ဆာ​လံ-74

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 အို ဘု ရား သ ခင်၊ အ ကျွန်ုပ် တို့ ကို အ ဘယ် ကြောင့် အ စဉ် စွန့် ပစ် တော် မူ သ နည်း။ ကိုယ် တော် ထံ မှာ ကျက် စား သော သိုး တို့ ကို အ ဘယ် ကြောင့် အ မျက် ထွက် တော် မူ သ နည်း။
  • 2 ရှေး က အ ပိုင် ရ တော် မူ သော လူ အ စည်း အ ဝေး ကို ၎င်း၊ ရွေး တော် မူ သော အ မွေ တော် အ ဘို့ ကို ၎င်း၊ ကျိန်း ဝပ် တော် မူ ရာ ဇိ အုန် တောင် ကို ၎င်း အောက် မေ့ တော် မူ ပါ။
  • 3 သန့် ရှင်း ရာ ဌာ န ၌ ရန် သူ သည် မ တ ရား သ ဖြင့် ပြု ၍၊ အ မြဲ သုတ် သင် ပယ် ရှင်း ရာ အ ရပ် သို့ ကြွ တော် မူ ပါ။
  • 4 ကိုယ် တော် ၏ လူ စည်း ဝေး ရာ အ ရပ် ၌ ရန် သူ တို့ သည် အော် ဟစ် ကြ ပါ ၏။ လက္ခ ဏာ သက် သေ တော် အ ရာ ၌ သူ တို့ လက္ခ ဏာ သက် သေ တို့ ကို ထား ကြ ပါ ပြီ။
  • 5 လိမ္မာ သော သူ သည် ထူ ထပ် သော တော ကို ပု ဆိန် နှင့် ခုတ် သ ကဲ့ သို့၊
  • 6 ယ ခု တွင် ဗိ မာန် တော် တန် ဆာ များ ကို ပု ဆိန်၊ သံ တူ နှင့် တ ပြိုင် နက် ရိုက် ချိုး ကြ ပါ ၏။
  • 7 သန့် ရှင်း ရာ ဌာ န တော် ကို မီး ရှို့ ကြ ပါ ၏။ နာ မ တော် ကျိန်း ဝပ် ရာ တဲ တော် ကို မြေ တိုင် အောင် ရှုတ် ချ ကြ ပါ ၏။
  • 8 ဤ အ မျိုး သား အ ပေါင်း တို့ ကို အ တူ ဖျက် ဆီး ကြ ကုန် အံ့ ဟု ဆို ၍၊ မြေ တ ပြင် လုံး တွင် ဘု ရား သ ခင် ၏ တ ရား စ ရပ် တို့ ကို မီး ရှို့ ကြ ပါ ၏။
  • 9 အ ကျွန်ုပ် တို့ သည် ကိုယ် လက္ခ ဏာ သက် သေ များ ကို မ မြင် ရ ပါ။ ပ ရော ဖက် သည် တ ဖန် မ ပေါ် မ ရှိ ပါ။ အ ကျွန်ုပ် တို့ တွင် ကာ လ အ ပိုင်း အ ခြား ကို သိ သော သူ မ ရှိ ပါ။
  • 10 အို ဘု ရား သ ခင်၊ ရန် သူ သည် အ ဘယ် မျှ ကာ လ ပတ် လုံး ကဲ့ ရဲ့ ပါ လိမ့် မည် နည်း။ ရန် ဘက် ပြု သော သူ သည် နာ မ တော် ကို အ စဉ် မ ထီ မဲ့ မြင် ပြု ရ ပါ မည် လော။
  • 11 လက်ျာ လက် တော် ကို အ ဘယ် ကြောင့် ရုပ် သိမ်း တော် မူ သ နည်း။ ရင် ခွင် တော် ထဲ က ထုတ် ၍ ဖျက် ဆီး တော် မူ ပါ။
