် မူ ၏။
66
ရန် သူ တို့ ကို ဒဏ် ခတ် ၍ လှန် သ ဖြင့်၊ အ စဉ် အ မြဲ အ ရှက် ကွဲ စေ တော် မူ ၏။
67
သို့ ရာ တွင်၊ ယော သပ် ၏ တဲ တော် ကို ငြင်း ပယ် ၍ ဧ ဖ ရိမ် အ မျိုး ကို ရွေး တော် မ မူ။
68
ယု ဒ အ မျိုး ကို ၎င်း၊ ချစ် တော် မူ သော ဇိ အုန် တောင် ကို ၎င်း ရွေး တော် မူ ၏။
69
သန့် ရှင်း ရာ ဌာ န တော် ကို အ ထွဋ် ကဲ့ သို့ တည် ဆောက် ၍၊ မြေ ကြီး ကဲ့ သို့ အ စဉ် မြဲ စေ တော် မူ ၏။
70
ကျွန် တော် မျိုး ဒါ ဝိဒ် ကို သိုး ခြံ များ ထဲ က ရွေး ယူ တော် မူ ၏။
71
သား ငယ် ရှိ သော သိုး မ တို့ ကို ထိန်း ခြင်း အ မှု မှ နှုတ် ၍၊ မိ မိ လူ တည်း ဟူ သော ယာ ကုပ် အ မျိုး သား၊ အ မွေ တော် တည်း ဟူ သော ဣ သ ရေ လ လူ တို့ ကို ကျွေး မွေး စေ ခြင်း ငှါ ခန့် ထား တော် မူ ၏။
72
ထို သူ သည် ဖြောင့် သော သ ဘော ရှိ သည် အ တိုင်း ကျွေး မွေး ၍၊ လိမ္မာ သော လက် နှင့် ပို့ ဆောင် လေ ၏။