၂ ရာ-20

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထို အ ခါ ဗင်္ယာ မိန် အ မျိုး ဗိ ခ ရိ ၏ သား ရှေ ဘ အ မည် ရှိ သော အ ဓမ္မ လူ တ ယောက် ရှိ ၏။ ထို သူ သည် တံ ပိုး မှုတ် ၍၊ အို ဣ သ ရေ လ အ မျိုး၊ ငါ တို့ သည် ဒါ ဝိဒ် ၌ တ ဘို့ ကို မျှ မ ဆိုင်။ ယေ ရှဲ ၏ သား ကို အ မွေ မ ခံ ထိုက်။ လူ အ ပေါင်း တို့၊ ကိုယ် နေ ရာ သို့ သွား ကြ ဟု ဆို သ ဖြင့်၊
  • 2 ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သည် ဒါ ဝိဒ် ထံ တော် မှ ထွက် ၍ ဗိ ခ ရိ သား ရှေ ဘ နောက် သို့ လိုက် ကြ ၏။ ယု ဒ အ မျိုး သား တို့ မူ ကား၊ ယော် ဒန် မြစ် မှ သည် ယေ ရု ရှ လင် မြို့ တိုင် အောင် ရှင် ဘု ရင် ၌ ဆည်း ကပ် ကြ ၏။
  • 3 ဒါ ဝိဒ် မင်း ကြီး သည် ယေ ရု ရှ လင် မြို့ နန်း တော် သို့ ရောက် သော အ ခါ၊ နန်း တော် ကို စောင့် စေ ခြင်း ငှါ ထား ခဲ့ သော ကိုယ် လုပ် တော် တ ကျိပ် တို့ ကို ယူ ၍ လှောင် အိမ် ၌ ထား ၏။ ထို သူ တို့ ကို ကျွေး မွေး သော် လည်း မ ပေါင်း ဘော်။ သူ တို့ သည် သေ သည် တိုင် အောင် အ ချုပ် ခံ ၍ မုတ် ဆိုး မ ကဲ့ သို့ နေ ရ ကြ ၏။
  • 4 ရှင် ဘု ရင် က လည်း၊ သုံး ရက် အ တွင်း တွင် ယု ဒ လူ တို့ ကို စု ဝေး စေ ပြီး လျှင်၊ ထို သူ တို့ နှင့် အ တူ ကိုယ် တိုင် လာ ရ မည် ဟု အာ မ သ အား မိန့် တော် မူ ၏။
  • 5 အာ မ သ သည် သွား ၍ ယု ဒ လူ တို့ ကို နှိုး ဆော် သ ဖြင့်၊ ချိန်း ချက် သော အ ချိန် ကို လွန် စေ ၏။
  • 6 ဒါ ဝိဒ် က လည်း၊ အ ဗ ရှ လုံ ပြု သည် ထက် ဗိ ခ ရိ သား ရှေ ဘ သည် သာ ၍ အ ပြစ် ပြု လိမ့် မည်။ သင့် သ ခင် ၏ ကျွန် တို့ ကို ခေါ် ၍ ထို သူ ကို လိုက် လော့။ သို့ မ ဟုတ် သူ သည် ခိုင် ခံ့ သော မြို့ တ စုံ တ မြို့ ထဲ သို့ ဝင် ၍ ငါ တို့ လက် မှ လွတ် လိမ့် မည် ဟု အ ဘိ ရှဲ အား မိန့် တော် မူ သည် အ တိုင်း၊
  • 7 အ ဘိ ရှဲ နောက် မှာ ယွာ ဘ ၏ လူ များ နှင့် ခေ ရ သိ လူ၊ ပေ လ သိ လူ များ မှ စ ၍ ခွန် အား ကြီး သော သူ အ ပေါင်း တို့ သည် ဗိ ခ ရိ သား ရှေ ဘ ကို လိုက် အံ့ သော ငှါ ယေ ရု ရှ လင် မြို့ မှ ထွက် သွား ကြ ၏။
