၁ ရာ​ချုပ်-15

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထို နောက် ဒါ ဝိဒ် မြို့ ၌ အိမ် တော် တို့ ကို ဆောက် တော် မူ ၏။ ဘု ရား သ ခင် ၏ သေတ္တာ တော် ဌာ န ကို ပြင် ၍ တဲ တော် ကို လည်း တည် တော် မူ ပြီး မှ၊
  • 2 ဒါ ဝိဒ် က၊ ဘု ရား သ ခင် ၏ သေတ္တာ တော် ကို ထမ်း ၍ ရှေ့ တော် ၌ အ မှု တော် ကို အ စဉ် စောင့် စေ ခြင်း ငှါ ထာ ဝ ရ ဘု ရား သည် လေ ဝိ သား တို့ ကို ရွေး ချယ် တော် မူ သော ကြောင့်၊ အ ခြား တ ပါး သော သူ တို့ သည် ဘု ရား သ ခင် ၏ သေတ္တာ တော် ကို မ ထမ်း ရ ကြ ဟု ဆို လျက်၊
  • 3 ထာ ဝ ရ ဘု ရား ၏ သေတ္တာ တော် အ ဘို့ ပြင် ဆင် သော အ ရပ် ဌာ န သို့ ဆောင် ခဲ့ ခြင်း ငှါ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ကို ယေ ရု ရှ လင် မြို့ ၌ စု ဝေး စေ သော အ ခါ၊
  • 4 အာ ရုန် သား တို့ နှင့် လေ ဝိ သား တို့ ကို လည်း စု ဝေး စေ တော် မူ ၍ ရောက် သော သူ ဟူ မူ ကား၊
  • 5 ကော ဟတ် အ မျိုး တွင် အ ကြီး ဖြစ် သော ဥ ရေ လ နှင့် သူ ၏ ညီ အစ် ကို တ ရာ နှစ် ဆယ်၊
  • 6 မေ ရာ ရိ အ မျိုး တွင် အ ကြီး ဖြစ် သော အ သာ ယ နှင့် သူ ၏ ညီ အစ် ကို တ ရာ နှစ် ဆယ်၊
  • 7 ဂေ ရ ရှုံ အ မျိုး တွင် အ ကြီး ဖြစ် သော ယော လ နှင့် သူ ၏ ညီ အစ် ကို တ ရာ သုံး ဆယ်၊
  • 8 ဧ လိ ဇ ဖန် အ မျိုး တွင် အ ကြီး ဖြစ် သော ရှေ မာ ယ နှင့် သူ ၏ ညီ အစ် ကို နှစ် ရာ၊
  • 9 ဟေ ဗြုန် အ မျိုး တွင် အ ကြီး ဖြစ် သော ဧ လျေ လ နှင့် သူ ၏ ညီ အစ် ကို ရှစ် ဆယ်၊
  • 10 ဩ ဇေ လ အ မျိုး တွင် အ ကြီး ဖြစ် သော အ မိ န ဒပ် နှင့် သူ ၏ညီ အစ် ကို တ ရာ တ ဆယ် နှစ် ယောက် တည်း။
  • 11 ဒါ ဝိဒ် သည် လည်း ယဇ် ပု ရော ဟိတ် ဇာ ဒုတ် နှင့် အ ဗျာ သာ၊ လေ ဝိ သား ဩ ရေ လ၊ အ သာ ယ၊ ယော လ၊ ရှေ မာ ယ၊ ဧ လျေ လ၊ အ မိ န ဒပ် တို့ ကို ခေါ် ၍၊
