ကမ္ဘာ​ဦး-27

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ထို နောက် ဣ ဇာက် သည် အို ၍ မျက် စိ မှုန် သ ဖြင့် မ မြင် နိုင် သော အ ခါ၊ သား အ ကြီး ဧ သော ကို၊ ငါ့ သား ဟု ခေါ် လျှင်၊ အ ကျွန်ုပ် ရှိ ပါ ၏ ဟု ထူး လေ ၏။
  • 2 အ ဘ က လည်း ယ ခု ငါ အို လှ ပြီ။ အ ဘယ် သော အ ခါ သေ ရ မည် ကို ငါ မ သိ။
  • 3 မ သေ မှီ ငါ့ ဝိ ညာဉ် သည် သင့် ကို ကောင်း ကြီး ပေး မည် အ ကြောင်း၊ သင် ၏ လက် နက် တည်း ဟူ သော လေး နှင့် မြှား တောင့် ကို ဆောင် ယူ လျက် တော သို့ သွား ၍၊ ငါ စား စ ရာ ဘို့ အ မဲ ကောင် ကို ရ အောင် ရှာ ပြီး လျှင်၊
  • 4 ငါ မြိန် ရှက် တတ် သော အ မဲ ဟင်း လျာ ကို ချက် ၍ ငါ့ ထံ သို့ ယူ ခဲ့ ပါ လော့ ဟု ပြော ဆို ၏။
  • 5 ထို သို့ ဣ ဇာက် သည် သား ဧ သော အား ပြော ဆို သော စ ကား ကို၊ ရေ ဗက္က ကြား သည် ဖြစ် ၍၊ ဧ သော သည် အ မဲ သား ကို ရ အောင် တော သို့ အ ရှာ သွား စဉ် တွင်၊
  • 6 ရေ ဗက္က သည် သား ယာ ကုပ် ကို ခေါ် ၍၊
  • 7 သင် ၏ အ ဘ က၊ ငါ မ သေ မှီ ထာ ဝ ရ ဘု ရား ၏ ရှေ့ တော် မှာ သင့် ကို ငါ ကောင်း ကြီး ပေး မည် အ ကြောင်း၊ ငါ စား စ ရာ ဘို့ အ မဲ သား ကို ယူ ခဲ့ ၍၊ အ မဲ ဟင်း လျာ ကို ချက် ပါ ဟု သင် ၏ အစ် ကို ဧ သော အား ပြော သည် ကို ငါ ကြား ပြီ။
  • 8 သို့ ဖြစ် ၍ ငါ့ သား၊ ငါ မှာ ထား သ မျှ သော စ ကား ကို နား ထောင် ပါ လော့။
  • 9 ယ ခု ဆိတ် စု ရှိ ရာ သို့ သွား ၍၊ ကောင်း သော ဆိတ် သ ငယ် နှစ် ကောင် ကို ငါ့ ထံ သို့ ယူ ခဲ့ ပါ လော့။ သင် ၏ အ ဘ မြိန် ရှက် တတ် သော အ မဲ ဟင်း လျာ ကို ငါ ချက် မည်။
  • 10 သင် ၏ အ ဘ မ သေ မှီ သင့် ကို ကောင်း ကြီး ပေး မည် အ ကြောင်း၊ ထို အ စာ ကို အ ဘ စား စေ ခြင်း ငှါ သင် သည် အ ဘ ထံ သို့ ပို့ ဆောင် ရ မည် ဟု ဆို လေ ၏။
  • 11 ယာ ကုပ် က လည်း၊ ကျွန်ုပ် ကား ချော မွှတ် သော သူ ဖြစ် ၏။
  • 12 ကျွန်ုပ် အ ဘ သည် ကျွန်ုပ် ကို စမ်း သပ် ကောင်း စမ်း သပ် လိမ့် မည်။ သို့ ဖြစ် လျှင် ကျွန်ုပ် ကို လှည့် စား သော သူ ဟူ ၍ ထင် သ ဖြင့်၊ ကျွန်ုပ် သည် မင်္ဂ လာ ကို မ ရ ဘဲ ကျိန် ခြင်း အ မင်္ဂ လာ ကို သာ ခံ ရ လိမ့် မည် ဟု အ မိ ကို ဆို လေ ၏။
