1
မြေ ကြီး သား အ ပေါင်း တို့ သည် ဘာ သာ တ မျိုး တည်း၊ စ ကား တ မျိုး တည်း ရှိ ကြ သည် ဖြစ် ၍၊
2
အ ရှေ့ မျက် နှာ မှ ခ ရီး သွား သ ဖြင့်၊ ရှိ နာ ပြည် ၌ မြေ ညီ ရာ အ ရပ် ကို တွေ့ ၍ နေ ရာ ချ ကြ ၏။
3
သူ တို့ က လည်း လာ ကြ။ အုတ် လုပ် ၍ ခိုင် မာ စွာ ဖုတ် ကြ ကုန် အံ့ ဟု၊ တ ယောက် ကို တ ယောက် ပြော ကြ ၏။ ထို သို့ ကျောက် အ ရာ ၌ အုတ် ကို ၎င်း၊ သ ရွတ် အ ရာ ၌ ရေ ညှိ တ မျိုး ကို ၎င်း ရ ပြီး လျှင်၊
4
လာ ကြ၊ မြေ ကြီး တ ပြင် လုံး ၌ အ ရပ် ရပ် ကွဲ ပြား မည် ကို စိုး ရိမ် ၍၊ မြို့ ကို ၎င်း၊ မိုဃ်း ကောင်း ကင် သို့ မှီ ရ သော ရဲ တိုက် ကို ၎င်း တည် လုပ် သ ဖြင့်၊ ကျော် စော ကိတ္တိ ရှိ စေ ခြင်း ငှါ ပြု ကြ ကုန် အံ့ ဟု ပြော ဆို ကြ ၏။
5
ထို သို့ လူ သား တို့ တည် လုပ် သော မြို့ နှင့် ရဲ တိုက် ကို ကြည့် ရှု ခြင်း ငှါ၊ ထာ ဝ ရ ဘု ရား သည် ဆင်း သက် တော် မူ ၏။
6
ထာ ဝ ရ ဘု ရား က၊ ကြည့် ရှု လော့။ လူ တ မျိုး တည်း၊ စ ကား တ မျိုး တည်း ရှိ သည် ဖြစ် ၍၊ သူ တို့ သည် ဤ အ မှု ကို အ ဦး ပြု ကြ ၏။ ယ ခု ကြံ စည် သ မျှ တို့ ကို အ ဆီး အ တား မ ရှိ၊ သူ တို့ ပြု ကြ လိမ့် မည်။
7
လာ ကြ။ ဆင်း သက် ကြ ကုန် အံ့။ သူ တို့ သည် အ ချင်း ချင်း နား မ လည် စေ ခြင်း ငှါ၊ သူ တို့ စ ကား ကို ရှုတ် ထွေး ကြ ကုန် အံ့ ဟု မိန့် တော် မူ ၏။
8
ထို သို့ ထာ ဝ ရ ဘု ရား သည် သူ တို့ ကို မြေ ကြီး တ ပြင် လုံး ၌ အ ရပ် ရပ် ကွဲ ပြား စေ တော် မူ သ ဖြင့်၊ သူ တို့ သည် မြို့ ကို မ တည် ဘဲ နေ ကြ ၏။
9
သို့ ဖြစ် ၍ ထို မြို့ ၌ ထာ ဝ ရ ဘု ရား သည် မြေ ကြီး သား အ ပေါင်း တို့ ၏ စ ကား ကို ရှုတ် ထွေး ၍၊ သူ တို့ ကို မြေ ကြီး တ ပြင် လုံး ၌ အ ရပ် ရပ် ကွဲ ပြား စေ တော် မူ သော ကြောင့်၊ ထို မြို့ သည် ဗာ ဗု လုန် မြို့ ဟူ ၍ တွင် သ တည်း။
10
ရှေ မ ၏ သား စဉ် မြေး ဆက် ဟူ မူ ကား၊ ရှေ မ သည် အ သက် တ ရာ ရှိ ၍၊ ရေ လွှမ်း မိုး သော နောက် နှစ် နှစ် ကြာ သော်၊ သား အာ ဖာ ဇဒ် ကို မြင် လေ ၏။
11
အာ ဖာ ဇဒ် ဘွား မြင် သော နောက်၊ ရှေ မ သည် အ နှစ် ငါး ရာ အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
12
အာ ဖာ ဇဒ် သည် အ သက် သုံး ဆယ် ငါး နှစ် ရှိ သော်၊ သား ရှာ လ ကို မြင် လေ ၏။
13
ရှာ လ ဘွား မြင် သော နောက်၊ အာ ဖာ ဇဒ် သည် အ နှစ် လေး ရာ သုံး နှစ် အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
14
ရှာ လ သည် အ သက် သုံး ဆယ် ရှိ သော်၊ သား ဟေ ဗာ ကို မြင် လေ ၏။
15