  • 12 သင် တို့ သည် လေ ဝိ သား အ ဆွေ အ မျိုး သူ ကြီး ဖြစ် ကြ ၏။ ဣ သ ရေ လ အ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ သေတ္တာ တော် အ ဘို့ ငါ ပြင် ဆင် သော အ ရပ် ဌာ န သို့ ဆောင် ခဲ့ ခြင်း ငှါ ကိုယ် ကို ၎င်း၊ ညီ အစ် ကို တို့ ကို ၎င်း၊ သန့် ရှင်း စေ ကြ လော့။
  • 13 အ ရင် က မ သန့် ရှင်း၊ တ ရား လမ်း သို့ မ လိုက် ဘဲ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ရှာ သော ကြောင့် ဒဏ် ခတ် တော် မူ သည် ဟု သ တိ ပေး ၏။
  • 14 ထို အ ခါ ယဇ် ပု ရော ဟိတ် တို့ နှင့် လေ ဝိ သား တို့ သည်၊ ဣ သ ရေ လ အ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ၏ သေတ္တာ တော် ကို ဆောင် ခဲ့ ခြင်း ငှါ ကိုယ် ကို သန့် ရှင်း စေ ကြ ၏။
  • 15 ထာ ဝ ရ ဘု ရား အ မိန့် တော် နှင့် အ ညီ မော ရှေ မှာ ထား ခဲ့ သည် အ တိုင်း၊ လေ ဝိ သား တို့ သည် ဘု ရား သ ခင် ၏ သေတ္တာ တော် ကို သေတ္တာ တော် ထမ်း ပိုး ဖြင့် ထမ်း ကြ ၏။
  • 16 လေ ဝိ သား အ ကြီး အ ကဲ တို့ သည် စောင်း၊ တ ယော၊ ခွက် ကွင်း အ စ ရှိ သော တု ရိ ယာ မျိုး နှင့် သီ ချင်း ဆို တတ် သော ညီ အစ် ကို တို့ ကို ဝမ်း မြောက် စွာ အ သံ ပြိုင် ဆို စေ ခြင်း ငှါ ခန့် ထား ရ မည် အ ကြောင်း အ မိန့် တော် ရှိ သည် အ တိုင်း၊
  • 17 ထို လေ ဝိ သား တို့ သည် ယော လ သား ဟေ မန်၊ သူ ၏ ညီ စု ထဲ က ဗေ ရ ခိ သား အာ သပ်၊ မိ မိ တို့ ညီ စု၊ မေ ရာ ရိ အ မျိုး ထဲ က ကု ရှာ ယ သား ဧ သန် တို့ ကို ၎င်း၊
  • 18 မိ မိ တို့ ညီ ဒု တိ ယ အ ရာ ရှိ ဖြစ် သော ဇာ ခ ရိ၊ ဗင်္ယာ ဇေ လ၊ ရှေ မိ ရာ မုတ်၊ ယေ ဟေ လ၊ ဥန္နိ၊ ဧ လျာ ဘ၊ ဗေ နာ ယ၊ မာ သေ ယ၊ မတ္တိ သိ၊ ဧ လိ ဖ လေ၊ မိတ် နေ ယ၊ တံ ခါး စောင့် ဩ ဗ ဒေ ဒုံ၊ ယေ လ၊ အာ ဇ ဇိ တို့ ကို ၎င်း ခန့် ထား ကြ ၏။
  • 19 သီ ချင်း ဆ ရာ ဟေ မန်၊ အာ သပ်၊ ဧ သန် တို့ သည် ကြေး ဝါ ခွက် ကွင်း ကို တီး ရ ကြ ၏။
  • 20 ဇာ ခ ရိ၊ ဗင်္ယာ ဇေ လ၊ ရှေ မိ ရာ မုတ်၊ ယေ ဟေ လ၊ ဥန္နိ၊ ဧ လျာ ဘ၊ မာ သေ ယ၊ ဗေ နာ ယ တို့ သည် အာ လ မုတ် တ ယော ကို ထိုး ရ ကြ ၏။