  • 8 ဂိ ဗောင် မြို့ ၌ ရှိ သော ကျောက် ကြီး သို့ ရောက် ကြ သော အ ခါ၊ အာ မ သ သည် သူ တို့ ရှေ့ သို့ ချီ သွား လေ ၏။ ယွာ ဘ သည် မိ မိ ဝတ် သော အ ဝတ် ကို ခါး ၌ စည်း လျက်၊ ထို ခါး စည်း ပေါ် မှာ လည်း ထား ကို အိမ် နှင့် တ ကွ ဆွဲ လျက် ထား ၏။ သွား စဉ် တွင် ထား သည် လျှော ၍ ကျ ၏။
  • 9 ယွာ ဘ က လည်း၊ မာ ၏ လား ငါ့ ညီ ဟု အာ မ သ ကို မေး ၍ နမ်း ဟန် ဆောင် လျက် လက်ျာ လက် နှင့် အာ မ သ ၏ မုတ် ဆိတ် ကို ကိုင် ၏။
  • 10 လက် ဝဲ လက် ၌ ကိုင် သော ထား ကို အာ မ သ သည် သ တိ မ ပြု သော ကြောင့်၊ ဝမ်း ကို ထိုး ၍ အ အူ ကို မြေ ပေါ် မှာ ချ ၏။ ထပ် ၍ မ ထိုး သော် လည်း အာ မ သ သေ လေ ၏။ ယွာ ဘ နှင့် ညီ အ ဘိ ရှဲ သည် ဗိ ခ ရိ သား ရှေ ဘ ကို လိုက် ကြ ၏။
  • 11 သူ့ အ နား မှာ ယွာ ဘ ၏ လူ တ ယောက် သည် ရပ် ၍ ယွာ ဘ နှင့် ဒါ ဝိဒ် ဘက် ၌ နေ သော သူ ဖြစ် လျှင် ယွာ ဘ နောက် သို့ လိုက် တော့ ဟု ဆို ၏။
  • 12 အာ မ သ သည် လမ်း မ အ လယ် တွင် မိ မိ အ သွေး ၌ လူး လျက် ရှိ ၏။ လမ်း ၌ သွား လာ သော သူ အ ပေါင်း တို့ သည် ရပ် ၍ နေ ကြ သည် ကို ယွာ ဘ ၏ လူ မြင် သော အ ခါ၊ အာ မ သ ကို လမ်း မ က ယူ ၍ လယ် ပြင် သို့ ရွှေ့ ပြီး လျှင် အ ဝတ် နှင့် ဖုံး လေ ၏။
  • 13 ထို သို့ လမ်း မ က ရွှေ့ ပြီး မှ၊ လူ အ ပေါင်း တို့ သည် ယွာ ဘ နှင့် အ တူ ဗိ ခ ရိ သား ရှေ ဘ ကို လိုက် သွား ကြ ၏။
  • 14 ယွာ ဘ သည် ဗက် မာ ခ ပြည်၊ အာ ဗေ လ မြို့ တိုင် အောင် ဣ သ ရေ လ တိုင်း ခ ရိုင် ရှိ သ မျှ ကို ရှောက် သွား ၏။ ဗေ ရိ လူ အ ပေါင်း တို့ သည် လည်း စု ဝေး ၍ ယွာ ဘ နောက် သို့ လိုက် ကြ ၏။
  • 15 ရှေ ဘ တည်း ခို သော ဗက် မာ ခ ပြည်၊ အာ ဗေ လ မြို့ ကို ဝိုင်း ထား ၍၊ ပြင် မြို့ ရိုး တ ဘက် တ ချက် ၌ မြေ ရိုး ကို ဖို့ ကြ ၏။ ယွာ ဘ နှင့် သူ ၏ လူ အ ပေါင်း တို့ သည် မြို့ ရိုး ကို ဖြို ခြင်း ငှါ ထိုး ဖောက် ကြ ၏။
  • 16 ထို အ ခါ ပ ညာ ရှိ သော မိန်း မ တ ယောက် သည် မြို့ ထဲ က ဟစ် ၍ ဆို သည် ကား၊ နား ထောင် ကြ။ နား ထောင် ကြ။ ငါ သည် ယွာ ဘ နှင့် စ ကား ပြော နိုင် မည် အ ကြောင်း ချဉ်း လာ ပါ ဟု ယွာ ဘ အား လျှောက် ကြ လော့ ဟု ဆို သည် အ တိုင်း၊
