ဆာ​လံ-58

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 အို လူ သား တို့၊ အ ကယ် စင် စစ် သင် တို့ သည် စ ကား ဖြောင့် ကြ သ လော။
  • 2 တ ရား သ ဖြင့် စီ ရင် ကြ သ လော။ အ ကယ် စင် စစ် သင် တို့ သည် မ တ ရား သော အ ကြံ ကို ကြံ စည် ၍ မြေ ကြီး ပေါ် မှာ ကိုယ် လက် နှင့် ပြု သော ညှဉ်း ဆဲ ခြင်း ကို ချိန် တတ် ကြ ၏။
  • 3 မ တ ရား သော သူ တို့ သည် အ မိ ဝမ်း ထဲ မှ စ ၍ ရိုင်း သော သ ဘော ရှိ ကြ ၏။ မွေး က တည်း က လမ်း လွှဲ ၍ မု သာ စ ကား ကို ပြော တတ် ကြ ၏။
  • 4 သူ တို့ အ ဆိပ် သည် မြွေ အ ဆိပ် နှင့် တူ ၏။ နား ပင်း သော မြွေ ဆိုး သည် မိ မိ နား ကို ပိတ် ၍၊
  • 5 လိမ္မာ သော အ လမ္ပယ် မြွက် ဆို သော မန္တ ရား စ ကား ကို နား မ ထောင် ဘဲ နေ သ ကဲ့ သို့ ဖြစ် ကြ ၏။
  • 6 အို ဘု ရား သ ခင်၊ သူ တို့ ပ စပ် ထဲ မှာ သွား များ ကို ချိုး တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား၊ ခြင်္သေ့ တို့ ၏ အံ သွား များ ကို ချိုး တော် မူ ပါ။
  • 7 ထို သူ တို့ သည် စီး သော ရေ ကဲ့ သို့ ကွယ် ပျောက် ကြ ပါ စေ သော။ လေး ကို တင် သော အ ခါ မြှား တို့ သည် ကျိုး သ ကဲ့ သို့ ဖြစ် ကြ ပါ စေ သော။
  • 8 ခ ရု သည် သွား စဉ် တွင် ရွေ့ လျော့ သ ကဲ့ သို့ ၎င်း၊ ပျက် သော ကိုယ် ဝန် သည် နေ ရောင် ကို မ မြင် ရ သ ကဲ့ သို့ ၎င်း ဖြစ် ကြ ပါ စေ သော။
  • 9 ဆူး ပင် နှင့် မွေး သော မီး ပူ မှန်း ကို အိုး တို့ သည် မ သိ မှီ၊ အ သက် ရှင် သော ဆူး ပင် နှင့်၊ မီး လောင် လျက် ရှိ သော ဆူး ပင် တို့ ကို လေ ဘွေ တိုက် သွား ပါ စေ သော။
  • 10 ဖြောင့် မတ် သော သူ သည် ထို သို့ သော ဒဏ် ပေး ခြင်း ကို မြင် ၍ ဝမ်း မြောက် ပါ လိမ့် မည်။
  • 11 မ တ ရား သော သူ တို့ ၏ အ သွေး ၌ မိ မိ ခြေ တို့ ကို ဆေး ပါ လိမ့် မည်။
  • 12 သူ တ ပါး က လည်း၊ ဖြောင့် မတ် သော သူ သည် အ ကျိုး ကို ဧ ကန် အ မှန် ခံ ရ ၏။ မြေ ကြီး ပေါ် မှာ တ ရား စီ ရင် သော ဘု ရား သ ခင် သည် ဧ ကန် အ မှန် ရှိ တော် မူ သည် ဟု ဝန် ခံ ကြ ပါ လိမ့် မည်။
回到本卷目录 回到本版本目录 回到首页