  • 13 အ မိ ရေ ဗက္က က လည်း၊ ငါ့ သား၊ သင် ခံ ရ သော ကျိန် ခြင်း အ မင်္ဂ လာ သည် ငါ ၌ သင့် ရောက် ပါ စေ။ ငါ့ စ ကား ကို နား ထောင် ၍ ဆိတ် သ ငယ် တို့ ကို သာ ယူ ခဲ့ ပါ ဟု ဆို သည် အ တိုင်း၊
  • 14 သူ သည် သွား ၍ ဆိတ် သ ငယ် တို့ ကို အ မိ ထံ သို့ ယူ ခဲ့ သ ဖြင့်၊ အ မိ သည် လည်း အ ဘ မြိန် ရှက် တတ် သော အ မဲ ဟင်း လျာ ကို ချက် လေ ၏။
  • 15 ထို အ ခါ ရေ ဗက္က သည် အိမ် တွင် မိ မိ လက် ၌ ရှိ သော သား ကြီး ဧ သော ၏ အ ဝတ်၊ ကောင်း မွန် သော အ ဝတ် ကို ယူ ၍၊ သား ငယ် ယာ ကုပ် ကို ဝတ် စေ လျက်၊
  • 16 ဆိတ် သ ငယ် ၏ သား ရေ ကို လည်း ယူ ၍ သူ ၏ လက် ၌ ၎င်း၊ လည် ပင်း ချော သော ဘက် ၌ ၎င်း ဆင် ယင် ပြီး လျှင်၊
  • 17 မိ မိ ချက် သော အ မဲ ဟင်း နှင့် မုန့် ကို သား ယာ ကုပ် လက် ၌ အပ် ပေး ၏။
  • 18 ယာ ကုပ် လည်း အ ဘ ထံ သို့ သွား ၍၊ အ ဘ ဟု ခေါ် လေ ၏။ အ ဘ က လည်း၊ ငါ ရှိ ၏ ငါ့ သား။ သင် သည် အ ဘယ် သူ နည်း ဟု မေး ၏။
  • 19 ယာ ကုပ် က လည်း၊ အ ကျွန်ုပ် ကား သား အ ကြီး ဧ သော ဖြစ် ပါ ၏။ အ ဘ မှာ ထား သည် အ တိုင်း ပြု ပါ ပြီ။ ထ ၍ ထိုင် ပါ။ အ ဘ ၏ ဝိ ညာဉ် သည် အ ကျွန်ုပ် ကို ကောင်း ကြီး ပေး မည် အ ကြောင်း၊ အ ကျွန်ုပ် ၏ အ မဲ သား ကို စား ပါ လော့ ဟု ဆို လေ ၏။
  • 20 အ ဘ ဣ ဇာက် က လည်း၊ ငါ့ သား၊ ဤ မျှ လောက် လျင် မြန် စွာ တွေ့ ရ သော အ ကြောင်း ကား၊ အ ဘယ် သို့ နည်း ဟု သား အား မေး လျှင်၊ အ ဘ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် အ ကျွန်ုပ် ရှိ ရာ သို့ ဆောင် ခဲ့ တော် မူ သော ကြောင့်၊ လျင် မြန် စွာ တွေ့ ရ ပါ သည် ဟု ပြန် ဆို လေ ၏။
  • 21 ဣ ဇာက် က လည်း၊ ငါ့ သား၊ သင် သည် ငါ့ သား ဧ သော မှန် သည် မ မှန် သည် ကို သိ လို ၍၊ သင့် ကို ငါ စမ်း သပ် စေ ခြင်း ငှါ၊ ငါ့ ထံ ပါး သို့ ချဉ်း ကပ် ပါ လော့ ဟု ဆို လျှင်၊
