၂ ရာ​ချုပ်-29

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ဟေ ဇ ကိ သည် အ သက် နှစ် ဆယ် ငါး နှစ် ရှိ သော်၊ နန်း ထိုင် ၍ ယေ ရု ရှ လင် မြို့ ၌ နှစ် ဆယ် ကိုး နှစ် စိုး စံ လေ ၏။ မယ် တော် ကား၊ ဇာ ခ ရိ သ မီး အာ ဘိ အ မည် ရှိ ၏။
  • 2 ထို မင်း သည် အ ဘ ဒါ ဝိဒ် ကျင့် သ မျှ အ တိုင်း ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ တ ရား သော အ မှု ကို ပြု ၏။
  • 3 နန်း စံ ပ ဌ မ နှစ်၊ ပ ဌ မ လ တွင် ဗိ မာန် တော် တံ ခါး တို့ ကို ဖွင့် ၍ ပြု ပြင် တော် မူ ၏။
  • 4 ယဇ် ပု ရော ဟိတ် လေ ဝိ သား တို့ ကို ခေါ် ၍၊ အ ရှေ့ လမ်း မှာ စု ဝေး စေ လျက်၊
  • 5 အို လေ ဝိ သား တို့၊ နား ထောင် ကြ လော့။ ကိုယ် ကို ၎င်း၊ ဘိုး ဘေး တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ အိမ် တော် ကို ၎င်း သန့် ရှင်း စေ ၍၊ သန့် ရှင်း ရာ ဌာ န ထဲ က အ မှိုက် ကို သုတ် သင် ပယ် ရှင်း ကြ လော့။
  • 6 ငါ တို့ အ ဘ များ သည် ပြစ် မှား ၍၊ ငါ တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ ဒု စ ရိုက် ကို ပြု ကြ ပြီ။ ထာ ဝ ရ ဘု ရား ကို စွန့် ၍၊ ကျိန်း ဝပ် တော် မူ ရာ အ ရပ် မှ မျက် နှာ လွှဲ လျက် ကျော ခိုင်း ကြ ပြီ တ ကား။
  • 7 ဗိ မာန် တော် ဦး တံ ခါး တို့ ကို ပိတ် လျက်၊ မီး ခွက် တို့ ကို သတ် လျက်၊ သန့် ရှင်း ရာ ဌာ န ၌ ဣ သ ရေ လ အ မျိုး ၏ ဘု ရား သ ခင် အား နံ့ သာ ပေါင်း ကို မီး မ ရှို့။ မီး ရှို့ ရာ ယဇ် ကို မ ပူ ဇော် ဘဲ နေ ကြ ပြီ။
  • 8 ထို ကြောင့်၊ ထာ ဝ ရ ဘု ရား သည် ယု ဒ ပြည် ယေ ရု ရှ လင် မြို့ ကို အ မျက် တော် ထွက် ၍၊ သင် တို့ မြင် သည် အ တိုင်း ဆင်း ရဲ ခံ ခြင်း၊ မိန်း မော တွေ ဝေ ခြင်း၊ ကဲ့ ရဲ့ သံ ကို ကြား ခြင်း အ မှု ၌ အပ် တော် မူ ပြီ။
  • 9 သို့ ဖြစ် ၍၊ ငါ တို့ အ ဘ များ သည် ထား ဖြင့် လဲ သေ ကြ ပြီ။ သား သ မီး၊ မ ယား တို့ သည် သိမ်း သွား ခြင်း ကို ခံ ရ ကြ ပြီ။
  • 10 ယ ခု မူ ကား၊ ပြင်း စွာ သော အ မျက် တော် သည် ငါ တို့ မှ လွှဲ သွား မည် အ ကြောင်း၊ ဣ သ ရေ လ အ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နှင့် ပ ဋိ ညာဉ် ဖွဲ့ မည် ဟု ငါ အ ကြံ ရှိ ၏။