  • 12 အ ကယ် စင် စစ် ဘု ရား သ ခင် သည် ရှေး ကာ လ မှ စ ၍၊ ကယ် တင် တော် မူ ခြင်း ကို မြေ အ လယ် ၌ ပြု သော ငါ တို့ ၏ ရှင် ဘု ရင် ဖြစ် တော် မူ ၏။
  • 13 ကိုယ် တော် သည် တန် ခိုး တော် အား ဖြင့် ပင် လယ် ကို ခွဲ တော် မူ ပြီ။ ရေ ထဲ မှာ မိ ကျောင်း တို့ ၏ ဦး ခေါင်း တို့ ကို ချိုး တော် မူ ပြီ။
  • 14 လ ဝိ သန် ၏ ဦး ခေါင်း တို့ ကို နှိပ် စက် ၍ တော တွင်း သား တို့ စား စ ရာ ဘို့ အပ် ပေး တော် မူ ပြီ။
  • 15 စမ်း ရေ နှင့် ချောင်း ရေ ကို ပေါက် စေ တော် မူ ပြီ။ ရေ မ ပြတ် သော မြစ် တို့ ကို လည်း ခန်း ခြောက် စေ တော် မူ ပြီ။
  • 16 နေ့ နှင့် ညဉ့် ကို ပိုင် တော် မူ ၏။ နေ မှ စ ၍ အ လင်း အိမ် တို့ ကို ဖန် ဆင်း တော် မူ ပြီ။
  • 17 မြေ ကြီး ၏ အ ကန့် အ ကွက် ရှိ သ မျှ တို့ ကို ၎င်း၊ နွေ ကာ လ နှင့် ဆောင်း ကာ လ ကို ၎င်း စီ ရင် တော် မူ ပြီ။
  • 18 ရန် သူ တို့ သည် ထာ ဝ ရ ဘု ရား ကို ကဲ့ ရဲ့ ၍၊ လူ မိုက် တို့ သည် နာ မ တော် အား မ ထီ မဲ့ မြင် ပြု ကြ သည် ကို အောက် မေ့ တော် မူ ပါ။
  • 19 ကိုယ် တော် ၏ ချိုး ငှက် အ သက် ကို သား ရဲ ၌ အပ် တော် မ မူ ပါ နှင့်။ ကိုယ် တော် ၏ ဆင်း ရဲ သား တို့ အ စည်း အ ဝေး ကို အ စဉ် မေ့ လျော့ တော် မ မူ ပါ နှင့်။
  • 20 ပ ဋိ ညာဉ် တော် ကို ထောက် တော် မူ ပါ။ အ ကြောင်း မူ ကား၊ မြေ ကြီး ပေါ် မှာ မှောင် မိုက် သော အ ရပ် တို့ သည် လု ယူ ညှဉ်း ဆဲ ခြင်း နေ ရာ သက် သက် ဖြစ် ကြ ပါ ၏။
  • 21 နှိပ် စက် ခြင်း ကို ခံ ရ သော သူ တို့ သည် စိတ် ပျက် ၍ မ သွား ကြ ပါ စေ နှင့်။ ဆင်း ရဲ ငတ် မွတ် သော သူ တို့ သည် နာ မ တော် ကို ချီး မွမ်း ကြ ပါ စေ သော။
  • 22 အို ဘု ရား သ ခင်၊ ထ တော် မူ ပါ။ ကိုယ် အ မှု ကို စီ ရင် ဆုံး ဖြတ် တော် မူ ပါ။ မိုက် သော သူ သည် ကိုယ် တော် အား အ စဉ် ကဲ့ ရဲ့ သည် ကို အောက် မေ့ တော် မူ ပါ။
  • 23 ကိုယ် တော် ၏ ရန် သူ တို့ အ သံ ကို မေ့ လျော့ တော် မ မူ ပါ နှင့်။ ကိုယ် တော် ကို ပုန် ကန် သော သူ တို့ ၏ ရုန်း ရင်း ခတ် ခြင်း အ သံ သည် အ စဉ် မ ပြတ် တိုး တက် လျက် ရှိ ပါ ၏။
回到本卷目录 回到本版本目录 回到首页