  • 22 ယာ ကုပ် သည် အ ဘ ထံ ပါး သို့ ချဉ်း ကပ် ၍၊ အ ဘ သည် စမ်း သပ် လျက်၊ အ သံ ကား ယာ ကုပ် ၏ အ သံ လက် တို့ ကား ဧ သော ၏ လက် ဖြစ် ပေ သည် ဟု ဆို လေ ၏။
  • 23 ထို သို့ သူ ၏ လက် တို့ သည် ဧ သော ၏ လက် ကဲ့ သို့ အ မွှေး ပါ သော ကြောင့်၊ ယာ ကုပ် ဖြစ် မှန်း ကို အ ဘ မ ရိပ် မိ သ ဖြင့်၊ ကောင်း ကြီး ပေး လေ ၏။
  • 24 သို့ ရာ တွင် တ ဖန် ကား၊ သင် သည် ငါ့ သား ဧ သော စင် စစ် အ မှန် ပင် ဖြစ် သ လော ဟု မေး ပြန် လျှင်၊ မှန် ပါ သည် ဟု ဆို ၏။
  • 25 အ ဘ က လည်း၊ ငါ့ ထံ ပါး သို့ သွင်း ခဲ့ ပါ။ ငါ့ ဝိ ညာဉ် သည် သင့် ကို ကောင်း ကြီး ပေး မည် အ ကြောင်း၊ ငါ့ သား ၏ အ မဲ သား ကို ငါ စား အံ့ ဟု ဆို လျှင်၊ ယာ ကုပ် သည် အ ဘ ထံ ပါး သို့ သွင်း ၍၊ အ ဘ စား လေ ၏။ စ ပျစ် ရည် ကို လည်း ပေး ၍ အ ဘ သောက် လေ ၏။
  • 26 ထို နောက် အ ဘ က၊ ငါ့ သား ချဉ်း ကပ် ၍ ငါ့ ကို နမ်း ပါ လော့ ဟု ဆို လျှင်၊ ယာ ကုပ် သည် ချဉ်း ကပ် ၍ အ ဘ ကို နမ်း လေ ၏။
  • 27 အ ဘ ဣ ဇာက် က လည်း၊ သူ့ အ ဝတ် ၏ အ နံ့ ကို ခံ ၍ ကြည့် ပါ။ ငါ့ သား ၏ အ နံ့ သည်၊ ထာ ဝ ရ ဘု ရား ကောင်း ကြီး ပေး တော် မူ သော လယ် ၏ အ မွှေး အ ကြိုင် နှင့် တူ ၏။
  • 28 ထို ကြောင့် ဘု ရား သ ခင် သည် မိုဃ်း ကောင်း ကင် ၏ နှင်း ကို ၎င်း၊ မြေ ကြီး ၏ ဆီ ဥ ကို ၎င်း၊ များ စွာ သော ဆန် စ ပါး၊ စ ပျစ် ရည် ကို ၎င်း၊ သင့် အား ပေး တော် မူ စေ သ တည်း။
  • 29 သူ တ ပါး တို့ သည် သင် ၌ ကျွန် ခံ ၍၊ အ ပြည် ပြည် တို့ သည် သင့် ရှေ့ မှာ ဦး ညွှတ် ရ ကြ စေ သ တည်း။ သင် သည် သင် ၏ ညီ အစ် ကို တို့ ၌ အ ရှင် ဖြစ် ၍၊ သင့် အ မိ ၏ သား တို့ သည် သင့် ရှေ့ မှာ ဦး ညွှတ် ရ ကြ စေ သ တည်း။ သင့် ကို ကျိန် ဆဲ သော သူ အ ပေါင်း တို့ သည် ကျိန် ဆဲ ခြင်း ကို ခံ ရ ကြ စေ သ တည်း။ သင့် ကို ကောင်း ကြီး ပေး သော သူ အ ပေါင်း တို့ သည် ကောင်း ကြီး ကို ခံ ရ ကြ စေ သ တည်း ဟု ကောင်း ကြီး ပေး လေ ၏။
  • 30 ယာ ကုပ် သည်၊ အ ဘ ဣ ဇာက် ပေး သော ကောင်း ကြီး မင်္ဂ လာ ကို ခံ ၍၊ အ ဘ ထံ မှ ထွက် သွား သော ခ ဏ ခြင်း တွင်၊ အစ် ကို ဧ သော သည် မု ဆိုး ပြု ရာ မှ ရောက် လာ ၏။