  • 11 ငါ့ သား တို့၊ မ ဖင့် နွှဲ ကြ နှင့်။ ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ ရပ် ၍ ဝတ် ပြု ခြင်း၊ အ မှု တော် ကို စောင့် ခြင်း၊ နံ့ သာ ပေါင်း ကို မီး ရှို့ ခြင်း အ မှု ကို ပြု စေ ခြင်း ငှါ၊ သင် တို့ ကို ရွေး ထား တော် မူ ပြီ ဟု မိန့် တော် မူ လျှင်၊
  • 12 လေ ဝိ အ မျိုး၊ ကော ဟတ် အ နွှယ်၊ အာ မ သဲ သား မာ ဟတ်၊ အာ ဇ ရိ သား ယော လ၊ မေ ရာ ရိ အ နွှယ် အာ ဗ ဒိ သား ကိ ရှ၊ ယေ ဟ လေ လ သား အာ ဇ ရိ၊ ဂေ ရ ရှုံ အ နွှယ် ဇိမ္မ သား ယော အာ၊ ယော အာ သား ဧ ဒင်၊
  • 13 ဧ လိ ဇ ဖန် အ မျိုး သား ရှိ မ ရိ နှင့် ယေ ယေ လ၊ အာ သပ် အ မျိုး သား ဇာ ခ ရိ နှင့် မတ္တ နိ၊
  • 14 ဟေ မန် အ မျိုး သား ယေ ဟေ လ နှင့် ရှိ မိ၊ ယေ ဒု သုန် အ မျိုး သား ရှေ မာ ယ နှင့် ဩ ဇေ လ တို့ သည်၊
  • 15 အ မျိုး သား ချင်း တို့ ကို ခေါ် ၍၊ ကိုယ် ကို သန့် ရှင်း စေ ပြီး မှ၊ ထာ ဝ ရ ဘု ရား အ မိန့် တော် နှင့် အ ညီ ရှင် ဘု ရင် စီ ရင် သည် အ တိုင်း၊ ဗိ မာန် တော် ကို သန့် ရှင်း စေ ခြင်း ငှါ လာ ကြ ၏။
  • 16 ယဇ် ပု ရော ဟိတ် တို့ သည် ဗိ မာန် တော် ကို သန့် ရှင်း စေ ခြင်း ငှါ၊ အ တွင်း ခန်း ထဲ သို့ ဝင် ၍၊ တွေ့ သ မျှ သော အ မှိုက် ကို တန် တိုင်း သို့ ထုတ် ပြီး လျှင်၊ လေ ဝိ သား တို့ သည် ကေ ဒြုန် ချောင်း သို့ ယူ သွား ကြ ၏။
  • 17 ပ ဌ မ လ တ ရက် နေ့ တွင် သန့် ရှင်း စ ပြု ၍၊ ရှစ် ရက် နေ့ တွင် ဗိ မာန် တော် ဦး သို့ ရောက် ကြ ၏။ ထို နောက် ရှစ် ရက် ပတ် လုံး၊ ဗိ မာန် တော် ကို သန့် ရှင်း စေ ၍ ပ ဌ မ လ တ ဆယ် ခြောက် ရက် နေ့ တွင် လက် စ သတ် ကြ ၏။
  • 18 ထို အ ခါ ဟေ ဇ ကိ မင်း ကြီး ထံ သို့ ဝင် ၍၊ အ ကျွန်ုပ် တို့ သည် ဗိ မာန် တော် တ ဆောင် လုံး၊ မီး ရှို့ ရာ ယဇ် ပလ္လင် နှင့် တန် ဆာ ရှိ သ မျှ၊ ရှေ့ တော် မုန့် တင် သော စား ပွဲ နှင့် တန် ဆာ ရှိ သ မျှ တို့ ကို သန့် ရှင်း စေ ပါ ပြီ။
  • 19 ထို မှ တ ပါး၊ အာ ခတ် မင်း ကြီး လက် ထက် အ ဓမ္မ ပြု ၍ ပစ် ထား သော တန် ဆာ ရှိ သ မျှ တို့ ကို အ ကျွန်ုပ် တို့ သည် ပြင် ဆင် ၍ သန့် ရှင်း စေ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ၏ ယဇ် ပလ္လင် တော် ရှေ့ မှာ တင် ထား ပါ ပြီ ဟု လျှောက် ဆို ကြ ၏။
  • 20 ထို အ ခါ ဟေ ဇ ကိ မင်း ကြီး သည် စော စော ထ ၍၊ မြို့ သူ ကြီး တို့ ကို စု ဝေး စေ ပြီး လျှင်၊ ဗိ မာန် တော် သို့ တက် သွား ၏။
