1
ငါ သည် ခပ် သိမ်း သော ကာ လ တို့ ၌ ထာ ဝ ရ ဘု ရား ကို ကောင်း ကြီး ပေး မည်။ ဂုဏ် ကျေး ဇူး တော် ကို အ စဉ် မ ပြတ် မြွက် ဆို မည်။
2
ငါ့ ဝိ ညာဉ် သည် ထာ ဝ ရ ဘု ရား ကို အ မှီ ပြု ၍ ဝါ ကြွား ခြင်း ကို ပြု မည်။ နှိမ့် ချ လျက် ရှိ သော သူ တို့ သည် ကြား သိ ၍၊ ဝမ်း မြောက် ကြ ပါ စေ သော။
3
ငါ နှင့် အ တူ ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ကြ လော့။ နာ မ တော် ကို တ ညီ တ ညွတ် တည်း ချီး မြှောက် ကြ ကုန် အံ့။
4
ငါ သည် ထာ ဝ ရ ဘု ရား ကို ရှာ သော အ ခါ နား ထောင် တော် မူ ၏။ ကြောက် မက် ဘွယ် သော အ ကြောင်း အ လုံး စုံ တို့ အ ထဲ က ငါ့ ကို ကယ် နှုတ် တော် မူ ၏။
5
ထာ ဝ ရ ဘု ရား ကို မျှော် ကြည့် ကြ လော့။ အ လင်း ကို ရ ကြ လိမ့် မည်။ မျက် နှာ ရှက် ကြောက် ခြင်း နှင့် ကင်း လွတ် ကြ လိမ့် မည်။
6
ဤ ဆင်း ရဲ သော သူ ၏ အော် ဟစ် ခြင်း အ သံ ကို ထာ ဝ ရ ဘု ရား သည် နား ထောင် ၍၊ ခပ် သိမ်း သော ဆင်း ရဲ ခြင်း ထဲ က ကယ် လွှတ် တော် မူ ၏။
7
ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော သူ တို့ ပတ် လည် ၌ ကောင်း ကင် တ မန် တော် တို့ သည် တပ် ချ ၍ ကယ် လွှတ် တတ် ကြ ၏။
8
ထာ ဝ ရ ဘု ရား သည် ကောင်း မြတ် တော် မူ သည် အ ကြောင်း ကို မြည်း စမ်း ၍ သိ မှတ် ကြ လော့။ ကိုယ် တော် ကို ခို လှုံ သော သူ သည် မင်္ဂ လာ ရှိ ၏။
9
ထာ ဝ ရ ဘု ရား ၏ သန့် ရှင်း သူ တို့၊ ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ ကြ လော့။ ကြောက် ရွံ့ သော သူ တို့ ၌ ဆင်း ရဲ ခြင်း မ ရှိ ရာ။
10
ခြင်္သေ့ တို့ သည် ဆင်း ရဲ ၍ ငတ် မွတ် ခြင်း ကို ခံ ရ သော် လည်း၊ ထာ ဝ ရ ဘု ရား ကို ရှာ သော သူ တို့ ၌ ကောင်း သော အ ရာ တ စုံ တ ခု မျှ မ လို ရာ။
11
အ ချင်း သူ ငယ် တို့ လာ ကြ လော့။ ငါ့ စ ကား ကို နား ထောင် ကြ လော့။ ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ ခြင်း တ ရား ကို သင် တို့ အား ငါ သွန် သင် မည်။
12
ကောင်း မွန် သော အ ရာ ကို တွေ့ မြင် မည် အ ကြောင်း၊ အ သက် ရှင် ခြင်း နှင့် တ ကွ နေ့ ရက် ကာ လ ကို တောင့် တ လို ချင် သော သူ မည် သည် ကား၊
13
ကိုယ် လျှာ ကို မ ကောင်း သော အ ရာ နှင့် ကင်း စေ လော့။ နှုတ် ခမ်း လည်း မု သာ စ ကား ကို မ ပြော စေ နှင့်။
14
ဒု စ ရိုက် ကို လွှဲ ရှောင် ၍ သု စ ရိုက် ကို ပြု လော့။ သူ တ ပါး နှင့် အ သင့် အ တင့် နေ ခြင်း ကို ရှာ ၍ မှီ အောင် လိုက် လော့။
15
ထာ ဝ ရ ဘု ရား သည် ဖြောင့် မတ် သော သူ တို့ ကို ကြည့် ရှု တော် မူ ၏။ သူ တို့ အော် ဟစ် သံ ကို လည်း နား ထောင် တော် မူ ၏။
16
ဒု စ ရိုက် ကို ပြု သော သူ တို့ ကား၊ မြေ ကြီး ပေါ် မှာ အောက် မေ့ စ ရာ အ မှတ် မျှ မ ရှိ စေ ခြင်း ငှါ ပယ် ရှင်း မည် အ ကြောင်း၊ ထာ ဝ ရ ဘု ရား သည် မျက် နှာ ထား တော် မူ ၏။
17
ဖြောင့် မတ် သော သူ တို့ သည် အော် ဟစ် သော အ ခါ၊ ထာ ဝ ရ ဘု ရား သည် နား ထောင် ၍၊ သူ တို့ ကို ခပ် သိမ်း သော ဆင်း ရဲ ထဲ က ကယ် လွှတ် တော် မူ ၏။
18
ထာ ဝ ရ ဘု ရား သည် ကျိုး ပဲ့ သော စိတ် ရှိ သော သူ တို့ နှင့် နှ လုံး ကြေ ကွဲ သော သူ တို့ ကို နီး တော် မူ ၏။ နောင် တ ရှိ ၍ စိတ် နှိမ့် ချ သော သူ တို့ ကို လည်း ကယ် တင် တော် မူ ၏။
19
ဖြောင့် မတ် သော သူ သည် များ စွာ သော ဒုက္ခ ဆင်း ရဲ ကို ခံ ရ သော် လည်း၊ ထာ ဝ ရ ဘု ရား သည် ခပ် သိမ်း သော ဒုက္ခ ဆင်း ရဲ ထဲ က ကယ် လွှတ် တော် မူ ၏။
20
သူ ၏ အ ရိုး ရှိ သ မျှ တို့ ကို စောင့် ရှောက် တော် မူ သည် ဖြစ် ၍၊ တ ချောင်း မျှ မ ကျိုး မ ပဲ့ ရ။
21
မ တ ရား သော သူ မူ ကား၊ ဘေး ဖြင့် အ သက် ဆုံး ခြင်း သို့ ရောက် ရ မည်။ ဖြောင့် မတ် သော သူ ကို မုန်း သော သူ တို့ သည် အ ပြစ် စီ ရင် ခြင်း ကို ခံ ရ ကြ မည်။
22
ထာ ဝ ရ ဘု ရား သည် မိ မိ ကျွန် တို့ ၏ အ သက် ဝိ ညာဉ် ကို ရွေး နှုတ် တော် မူ သည် ဖြစ် ၍၊ ကိုယ် တော် ကို ခို လှုံ သော သူ တ စုံ တ ယောက် မျှ အ ပြစ် စီ ရင် ခြင်း ကို မ ခံ ရ။