  • 31 သူ သည် လည်း အ မဲ ဟင်း လျာ ကို ချက် ၍ အ ဘ ထံ သို့ ဆောင် ခဲ့ ပြီး လျှင်၊ အ ကျွန်ုပ် အ ဘ ၏ ဝိ ညာဉ် သည်၊ အ ကျွန်ုပ် ကို ကောင်း ကြီး ပေး မည် အ ကြောင်း၊ သား ၏ အ မဲ သား ကို ထ ၍ စား ပါ လော့ ဟု ဆို လေ ၏။
  • 32 အ ဘ ဣ ဇာက် က လည်း၊ သင် သည် အ ဘယ် သူ နည်း ဟု မေး လျှင်၊ အ ကျွန်ုပ် ကား သား အ ကြီး ဧ သော ဖြစ် ပါ ၏ ဟု ဆို လေ သော်၊ အ ဘ ဣ ဇာက် သည် အ လွန် တုန် လှုပ် ၍၊ အ ဘယ် သူ နည်း၊
  • 33 အ မဲ သား ကို ရ ၍၊ ငါ့ ထံ သို့ ဆောင် ခဲ့ ပြီး သော သူ သည် အ ဘယ် မှာ ရှိ သ နည်း။ သင် မ ရောက် မှီ ငါ သည် အ ကုန် အ စင် စား ပြီး ၍၊ သူ့ ကို ကောင်း ကြီး ပေး မိ ပြီ။ သူ သည် ကောင်း ကြီး မင်္ဂ လာ ကို ဧ ကန် အ မှန် ခံ ရ လိမ့် မည် ဟု ဆို လေ ၏။
  • 34 အ ဘ ဆို သော စ ကား ကို ဧ သော ကြား လျှင်၊ အ လွန် ပြင်း သော အ သံ နှင့် သည်း ထန် စွာ ငို ကြွေး လျက်၊ အို အ ဘ၊ အ ကျွန်ုပ် ကို လည်း ကောင်း ကြီး ပေး ပါ လော့၊ ပေး ပါ လော့ ဟု ဆို သော်၊
  • 35 အ ဘ က၊ သင့် ညီ သည် လိမ္မာ စွာ လာ ၍၊ သင် ၏ ကောင်း ကြီး မင်္ဂ လာ ကို ယူ သွား ပြီ ဟု ဆို လေ ၏။
  • 36 ဧ သော က လည်း၊ သူ့ ကို ယာ ကုပ် ဟူ သော အ မည် ဖြင့် လျောက် ပတ် စွာ မှည့် ပါ ပြီ မ ဟုတ် လော။ အ ကျွန်ုပ် ကို နှစ် ကြိမ် လှည့် စား ၍ နိုင် ပါ ပြီ။ သား ဦး အ ရိပ် အ ရာ ကို အ ရင် ယူ သွား ပါ ပြီ။ ယ ခု လည်း တ ဖန် အ ကျွန်ုပ် ၏ ကောင်း ကြီး မင်္ဂ လာ ကို ယူ သွား ပါ ပြီ ဟူ ၍ ၎င်း၊ အ ကျွန်ုပ် အ ဘို့ ကောင်း ကြီး မင်္ဂ လာ တ ပါး ကို မျှ မ ခြွင်း ပါ သ လော ဟူ ၍ ၎င်း ဆို လေ ၏။
  • 37 ဣ ဇာက် က လည်း၊ သူ့ ကို သင် ၏ အ ရှင် ဖြစ် စေ ပြီ။ ညီ အစ် ကို အ ပေါင်း တို့ ကို သူ ၌ ကျွန် ခံ စေ ပြီ။ ဆန် စ ပါး၊ စ ပျစ် ရည် နှင့် သူ့ ကို ထောက် မ ပြီ။ သို့ ဖြစ် ၍ ငါ့ သား၊ သင် ၌ အ ဘယ် သို့ ပြု နိုင် တော့ အံ့ နည်း ဟု၊ ဧ သော အား ပြန် ပြော လျှင်၊
