ကမ္ဘာ​ဦး-5

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 အာ ဒံ ၏ သား စဉ် မြေး ဆက် စာ ရင်း ဟူ မူ ကား၊ လူ ကို ဖန် ဆင်း တော် မူ သော ကာ လ ၌၊ မိ မိ ပုံ သဏ္ဌာန် နှင့် အ ညီ၊ ဘု ရား သ ခင် ဖန် ဆင်း တော် မူ ၏။
  • 2 လူ ယောက်ျား လူ မိန်း မ ကို ဖန် ဆင်း ၍၊ ကောင်း ကြီး ပေး တော် မူ ၏။ ဖန် ဆင်း သော နေ့ ၌ လည်း၊ သူ တို့ ကို အာ ဒံ အ မည် ဖြင့် မှည့် တော် မူ ၏။
  • 3 အာ ဒံ သည် အ သက် တ ရာ သုံး ဆယ် ရှိ သော်၊ မိ မိ ပုံ သဏ္ဌာန် နှင့် တ ညီ တ သဏ္ဌာန် တည်း သား ကို မြင် ရ ၍၊ ရှေ သ အ မည် ဖြင့် မှည့် လေ ၏။
  • 4 ရှေ သ ကို ဘွား မြင် သော နောက် အာ ဒံ သည် အ နှစ် ရှစ် ရာ အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
  • 5 အာ ဒံ သည် အ သက် နှစ် ပေါင်း ကိုး ရာ သုံး ဆယ် စေ့ သော် သေ လေ ၏။
  • 6 ရှေ သ သည် အ သက် တ ရာ ငါး နှစ် ရှိ သော်၊ သား ဧ နုတ် ကို မြင် လေ ၏။
  • 7 ဧ နုတ် ဘွား မြင် သော နောက်၊ ရှေ သ သည် အ နှစ် ရှစ် ရာ ခု နစ် နှစ် အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
  • 8 ရှေ သ သည် အ သက် နှစ် ပေါင်း ကိုး ရာ တ ဆယ် နှစ် နှစ် စေ့ သော် သေ လေ ၏။
  • 9 ဧ နုတ် သည် အ သက် ကိုး ဆယ် ရှိ သော်၊ သား ကာ ဣ နန် ကို မြင် လေ ၏။
  • 10 ကာ ဣ နန် ဘွား မြင် သော နောက်၊ ဧ နုတ် သည် အ နှစ် ရှစ် ရာ တ ဆယ် ငါး နှစ် အ သက် ရှင် ၍ သား သ မီး များ ကို မြင် လေ ၏။
  • 11 ဧ နုတ် သည် အ သက် နှစ် ပေါင်း ကိုး ရာ ငါး နှစ် စေ့ သော် သေ လေ ၏။
  • 12 ကာ ဣ နန် သည် အ သက် ခု နစ် ဆယ် ရှိ သော်၊ သား မ ဟာ လေ လ ကို မြင် လေ ၏။
  • 13 မ ဟာ လေ လ ဘွား မြင် သော နောက်၊ ကာ ဣ နန် သည် အ နှစ် ရှစ် ရာ လေး ဆယ် အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
  • 14 ကာ ဣ နန် သည်၊ အ သက် နှစ် ပေါင်း ကိုး ရာ တ ဆယ် စေ့ သော် သေ လေ ၏။
  • 15 မ ဟာ လေ လ သည် အ သက် ခြောက် ဆယ် ငါး နှစ် ရှိ သော်၊ သား ယာ ရက် ကို မြင် လေ ၏။
  • 16 ယာ ရက် ဘွား မြင် သော နောက်၊ မ ဟာ လေ လ သည်၊ အ နှစ် ရှစ် ရာ သုံး ဆယ် အ သက် ရှင် ၍ သား သ မီး များ ကို မြင် လေ ၏။
  • 17 မ ဟာ လေ လ သည် အ သက် နှစ် ပေါင်း ရှစ် ရာ ကိုး ဆယ် ငါး နှစ် စေ့ သော် သေ လေ ၏။
  • 18 ယာ ရက် သည်၊ အ သက် တ ရာ ခြောက် ဆယ် နှစ် နှစ် ရှိ သော်၊ သား ဧ နောက် ကို မြင် လေ ၏။
  • 19 သား ဧ နောက် ဘွား မြင် သော နောက်၊ ယာ ရက် သည် အ နှစ် ရှစ် ရာ အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
  • 20 ယာ ရက် သည် အ သက် နှစ် ပေါင်း ကိုး ရာ ခြောက် ဆယ် နှစ် နှစ် စေ့ သော် သေ လေ ၏။
  • 21 ဧ နောက် သည် အ သက် ခြောက် ဆယ် ငါး နှစ် ရှိ သော်၊ သား မ သု ရှ လ ကို မြင် လေ ၏။
  • 22 မ သု ရှ လ ဘွား မြင် သော နောက်၊ ဧ နောက် သည် အ နှစ် သုံး ရာ ပတ် လုံး ဘု ရား သ ခင် နှင့် အ တူ သွား လာ ၍၊ သား သ မီး များ ကို မြင် လေ ၏။
  • 23 ဧ နောက် အ သက် နှစ် ပေါင်း သုံး ရာ ခြောက် ဆယ် ငါး နှစ် တည်း။
  • 24 ဧ နောက် သည် ဘု ရား သ ခင် နှင့် အ တူ သွား လာ ၏။ နောက် တ ဖန် သူ သည် မ ရှိ။ အ ကြောင်း မူ ကား၊ ဘု ရား သ ခင် သိမ်း ယူ တော် မူ သော ကြောင့် တည်း။
  • 25 မ သု ရှ လ သည် အ သက် တ ရာ ရှစ် ဆယ် ခု နစ် နှစ် ရှိ သော်၊ သား လာ မက် ကို မြင် လေ ၏။
  • 26 လာ မက် ဘွား မြင် သော နောက်၊ မ သု ရှ လ သည် အ နှစ် ခု နစ် ရာ ရှစ် ဆယ် နှစ် နှစ် အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
  • 27 မ သု ရှ လ သည် အ သက် နှစ် ပေါင်း ကိုး ရာ ခြောက် ဆယ် ကိုး နှစ် စေ့ သော် သေ လေ ၏။
  • 28 လာ မက် သည် အ သက် တ ရာ ရှစ် ဆယ် နှစ် နှစ် ရှိ သော် သား ကို မြင် ၍၊
  • 29 ဤ သူ သည် ကား၊ ထာ ဝ ရ ဘု ရား ကျိန် တော် မူ သော မြေ ၌ လုပ် ၍၊ ပင် ပန်း စွာ ခံ ရ သော ငါ တို့ အား သက် သာ စေ သော သူ ဖြစ် လိမ့် မည် ဟူ ၍၊ သူ့ ကို နော ဧ ဟူ သော အ မည် ဖြင့် မှည့် လေ ၏။
  • 30 နော ဧ ဘွား မြင် သော နောက်၊ လာ မက် သည် အ နှစ် ငါး ရာ ကိုး ဆယ် ငါး နှစ် အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
  • 31 လာ မက် သည် အ သက် နှစ် ပေါင်း ခု နစ် ရာ ခု နစ် ဆယ် ခု နစ် နှစ် စေ့ သော် သေ လေ ၏။
  • 32 နော ဧ သည် အ သက် ငါး ရာ ရှိ ၏။ နော ဧ သား ကား၊ ရှေ မ၊ ဟာ မ၊ ယာ ဖက် တည်း။
回到本卷目录 回到本版本目录 回到首页