  • 17 ယွာ ဘ သည် ချဉ်း လာ သော အ ခါ မိန်း မ က၊ သင် သည် ယွာ ဘ ဟုတ် သ လော ဟု မေး လျှင်၊ ငါ ဟုတ် သည် ဟု ဆို သော်၊ မိန်း မ က၊ ကိုယ် တော် ကျွန် မ ၏ စ ကား ကို နား ထောင် တော် မူ ပါ ဟု ဆို ၏။ ယွာ ဘ က လည်း၊ ငါ နား ထောင် လျက် နေ သည် ဟု ဆို သော်၊
  • 18 မိန်း မ က၊ အ ကယ် စင် စစ် အာ ဗေ လ မြို့ မှာ တိုင် ပင် ၍ အ မှု ကို ဆုံး ဖြတ် ပါ လေ စေ ဟု ရှေး ကာ လ ၌ ဆို တတ် ကြ ၏။
  • 19 ကျွန် မ သည် ဣ သ ရေ လ အ မျိုး ၌ အ မှု မ လုပ် ပါ။ သစ္စာ စောင့် သော သူ ဖြစ် ပါ ၏။ ကိုယ် တော် သည် မြို့ တ မြို့ တည်း ဟူ သော ဣ သ ရေ လ အ မျိုး တွင် အ မိ တ ယောက် ကို ဖျက် ဆီး ခြင်း ငှါ ရှာ တော် မူ ၏။ ထာ ဝ ရ ဘု ရား ၏ အ မွေ တော် ကို မျို ခြင်း ငှါ အ ဘယ် ကြောင့် အ လို ရှိ တော် မူ သ နည်း ဟု လျှောက် လျှင်၊
  • 20 ယွာ ဘ က၊ မျို ခြင်း အ မှု၊ ဖျက် ဆီး ခြင်း အ မှု သည် ငါ နှင့် ဝေး ပါ စေ သော။ ဝေး ပါ စေ သော။
  • 21 ထို သို့ မ ဟုတ် ပါ။ ဧ ဖ ရိမ် တောင် သား ဖြစ် သော ဗိ ခ ရိ ၏ သား ရှေ ဘ အ မည် ရှိ သော သူ သည် ရှင် ဘု ရင် ဒါ ဝိဒ် ကို ပုန် ကန် ပြီ။ ထို သူ ကို အပ် လော့။ အပ် လျှင် ဤ မြို့ မှ ငါ ထွက် သွား မည် ဟု ပြော ဆို သော်၊ မိန်း မ က၊ သူ ၏ ဦး ခေါင်း ကို ကိုယ် တော် ရှေ့ သို့ ပစ် ချ ပါ မည် ဟု ဆို ပြီး မှ၊
  • 22 ထို မိန်း မ သည် ပ ညာ ရှိ သည် အ တိုင်း မြို့ သား တို့ ရှိ ရာ သို့ သွား ပြီး လျှင်၊ သူ တို့ သည် ဇိ ခ ရိ သား ရှေ ဘ ၏ ဦး ခေါင်း ကို ဖြတ် ၍ ယွာ ဘ ရှေ့ သို့ ပစ် ချ ကြ ၏။ ယွာ ဘ သည် လည်း တံ ပိုး မှုတ် သ ဖြင့်၊ လူ များ တို့ သည် ထို မြို့ မှ မိ မိ တို့ နေ ရာ သို့ ပြန် သွား ကြ ၏။ ယွာ ဘ သည် လည်း ယေ ရု ရှ လင် မြို့၊ ရှင် ဘု ရင် ထံ တော် သို့ ပြန် သွား၏။
  • 23 ယွာ ဘ သည် ဣ သ ရေ လ တပ် သား အ ပေါင်း တို့ ကို အုပ် သော ဗိုလ် ချုပ် မင်း ဖြစ် ၏။ ယော ယ ဒ သား ဗေ နာ ယ သည် ခေ ရ သိ လူ နှင့် ပေ လ သိ လူ တို့ ကို အုပ် ရ ၏။
  • 24 အ ဒေါ နိ ရံ သည် အ ခွန် တော် ဝန် ဖြစ် ၏။ အ ဟိ လုပ် သား ယော ရှ ဖတ် သည် အ တွင်း ဝန် ဖြစ် ၏။
  • 25 ရှေ ဝ သည် စာ ရေး တော် ကြီး ဖြစ် ၏။ ဇာ ဒုတ် နှင့် အ ဗျာ သာ သည် ယဇ် ပု ရော ဟိတ် ဖြစ် ၏။
  • 26 ယာ ဣ ရ မြို့ သား ဣ ရ သည် နန်း တော် အုပ် ဖြစ် ၏။
回到本卷目录 回到本版本目录 回到首页