ယု​ဒ-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယေ ရှု ခ ရစ်၏ ကျွန်၊ ယာ ကုပ်၏ ညီ ဖြစ် သော ယု ဒ က အ ဘ ဘု ရား သ ခင် ချစ် တော် မူ သူ၊ ယေ ရှု ခ ရစ် အ ဖို့ စောင့် ထိန်း ၍ ခေါ် ထား တော် မူ သူ တို့ ထံ ရေး လိုက် သည် မှာ၊
  • 2 သင် တို့၌ မေ တ္တာ တော်၊ က ရု ဏာ တော် နှင့် ငြိမ် သက် ခြင်း များ ပြား ပါ စေ သော။
  • 3 ချစ် သူ တို့၊ ငါ တို့ ဆက် ဆံ ကြ သော ကယ် တင် တော် မူ ခြင်း အ ကြောင်း သင် တို့ ထံ ရေး လိုက် ရန် စေ တ နာ ရှိ သော် သီး သန့် ထား တော် မူ သူ တို့ အား အ ပြီး သတ် လွှဲ အပ် တော် မူ ခဲ့ သည့် ယုံ ကြည် ခြင်း တ ရား တော် အ ဖို့ လုံ့ လ ထုတ် ကြ အံ့ သော ငှာ နှိုး ဆော် စာ ငါ ရေး လိုက်၏။
  • 4 အ သို့ ဆို သော် ရှေး ဟောင်း ကျမ်း ချက် အ ရ သင့် လ တ္တံ့ သော စီ ရင် ဒဏ် ခံ ရ မည့် ဘု ရား တ ရား မဲ့ သူ အ ချို့ တို့ သည် လျှို့ တ ဝှက် ဝင် လာ၍ ငါ တို့ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ကာ မ ဂုဏ် လိုက် စား ခြင်း အ ကြောင်း ဖြစ် စေ လျက် တစ် ပါး တည်း သော ငါ တို့ အ ရှင် သ ခင် ယေ ရှု ခ ရစ် ကို ငြင်း ဆို ကြ လေ စွ။
  • 5 ငါ သ တိ ပေး လို သည့် အ ကြောင်း မှာ အ ထက် က အ စုံ အ လင် သင် တို့ သိ ခဲ့ ကြ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို အိ ဂျစ် ပြည် ထဲ က ကယ် လွှတ် ပြီး လျှင် နောက် တစ် ဖန် မ ယုံ ကြည် သူ တို့ ကို ဖျက် ဆီး တော် မူ ကြောင်း၊
  • 6 ကိုယ့် အ ခွင့် အာ ဏာ ကို မ စောင့်၊ နေ ရာ ရင်း မှ စွန့် ခွာ သော စေ တ မန် တော် တို့ ကို စီ ရင် ဆုံး ဖြတ် ရာ နေ့ တော် ကြီး မ တိုင် မ ချင်း မှောင် မိုက် ထဲ တွင် ထာ ဝ ရ အ ချုပ် နှင့် နှောင် ထား တော် မူ ကြောင်း၊
  • 7 သော ဒုံ၊ ဂေါ မော ရ မြို့ မှ စ၍ ပတ် ဝန်း ကျင် ရှိ မြို့ ရွာ များ ကို လည်း ၎င်း တို့ နည်း တူ မ တ ရား မေ ထုန် ပြု ကျင့်၍ ဓ မ္မ တာ နှင့် ဆန့် ကျင် ကြ သော ကြောင့် ထာ ဝ ရ မီး ဒဏ် ခံ ရ သော ပုံ ထုံး အ ဖြစ် ထား တော် မူ ကြောင်း များ တည်း။
  • 8 ဤ သို့ ဖြစ် သော် လည်း ဆို ခဲ့ သော ယောင် ယမ်း သူ တို့ သည် ထို နည်း တူ ကိုယ် ကို ညစ် ညူး စေ လျက် အာ ဏာ ပိုင် များ ကို မ ထီ လေး စား ခြင်း၊ ဘုန်း ရှင် များ ကို ကဲ့ ရဲ့ ခြင်း ပြု တတ် ကြ ၏။
  • 9 စေ တ မန် တော် မင်း မိ က္ခေ လ ပင် မော ရှေ၏ အ လောင်း အ ကြောင်း မာရ် နတ် နှင့် ပြိုင် ဆိုင် ငြင်း ခုံ သည့် ကာ လ ကဲ့ ရဲ့၍ စွဲ ဆို ချက် မ တင် ဝံ့ ဘဲ ထာ ဝ ရ ဘု ရား သည် သင့် ကို ဆုံး မ တော် မူ ပါ စေ သော ဟူ၍ သာ ဆို၏။
  • 10 သူ တို့ မူ ကား ကိုယ် မ သိ သော အ ရာ ရှိ သ မျှ ကို ပုတ် ခတ် သည့် ပြင် ဉာဏ် မဲ့ သော တိ ရ စ္ဆာန် များ ကဲ့ သို့ ပြ က တေ့ အ တိုင်း နား လည် သော အ ရာ များ ဖြင့် ပျက် စီး တတ် ကြ၏။ သူ တို့ ၌ အ ကျိုး နည်း လေ စွ။
  • 11 ကာ ဣ န၏ နည်း လမ်း အ တိုင်း လျှောက် လျက် အ ခ အ ဖို့ ဗာ လမ်၏ မိုက် မှား ခြင်း အ လိုက် ပြေး လျက် ကော ရ၏ ခု ခံ ခြင်း ဖြင့် ပျက် စီး ကြ၏။
