၂ ပေ-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယေ ရှု ခ ရစ်၏ ကျွန်၊ ယေ ရှု ခ ရစ်၏ တ မန် တော် ဖြစ် သော ရှိ မုန် ပေ တ ရု က ငါ တို့ ဘု ရား သ ခင် နှင့် ကယ် တင် ရှင် ယေ ရှု ခ ရစ်၏ မျှ တ ခြင်း ဖြင့် ငါ တို့ နှင့် အ မျှ မြတ် သော ယုံ ကြည် ခြင်း အ ခွင့် ကို ရ ရှိ သူ တို့ ထံ ရေး လိုက် သည် မှာ၊
  • 2 ဘု ရား သ ခင် မှ စ၍ ငါ တို့ အ ရှင် ယေ ရှု နှင့် အ ကျွမ်း ဝင် ခွင့် ဖြင့် သင် တို့၌ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း များ ပြား ပါ စေ သော။
  • 3 ဘုန်း တော် ဂုဏ် တော် အ လျောက် ငါ တို့ အား ခေါ် ထား တော် မူ သော အ ရှင် နှင့် အကျွမ်း ဝင် ခွင့် ကြောင့် အ သက် ချမ်း သာ မှ စ၍ ဘုရား တ ရား ကြည် ညို ခြင်း နှင့် ဆိုင် သော အ ရာ ရာ ကို ဘု ရား တန် ခိုး တော် သည် သ နား တော် မူ သည့် နည်း တူ၊
  • 4 တ ဏှာ ဖြင့် ဤ လော က တွင် ရှိ သော သင်္ခါ ရ တ ရား မှ သင် တို့ လွတ် မြောက်၍ ဘု ရား ဇာ တိ တော် ကို ဆက် ဆံ ရ စေ ခြင်း ငှာ ထို ဘုန်း တော် ဂုဏ် တော် အား ဖြင့် လွန် ကဲ မြင့် မြတ် သော က တိ တော် များ ကို လည်း သ နား တော် မူ လေ ပြီ။
  • 5 ထို အ ကြောင်း ကြောင့် သင် တို့ ယုံ ကြည် ခြင်း အ ပေါ် တွင် စွမ်း ရည် ကောင်း ခြင်း ကို လည်း ကောင်း၊
  • 6 စွမ်း ရည် ကောင်း ခြင်း အ ပေါ် တွင် သိ ကျွမ်း ခြင်း ကို လည်း ကောင်း၊ သိ ကျွမ်း ခြင်း အ ပေါ် တွင် ချုပ် တည်း ခြင်း ကို လည်း ကောင်း၊ ချုပ် တည်း ခြင်း အ ပေါ် တွင် တည် ကြည် ခြင်း ကိုလည်း ကောင်း၊ တည် ကြည် ခြင်း အ ပေါ် တွင် ဘု ရား တ ရား ကြည် ညို ခြင်း ကို လည်း ကောင်း၊
  • 7 ထို ကြည် ညို ခြင်း အ ပေါ် တွင် သင်္ဂ ဟ ဝတ် ကြေ ခြင်း ကိုလည်း ကောင်း၊ သင်္ဂ ဟ ဝတ် ကြေ ခြင်း အ ပေါ် တွင် မေ တ္တာ ရှိ ခြင်း ကို လည်း ကောင်း အ နည်း နည်း အား ဖြင့် လုံ့ လ ထုတ်၍ ထပ် ဆင့် ကြ လော့။
  • 8 ထို သီ လ များ တည် နေ တိုး တက် လျှင် ငါ တို့ အ ရှင် ယေ ရှု ခ ရစ် နှင့် အ ကျွမ်း ဝင် ခွင့်၌ သင် တို့ သည် ပျင်း ရိ ခြင်း၊ အ သီး မဲ့ ခြင်း ကင်း ကြ လိမ့် မည်။
  • 9 မ တည် လျှင် မူ ကား စ က္ခု မှုံ သူ၊ မျက် မ မြင် သူ၊ ရှေး ဟောင်း အ ပြစ် ဆေး ကြော ခြင်း ကို သ တိ လစ် သူ များ ဖြစ် ကြ လေ စွ။
  • 10 သို့ ဖြစ်၍ ညီ အစ် ကို တို့၊ သင် တို့ ခံ ရ သော ခေါ် ထား တော် မူ ခြင်း နှင့် ရွေး ကောက် တော် မူ ခြင်း ကို တည် မြဲ စေ ခြင်း ငှာ အ ထူး လုံ့ လ ထုတ် ကြ လော့။ ထို အ ရာ များ ကို ပြု ကျင့် လျှင် သင် တို့ သည် မည် သည့် အ ခါ မျှ မ မှောက် မှား မည့် အ လျောက်၊