ဟေ ဗာ ဘွား မြင် သော နောက်၊ ရှာ လ သည် အ နှစ် လေး ရာ သုံး နှစ် အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
16
ဟေ ဗာ သည် အ သက် သုံး ဆယ် လေး နှစ် ရှိ သော်၊ သား ဖာ လက် ကို မြင် လေ ၏။
17
ဖာ လက် ဘွား မြင် သော နောက်၊ ဟေ ဗာ သည် အ နှစ် လေး ရာ သုံး ဆယ် အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
18
ဖာ လက် သည် အ သက် သုံး ဆယ် ရှိ သော်၊ သား ရာ ဂေါ ကို မြင် လေ ၏။
19
ရာ ဂေါ ဘွား မြင် သော နောက်၊ ဖာ လက် သည် အ နှစ် နှစ် ရာ ကိုး နှစ် အ သက် ရှင် ၍၊ သား သ မီး များ ကို ဘွား မြင် လေ ၏။
20
ရာ ဂေါ သည် အ သက် သုံး ဆယ် နှစ် နှစ် ရှိ သော်၊ သား စေ ရောက် ကို မြင် လေ ၏။
21
စေ ရောက် ဘွား မြင် သော နောက်၊ ရာ ဂေါ သည် အ နှစ် နှစ် ရာ ခု နစ် နှစ် အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
22
စေ ရောက် သည် အ သက် သုံး ဆယ် ရှိ သော်၊ သား နာ ခေါ် ကို မြင် လေ ၏။
23
နာ ခေါ် ဘွား မြင် သော နောက်၊ စေ ရောက် သည် အ နှစ် နှစ် ရာ အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
24
နာ ခေါ် သည် အ သက် နှစ် ဆယ် ကိုး နှစ် ရှိ သော်၊ သား တေ ရ ကို မြင် လေ ၏။
25
တေ ရ ဘွား မြင် သော နောက်၊ နာ ခေါ် သည် အ နှစ် တ ရာ တ ဆယ် ကိုး နှစ် အ သက် ရှင် ၍၊ သား သ မီး များ ကို မြင် လေ ၏။
26
တေ ရ သည် အ သက် ခု နစ် ဆယ် ရှိ သော်၊ သား အာ ဗြံ၊ နာ ခေါ်၊ ခါ ရန် တို့ ကို မြင် လေ ၏။
27
တေ ရ ၏ သား စဉ် မြေး ဆက် ဟူ မူ ကား၊ တေ ရ သည် အာ ဗြံ၊ နာ ခေါ်၊ ခါ ရန် တို့ ကို မြင် လေ ၏။
28
ခါ ရန် သည် လည်း လော တ ကို မြင် လေ ၏။ ခါ ရန် သည်၊ အ ဘ တေ ရ မ သေ မှီ၊ မိ မိ ဘွား ရာ အ ရပ်၊ ခါ လ ဒဲ ပြည် သား တို့ နေ သော ဥ ရ မြို့ ၌ သေ လေ ၏။
29
အာ ဗြံ နှင့် နာ ခေါ် သည် မ ယား ကို ယူ ၍၊ အာ ဗြံ ၏ မ ယား ကား၊ စာ ရဲ အ မည် ရှိ ၏။ နာ ခေါ် ၏ မ ယား ကား၊ ခါ ရန် ၏ သ မီး မိ လ ခါ အ မည် ရှိ ၏။ ခါ ရန် သည် မိ လ ခါ နှင့် ဣ သ ခ ၏ အ ဘ ဖြစ် သ တည်း။
30
စာ ရဲ မူ ကား၊ မြုံ သော မိန်း မ ဖြစ် ၍၊ သား သ မီး မ ရှိ။
31
တေ ရ သည် သား အာ ဗြံ ကို ၎င်း၊ ခါ ရန် ၏ သား ဖြစ် သော မြေး လော တ ကို ၎င်း၊ သား အာ ဗြံ ၏ မ ယား ဖြစ် သော မိ မိ ချွေး မ စာ ရဲ ကို ၎င်း ခေါ် ၍၊ သူ တို့ သည် ခါ နာန် ပြည် သို့ သွား ခြင်း ငှါ၊ ခါ လ ဒဲ ပြည် သား တို့ နေ သော ဥ ရ မြို့ မှ ထွက် သ ဖြင့်၊ ခါ ရန် မြို့ သို့ ရောက် ၍ နေ ကြ ၏။
32
တေ ရ သည် အ သက် နှစ် ပေါင်း နှစ် ရာ ငါး နှစ် ရှိ သော်၊ ခါ ရန် မြို့ ၌ သေ လေ ၏။