  • 21 နန်း တော် အ ပြစ်၊ သန့် ရှင်း ရာ ဌာ န တော် အ ပြစ်၊ ယု ဒ ပြည် အ ပြစ် ဖြေ ရာ ယဇ် ပူ ဇော် စ ရာ ဘို့ နွား ခု နစ် ကောင်၊ သိုး ခု နစ် ကောင်၊ သိုး သ ငယ် ခု နစ် ကောင်၊ ဆိတ် ခု နစ် ကောင် တို့ ကို ဆောင် ခဲ့ ကြ ၏။ အာ ရုန် သား ယဇ် ပု ရော ဟိတ် တို့ သည် ထာ ဝ ရ ဘု ရား ၏ ယဇ် ပလ္လင် ပေါ် မှာ ပူ ဇော် စေ ခြင်း ငှါ မိန့် တော် မူ သည် အ တိုင်း၊
  • 22 နွား တို့ ကို သတ် ၍ ယဇ် ပု ရော ဟိတ် တို့ သည် အ သွေး ကို ခံ လျက်၊ ယဇ် ပလ္လင် ပေါ် မှာ ဖြန်း ကြ ၏။ သိုး တို့ ကို လည်း သတ် ၍၊ အ သွေး ကို ယဇ် ပလ္လင် ပေါ် မှာ ဖြန်း ကြ ၏။ သိုး သ ငယ် တို့ ကို လည်း သတ် ၍ အ သွေး ကို ယဇ် ပလ္လင် ပေါ် မှာ ဖြန်း ကြ ၏။
  • 23 အ ပြစ် ဖြေ ရာ ယဇ် ပူ ဇော် စ ရာ ဘို့ ဆိတ် တို့ ကို လည်း ရှင် ဘု ရင် ရှေ့၊ ပ ရိ သတ် ရှေ့ သို့ ထုတ် ၍၊ မိ မိ တို့ လက် ကို တင် ပြီး မှ၊
  • 24 ယဇ် ပု ရော ဟိတ် တို့ သည် သတ် ၍၊ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ၏ အ ပြစ် ကို ပြေ စေ ခြင်း ငှါ၊ ယဇ် ပလ္လင် ပေါ် မှာ အ သွေး အား ဖြင့် အ ပြစ် ဖြေ ခြင်း မင်္ဂ လာ ကို ပြု ကြ ၏။ ထို သို့ မီး ရှို့ ရာ ယဇ် နှင့် အ ပြစ် ဖြေ ရာ ယဇ် ကို ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ အ ဘို့ ပူ ဇော် မည် အ ကြောင်း၊ ရှင် ဘု ရင် အ မိန့် တော် ရှိ ပြီ။
  • 25 ဒါ ဝိဒ် မင်း ကြီး နှင့် သူ ၏ ပ ရော ဖက် ဂဒ်၊ ပ ရော ဖက် နာ သန် တို့ စီ ရင် သည် အ တိုင်း ခွက် ကွင်း၊ စောင်း၊ တ ယော နှင့် တီး မှုတ် သော လေ ဝိ သား တို့ ကို၊ ဗိ မာန် တော် ၌ ခန့် ထား တော် မူ ၏။ ထို သို့ ထာ ဝ ရ ဘု ရား သည် ပ ရော ဖက် တို့ အား ဖြင့် စီ ရင် တော် မူ သ တည်း။
  • 26 သို့ ဖြစ် ၍ လေ ဝိ သား တို့ သည် ဒါ ဝိဒ် စီ ရင် သော တု ရိ ယာ မျိုး များ ကို ၎င်း၊ ယဇ် ပု ရော ဟိတ် တို့ သည် တံ ပိုး များ ကို ၎င်း ကိုင် လျက် ရှိ ကြ ၏။
  • 27 ဟေ ဇ ကိ သည် ယဇ် ပလ္လင် ပေါ် မှာ မီး ရှို့ ရာ ယဇ် ကို ပူ ဇော် စေ ခြင်း ငှါ၊ အ မိန့် တော် ရှိ ၍ မီး ရှို့ ရာ ယဇ် ကို ပူ ဇော် စ ပြု သော အ ခါ၊ တံ ပိုး များ နှင့် ဣ သ ရေ လ ရှင် ဘု ရင် ဒါ ဝိဒ် စီ ရင် သော တု ရိ ယာ မျိုး များ ကို တီး မှုတ် လျက်၊ ထာ ဝ ရ ဘု ရား အား သီ ချင်း ကို ဆို စ ပြု ကြ ၏။
  • 28 မီး ရှို့ ရာ ယဇ် ပူ ဇော် ခြင်း အ မှု လက် စ မ သတ် မှီ တိုင် အောင် ပ ရိ သတ် အ ပေါင်း တို့ သည် ကိုး ကွယ် လျက်၊ သီ ချင်း ဆို လျက်၊ တံ ပိုး မှုတ် လျက် နေ ကြ ၏။