  • 12 သင် တို့ မေ တ္တာ ပွဲ များ တွင် အ တူ စား သောက် စဉ် မ ကြောက် မ ရွံ့ ဘဲ ကိုယ် ကို ကျွေး မွေး သ ဖြင့် အ စွန်း အ ကွက် များ၊ လေ တိုက် ရာ ရေ ကင်း သော မိုး တိမ် များ၊ အ သီး အ ရွက် မဲ့ လျက် နှစ် ထပ် သေ၍ အ မြစ် ပါ နုတ် ပြီး သစ် ပင် များ၊
  • 13 ကိုယ့် ရှက် ဖွယ် ရာ ကို အ မြုပ် ထ စေ သော ပင် လယ် လှိုင်း ပြင်း များ၊ ကြယ် ပျံ များ ဖြစ် ကြ သည့် အ လျောက် ချင်း တို့ အ ဖို့ ကာ လ အ စဉ် မှောင် မိုက် အ တိ ဒဏ် ရန် ထား လျက် ရှိ၏။
  • 14 ထို သူ တို့ နှင့် စပ်၍ လည်း အာ ဒံ မှ ခု နစ် ဆက် မြောက်၊ ဧ နောက် က ထာ ဝ ရ ဘု ရား သည် လူ ခပ် သိမ်း တို့ ကို ပြစ် ဒဏ် စီ ရင် ခြင်း ငှာလည်း ကောင်း၊ တ ရား မဲ့ သော အ ပြစ် သား တို့၌ မ တ ရား မှု ပြု ကြ သော မ တ ရား မှု ရှိ သ မျှ နှင့် ကိုယ် တော် ကို မ တ ရား ပုတ် ခတ် မှု ရှိ သ မျှ အ တွက် ဆုံး မ ခြင်း ငှာလည်း ကောင်း၊ သန့် ရှင်း သော အ ခြံ အ ရံ ကု ဋေ သင်္ချေ နှင့် တ ကွ ကြွ လာ တော် မူ လိမ့် တ ကား ဟု တင် ကူး ဟော ပြော ၏။
  • 15
  • 16 ထို သူ တို့ သည် ဝန် တို ညည်း ညူ လျက် ကိုယ့် တပ် မက် ခြင်း အ တိုင်း လျှောက် လိုက် သူ၊ စ ကား လုံး ကြီး များ ပြော ဆို သူ ကိုယ့် အ ကျိုး ကို ငဲ့၍ မျက် နှာ ကြီး ငယ် ထောက် သူ များ ဖြစ် ကြ ၏။
  • 17 ချစ် သား ဖြစ် သော သင် တို့ မူ ကား အ န္တိ မ ကာ လ တွင် ကိုယ် မ တ ရား သော၊ တပ် မက် ခြင်း များ ကို လိုက် စား သော လူ သ ရော် တို့ ပေါ် လာ မည် ဟု ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ တ မန် တော် တို့ အ ထက် ဟော ပြော သော စ ကား များ ကို သ တိ ရ ကြ လော့။
  • 18
  • 19 ထို သူ တို့ သည် ဝိ ညာဉ် တော် ကို မ ရ သ ဖြင့် ပြ က တေ့ လူ ဖြစ် လျက် သင်း ခွဲ တတ် ကြ၏။
  • 20 ချစ် သား ဖြစ် သော သင် တို့ မူ ကား သင် တို့ အ ထူး သန့် ရှင်း သော ယုံ ကြည် ခြင်း တ ရား တော့် အ ပေါ်၌ ကိုယ် ကို တည် ဆောက် လျက် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ပ ဌ နာ ပြု လျက်၊
  • 21 ထာ ဝ ရ အ သက် ကို ဝင် စား ရ သည့် တိုင် အောင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ က ရု ဏာ တော် ကို စောင့် မျှော် လျက် ဘု ရား သ ခင်၏ မေ တ္တာ တော်၌ ကိုယ် ကို စောင့် ထိန်း ကြ လော့။
  • 22 အ ချို့ တို့ ကို ယုံ မှား သံ သ ယ ရှိ ကြ သည့် အ လျောက် က ရု ဏာ သက်၍ မီး ထဲ မှ ဆွဲ ယူ ကယ် တင် ကြ လော့။
  • 23 အ ချို့ တို့ ကား ဇာ တိ သ ဘော အား ဖြင့် စွန်း ကွက် သော အ ဝတ် အ စား ကို ပင် စက် ဆုပ် လျက် ကြောက် ရွံ့ ခြင်း နှင့် တ ကွ က ရု ဏာ သက် ကြ လော့။
  • 24 သင် တို့ ကို မ လဲ မ ပြို စေ ရန် ကွယ် ကာ လျက် အ ပြစ် အ နာ မ ရှိ ဘဲ ရွှင် လန်း သော စိတ် နှင့် ဘုန်း တော် ရှေ့ ဆက် သ နိုင် တော် မူ ထ သော၊
  • 25 ငါ တို့ ကယ် တင် ရှင် တစ် ဆူ တည်း သော ဘု ရား သ ခင် သည် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် အ တိတ်၊ ပ စ္စု ပ္ပန် ကမ္ဘာ အ ဆက် ဆက်၊ ဘုန်း တော်၊ တန် ခိုး တော်၊ အာ နု ဘော် တော်၊ အာ ဏာ တော် ကြီး ပါ စေ သ တည်း။ အာ မင်။
回到本卷目录 回到本版本目录 回到首页