  • 38 ဧ သော က၊ အို အ ဘ၊ ကောင်း ကြီး မင်္ဂ လာ တ စုံ တ ခု မျှ မ ရှိ ပါ သ လော။ အို အ ဘ၊ အ ကျွန်ုပ် ကို လည်း ကောင်း ကြီး ပေး ပါ လော့၊ ပေး ပါ လော့ ဟု အ ဘ အား ပြော ဆို လျက်၊ တ ဖန် အ သံ ကို လွှင့် ၍ ငို ကြွေး လေ ၏။
  • 39 အ ဘ ဣ ဇာက် က လည်း၊ ကြည့် ရှု ပါ။ သင် ၏ နေ ရာ သည် မြေ ကြီး ၏ ဆီ ဥ နှင့် ၎င်း၊ အ ထက် မိုဃ်း ကောင်း ကင် ၏ နှင်း နှင့် ၎င်း ပြည့် စုံ လိမ့် မည်။
  • 40 ထား ဖြင့် အ သက် ကို မွေး ရ လိမ့် မည်။ ညီ ၌ ကျွန် ခံ ရ လိမ့် မည်။ နောက် တ ဖန် အ စိုး ရ သော အ ခါ၊ သူ တင် သော ထမ်း ဘိုး ကို သင် ၏ လည် ပင်း မှ ချိုး ပယ် လိမ့် မည် ဟု ပြန် ၍ ဆို လေ ၏။
  • 41 အ ဘ သည် ယာ ကုပ် အား ပေး သော ကောင်း ကြီး မင်္ဂ လာ ကြောင့်၊ ဧ သော သည် ယာ ကုပ် ကို အ ငြိုး ထား ၍၊ ငါ့ အ ဘ ကြောင့် ညည်း တွား ရ သော နေ့ ရက် ကာ လ အ ချိန် နီး ပြီ။ ထို အ ခါ ငါ့ ညီ ယာ ကုပ် ကို ငါ သတ် မည် ဟု၊ အ ကြံ နှင့် ပြော လေ ၏။
  • 42 ထို သို့ သား ကြီး ဧ သော ပြော သော စ ကား ကို အ မိ ရေ ဗက္က ကြား လျှင်၊ သား ငယ် ယာ ကုပ် ကို ခေါ် ၍၊ သင် ၏ အစ် ကို ဧ သော သည် သင့် ကို သတ် သ ဖြင့်၊ သင့် အ မှု ၌ စိတ် ပြေ လိမ့် မည်။
  • 43 ထို ကြောင့်၊ ငါ့ သား၊ ငါ့ စ ကား ကို နား ထောင် ပါ။ ငါ့ မောင် လာ ဗန် နေ ရာ ခါ ရန် မြို့ သို့ ထ ၍ ပြေး သွား ပါ လော့။
  • 44 သင် ၏ အစ် ကို စိတ် ပြေ သည် တိုင် အောင်၊ သူ့ ထံ မှာ ခ ဏ ရှောင် ၍ နေ ပါ လော့။
  • 45 သင် ၏ အစ် ကို စိတ် ပြေ ၍၊ သင် သည် သူ ၌ ပြု သော အ မှု ကို သူ မေ့ လျော့ သော အ ခါ၊ ငါ မှာ လိုက် ၍၊ ထို အ ရပ် မှ သင့် ကို ဆောင် ခဲ့ စေ မည်။ ငါ့ သား နှစ် ယောက် လုံး ကို တ နေ့ ခြင်း တွင် အ ဘယ် ကြောင့် ငါ ရှုံး ရ မည် နည်း ဟု ဆို လေ ၏။
  • 46 တ ဖန် ရေ ဗက္က သည် ဣ ဇာက် ထံ သို့ သွား ၍၊ ကျွန် မ သည် ဟေ သ အ မျိုး သ မီး တို့ ကြောင့်၊ ကိုယ် အ သက် ကို ငြီး ငွေ့ လှ ၏။ ဤ ပြည် သူ သ မီး ကဲ့ သို့ သော သူ၊ ဟေ သ အ မျိုး သ မီး နှင့် ယာ ကုပ် အိမ် ထောင် ဘက် ပြု လျှင်၊ ကျွန် မ အ သက် ရှင် ၍ အ ဘယ် ကျေး ဇူး ရှိ ပါ လိမ့် မည် နည်း ဟု ပြော ဆို လေ ၏။
回到本卷目录 回到本版本目录 回到首页