  • 21 မတ္တိ သိ၊ ဧ လိ ဖ လေ၊ မိတ် နေ ယ၊ ဩ ဗ ဒေ ဒုံ၊ ယေ လ၊ အာ ဇ ဇိ တို့ သည် အ သံ စုံ လင် စွာ ရှေ မိ နိတ် စောင်း ကို တီး ရ ကြ ၏။
  • 22 လေ ဝိ သား အ ကြီး အ ကဲ ဖြစ် သော ခေ န နိ သည် သီ ချင်း အ တတ် ၌ လေ့ ကျက် သော ကြောင့် သီ ချင်း ဆ ရာ ကြီး ဖြစ် ၏။
  • 23 ဗေ ရ ခိ နှင့် ဧ လ ကာ န သည် သေတ္တာ တော် တံ ခါး စောင့် ဖြစ် ၏။
  • 24 ယဇ် ပု ရော ဟိတ် ရှေ ဗ နိ၊ ယော ရှ ဖတ်၊ နာ သ နေ လ၊ အာ မ သဲ၊ ဇာ ခ ရိ၊ ဗေ နာ ယ၊ ဧ လျေ ဇာ တို့ သည် ဘု ရား သ ခင် ၏ သေတ္တာ တော် ရှေ့ မှာ တံ ပိုး မှုတ် ရ ကြ ၏။ ဩ ဗ ဒေ ဒုံ နှင့် ယေ ဟိ သည် လည်း သေတ္တာ တော် တံ ခါး စောင့် ဖြစ် ၏။
  • 25 ထို သို့ ဒါ ဝိဒ် မင်း နှင့် ဣ သ ရေ လ အ မျိုး အ သက် ကြီး သူ၊ လူ တ ထောင် အုပ် တို့ သည် ထာ ဝ ရ ဘု ရား ၏ ပ ဋိ ညာဉ် သေတ္တာ တော် ကို၊ ဩ ဗ ဒေ ဒုံ အိမ် မှ ဝမ်း မြောက် သော စိတ် နှင့် ဆောင် ခဲ့ ခြင်း ငှါ သွား ကြ ၏။
  • 26 ထာ ဝ ရ ဘု ရား ၏ ပ ဋိ ညာဉ် သေတ္တာ တော် ကို ထမ်း သော လေ ဝိ သား တို့ ကို ဘု ရား သ ခင် မ စ တော် မူ သည် ဖြစ် ၍၊ သူ တို့ သည် နွား ခု နစ် ကောင် နှင့် သိုး ခု နစ် ကောင် တို့ ကို ယဇ် ပူ ဇော် ကြ ၏။
  • 27 ဒါ ဝိဒ် နှင့် သေတ္တာ တော် ကို ထမ်း သော လေ ဝိ သား များ၊ သီ ချင်း ဆ ရာ ခေ န နိ နှင့် သီ ချင်း ဆို သူ များ တို့ သည် ပိတ် ချော ကို ဝတ် ကြ ၏။ ဒါ ဝိဒ် သည် ပိတ် သင် တိုင်း ကို လည်း ထပ် ၍ ဝတ် ၏။
  • 28 ထို သို့ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည် ကြွေး ကြော် လျက်၊ နှဲ ခ ရာ၊ တံ ပိုး၊ ခွက် ကွင်း၊ တ ယော၊ စောင်း တို့ ကို တီး မှုတ် လျက်၊ ထာ ဝ ရ ဘု ရား ၏ ပ ဋိ ညာဉ် သေတ္တာ တော် ကို ဆောင် ခဲ့ ကြ ၏။
  • 29 ထာ ဝ ရ ဘု ရား ၏ ပ ဋိ ညာဉ် သေတ္တာ တော် သည် ဒါ ဝိဒ် မြို့ ထဲ သို့ ဝင် သော အ ခါ၊ ရှော လု ၏ သ မီး မိ ခါ လ သည် ပြ တင်း ပေါက် က ကြည့် ၍၊ ဒါ ဝိဒ် မင်း ကြီး သည် က လျက် တီး မှုတ် လျက် လာ သည် ကို မြင် သ ဖြင့် စိတ် နှ လုံး ထဲ ၌ မ ထီ မဲ့ မြင် ပြု ၏။
回到本卷目录 回到本版本目录 回到首页