ဆာ​လံ-52

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 အား ကြီး သော အ ချင်း လူ၊ သင် သည် သူ့ အ ကျိုး ကို ဖျက် ခြင်း အ မှု ၌ အ ဘယ် ကြောင့် ဝါ ကြွား သ နည်း။ ဘု ရား သ ခင် ၏ က ရု ဏာ တော် သည် အ စဉ် မ ပြတ် တည် ၏။
  • 2 သင် ၏ လျှာ သည် ထက် သော သင် တုန်း ကဲ့ သို့ လှည့် စား သ ဖြင့်၊ သူ့ အ ကျိုး ကို ဖျက် ခြင်း အ မှု ကို ပြု စု တတ် ၏။
  • 3 သင် သည် သု စ ရိုက် ထက် ဒု စ ရိုက် ကို ၎င်း၊ ဖြောင့် မတ် သော စ ကား ထက် မု သာ စ ကား ကို ၎င်း သာ ၍ နှစ် သက် တတ် ၏။
  • 4 အို လှည့် စား တတ် သော လျှာ၊ သင် သည် ပျက် စီး သော စ ကား ရှိ သ မျှ တို့ ကို နှစ် သက် တတ် ၏။
  • 5 အ ကယ် စင် စစ် ဘု ရား သ ခင် သည် သင့် ကို အ စဉ် အ မြဲ ချိုး ဖျက် ပယ် ရှင်း လျက်၊ သင် ၏ နေ ရာ ထဲ က နှင် ထုတ် ၍၊ အ သက် ရှင် သော သူ တို့ ၏ နေ ရာ ထဲ က နှုတ် ပစ် တော် မူ မည်။
  • 6 ဖြောင့် မတ် သော သူ တို့ သည် မြင် ၍ ကြောက် ရွံ့ ကြ လိမ့် မည်။
  • 7 ဘု ရား သ ခင် ကို မ ခို လှုံ၊ မိ မိ ဥစ္စာ ကြွယ် ဝ ခြင်း ၌ ကိုး စား ၍ မိ မိ ဒု စ ရိုက် ၌ ခိုင် ခံ့ သော သူ ကို ကြည့် ပါ ဟူ ၍ သူ ၌ ရယ် ကြ လိမ့် မည်။
  • 8 ငါ မူ ကား ဘု ရား သ ခင် ၏ အိမ် တော် ၌ စိမ်း လန်း သော သံ လွင် ပင် ကဲ့ သို့ ဖြစ် ၍၊ ဘု ရား သ ခင် ၏ က ရု ဏာ တော် ၌ ကာ လ အ စဉ် အ မြဲ ကိုး စား မည်။
  • 9 ကိုယ် တော် စီ ရင် တော် မူ သော ကြောင့် အ ကျွန်ုပ် သည် ကိုယ် တော် ကို ကာ လ အ စဉ် အ မြဲ ချီး မွမ်း ပါ မည်။ ကောင်း မြတ် တော် မူသော ကြောင့်၊ ကိုယ် တော် ၏ သန့် ရှင်း သူ တို့ ရှေ့ မှာ နာ မ တော် ကို မြော် လင့် ပါ မည်။
回到本卷目录 回到本版本目录 回到首页