  • 29 လက် စ သတ် ပြီး မှ၊ ရှင် ဘု ရင် နှင့် စည်း ဝေး သော သူ အ ပေါင်း တို့ သည် ဦး ညွှတ် ချ ၍ ကိုး ကွယ် ကြ ၏။
  • 30 တ ဖန် ဟေ ဇ ကိ မင်း ကြီး နှင့် မှူး မတ် တို့ သည် စီ ရင် ၍၊ လေ ဝိ သား တို့ သည် ဒါ ဝိဒ် စ ကား၊ ပ ရော ဖက် အာ သပ် စ ကား အား ဖြင့်၊ ထာ ဝ ရ ဘု ရား အား ထော မ နာ သီ ချင်း ဆို ကြ ၏။ ရွှင် လန်း သော စိတ် နှင့် ထော မ နာ သီ ချင်း ကို ဆို လျက်၊ ဦး ညွှတ် ချ ၍ ကိုး ကွယ် ကြ ၏။
  • 31 ထို နောက် ဟေ ဇ ကိ က၊ သင် တို့ သည် ယ ခု ထာ ဝ ရ ဘု ရား အား ကိုယ် ကို ပူ ဇော် ကြ ပြီ။ ဗိ မာန် တော် သို့ ချဉ်း ကပ် ၍၊ ယဇ် မျိုး များ နှင့် ကျေး ဇူး တော် ဝန် ခံ ရာ ပူ ဇော် သက္ကာ များ ကို ဆောင် ခဲ့ ကြ လော့ ဟု ပြန် ၍ မိန့် တော် မူ သည် အ တိုင်း၊ စည်း ဝေး သော သူ တို့ သည် ယဇ် မျိုး များ နှင့် ကျေး ဇူး တော် ဝန် ခံ ရာ ပူ ဇော် သက္ကာ များ ကို ဆောင် ခဲ့ ကြ ၏။ စေ တ နာ ရှိ သ မျှ သော သူ တို့ သည် မီး ရှို့ ရာ ယဇ် တို့ ကို ဆောင် ခဲ့ ကြ ၏။
  • 32 စည်း ဝေး သော သူ တို့ သည် ထာ ဝ ရ ဘု ရား အား မီး ရှို့ ရာ ယဇ် ပူ ဇော် စ ရာ ဘို့ ဆောင် ခဲ့ သော ယဇ် ပေါင်း ကား၊ နွား ခု နစ် ဆယ်၊ သိုး တ ရာ၊ သိုး သ ငယ် နှစ် ရာ တည်း။
  • 33 ပူ ဇော် သော ဥစ္စာ ပေါင်း ကား၊ နွား ခြောက် ရာ၊ သိုး သုံး ထောင် တည်း။
  • 34 ယဇ် ပု ရော ဟိတ် တို့ သည် နည်း သော ကြောင့်၊ မီး ရှို့ ရာ ယဇ် ကောင် ရှိ သ မျှ ကို မ သတ် နိုင် သည် ဖြစ် ၍၊ အ ခြား သော ယဇ် ပု ရော ဟိတ် တို့ သည် ကိုယ် ကို မ သန့် ရှင်း စေ မှီ၊ အ မှု တော် လက် စ မ သတ် မှီ တိုင် အောင်၊ ညီ အစ် ကို လေ ဝိ သား တို့ သည် ထောက် မ ကြ ၏။ ကိုယ် ကို သန့် ရှင်း စေ ခြင်း ငှါ၊ ယဇ် ပု ရော ဟိတ် များ ထက် လေ ဝိ သား တို့ သည် သာ ၍ စိတ် သ ဘော ဖြောင့် ကြ ၏။
  • 35 မီး ရှို့ ရာ ယဇ် များ တို့ နှင့်၊ မီး ရှို့ ရာ ယဇ် အ သီး အ သီး ဆိုင် သော မိဿ ဟာ ယ ယဇ် ဆီ ဥ၊ သွန်း လောင်း ရာ ပူ ဇော် သက္ကာ အ များ ရှိ ကြ ၏။ ထို သို့ ဗိ မာန် တော် ဝတ် ပြု ခြင်း ကို စီ ရင် သ တည်း။
  • 36 ထို အ မှု လျင် မြန် သော် လည်း၊ ဘု ရား သ ခင် သည် လူ များ ကို ပြင် ဆင် တော် မူ သော ကြောင့်၊ ဟေ ဇ ကိ နှင့် လူ အ ပေါင်း တို့ သည် ဝမ်း မြောက် အား ရ ကြ ၏။
回到本卷目录 回到本版本目录 回到首页