  • 11 ငါ တို့ ကို ကယ် တင် သော ယေ ရှု ခ ရစ် အ ရှင် ဘု ရား၏ ထာ ဝ ရ နိုင် ငံ တော် ထဲ သို့ ဝင် ရောက် ခွင့် ကို ကြွယ် ဝ စွာ သ နား တော် မူ လိမ့် မည်။
  • 12 ထို ကြောင့် သင် တို့ ပါ ရှိ သော သ မ္မာ တ ရား တော်၌ တည် ကြည် လျက် ဆို ခဲ့ သည့် အ ကြောင်း အ ရာ အ များ ကို သိ ကြ သော် လည်း အ စဉ် မ ပြတ် ငါ သ တိ ပေး သည့် ပြင်၊
  • 13 ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ဖော် ပြ တော် မူ သည့် အ တိုင်း ပင် မ ကြာ မီ ဤ ယာ ယီ တဲ မှ ငါ ထွက် ခွာ ရ မည် ကို သိ လျက် တည်း ခို သ မျှ အ တွင်း သ တိ ပေး နှိုး ဆော် သင့် ကြောင်း ငါ သ ဘော ရ သည့် အ လျောက်၊
  • 14
  • 15 ထွက် ခွာ ပြီး နောက် လည်း အ ခါ ခပ် သိမ်း သင် တို့ သ တိ ရ ကြ စေ ရန် လုံ့ လ ထုတ် လိမ့် မည်။
  • 16 ငါ တို့ အ ရှင် ယေ ရှု ခ ရစ် တန် ခိုး တော် ဆောင် ခြင်း၊ ကြွ လာ တော် မူ ခြင်း အ ကြောင်း ကို သင် တို့ အား ငါ တို့ ဖော် ပြ သည် တွင် ကြံ ဖန် သော ပုံ ဝ တ္ထု များ ကို လိုက် နာ သူ မ ဟုတ် ဘဲ၊
  • 17 ဤ သူ ကား ငါ နှစ် သက် မြတ် နိုး ရာ ချစ် သား ပေ တည်း ဟု ဘုန်း တော် ရောင် ခြည် က ဗျာ ဒိတ် တော် သံ ရောက် လာ သည့် အ တိုင်း ခ မည်း တော် ဘု ရား သ ခင့် အ ထံ တော် မှ ဘုန်း အ သ ရေ ကို ခံ စား တော် မူ ရာ၊
  • 18 ငါ တို့ သည် ကိုယ် တော် နှင့် အ တူ သန့် ရှင်း သော တောင် ပေါ် မှာ ရှိ နေ စဉ် ကောင်း ကင် ဘုံ က ရောက် လာ သော ထို ဗျာ ဒိတ် တော် သံ ကို ကြား နာ ခွင့်၊ မ ဟာ တန် ခိုး တော် ကို ဒိ ဋ္ဌ ဖူး မျှော် ခွင့် ရ သူ ဖြစ် ကြ သည့် အ လျောက်၊
  • 19 ပ ရော ဖက် တို့ ဟော ချက် သည် ငါ တို့ ၌ အ တည် ဖြစ်၏။ မည် သည့် ပ ရော ဖက် ဟော ချက် မျှ လူ့ အ လို အ လျောက် မ ရောက်၊ သန့် ရှင်း သော ဝိ ညာဉ် တော်၏ အ နှိုး အ ဆော် ကို ခံ ရ သူ တို့ သည် ဘု ရား သ ခင့် ဗျာ ဒိတ် တော် ကို ဆင့် ဆို ရ သည် နှင့် အ ညီ ပ ရော ဖက် ကျမ်း တော် ချက် အ နက် ကို လူ့ သ ဘော အ တိုင်း မ ဖွင့် ရ ကြောင်း အ ထူး မှတ် သား လျက် သင် တို့ စိတ် နှ လုံး၌ အ ရုဏ် တက်၍ မိုး သောက် ကြယ် မ ပေါ် မ ချင်း မှောင် မိုက်၌ ထွန်း လင်း သော မီး ရှူး သ ဖွယ် ပ ရော ဖက် ဟော ချက် ကို အ လေး ဂ ရု ပြု သင့်၏။
  • 20
  • 21
回到本卷目录 回到本版本目录 回到首页