၁ ပေ-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယေ ရှု ခ ရစ်၏ တ မန် တော် ဖြစ် သော ပေ တ ရု က ခ မည်း တော် ဘု ရား သ ခင်၏ အ နာ ဂ တံ သ ဉာဏ် တော် အ လျောက် နား ထောင် ခွင့် ယေ ရှု ခ ရစ်၏ အ သွေး တော် ဖျန်း ပက် ခံ ခွင့် ရ စေ ရန် ဝိ ညာဉ် တော် သီး သန့် ထား ခြင်း အား ဖြင့် ရွေး ချယ် တော် မူ သူ ပု န္တု ဂ လ တိ က ပ္ပ ဒေါ ကိ အာ ရှိ ဗိ သု နိ ပြည် များ တွင် ကွဲ လွင့် တည်း ခို သူ တို့ ထံ ရေး လိုက် သည် မှာ သင် တို့၌ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း များ ပြား ပါ စေ သော။
  • 2
  • 3 မ ဟာ က ရု ဏာ တော် နှင့် အ ညီ သူ သေ တို့ အ ထဲ ယေ ရှု ခ ရစ် ရှင် ပြန် ထ မြောက် ခြင်း အား ဖြင့် ရှင် သေ မျှော် လင့် ရာ ကို လည်း ကောင်း၊ ဖောက် ပြန် ညစ် ညူး ပျောက် လွင့် ခြင်း ကင်း သော ပိုင် ရာ ကို လည်း ကောင်း ခံ စား ကြ စေ ခြင်း ငှာ ငါ တို့ ကို အ သစ် ဖြစ် ပွား စေ တော် မူ သော ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ၏ ခ မည်း တော် ဘု ရား သ ခင် ၌ မင်္ဂ လာ ရှိ၏။ ထို ပိုင် ရာ ကို သင် တို့ အ ဖို့ ကောင်း ကင် ဘုံ တွင် ရန် ထား တော် မူ သည့် အ လျောက်
  • 4
  • 5 အ န္တိ မ ကာ လ၌ ထင် ရှား ရန် အ သင့် ရှိ သော ကယ် တင် တော် မူ ခြင်း ခံ စား ကြ စေ ရန်၊ ယုံ ကြည် သူ သင် တို့ ကို လည်း တန် ခိုး တော် အား ဖြင့် ဘု ရား သ ခင် ကွယ် ကာ စောင့် ရှောက် တော် မူ လေ ပြီ။
  • 6 မီး ဖြင့် စံ ချ ပြီး သော ပျက် စီး တတ် သည့် ရွှေ ထက် မြတ်၍ စံ တော် မီ သင် တို့ ယုံ ကြည် ခြင်း သည် ယေ ရှု ခ ရစ် ပေါ် တော် မူ သည့် ကာ လ ချီး မွမ်း ဂုဏ် တင်၍ အ သ ရေ ပေး တော် မူ ဖွယ် ဖြစ် စေ ခြင်း ငှါ အ ထပ် ထပ် ဝမ်း နည်း ဖွယ် သော စုံ စမ်း ခြင်း ကို ယ ခု တစ် ခ ဏ မျှ ခံ သင့် သော် လည်း ထို ကာ လ ကို ထောက်၍ များ စွာ ရွှင် လန်း ကြ၏။
  • 7
  • 8 ထို အ ရှင် ကို သင် တို့ မ မြင် ဘူး လျက် ပင် ချစ် ရာ ယ ခု မ မြင် ဘဲ ယုံ ကြည် သ ဖြင့် နှုတ် မ မြွက် နိုင် အောင် ဘုန်း ကြီး သော ပီ တိ နှင့် ရွှင် လန်း လျက်၊
  • 9 အ သက် ဝိ ညာဉ် ကယ် တင် ခြင်း တည်း ဟူ သော သင် တို့ ယုံ ကြည် ခြင်း အ ကျိုး ကို ခံ စား ရ ကြ ၏။
  • 10 သင် တို့ ထံ ရောက် လာ မည့် ကျေး ဇူး တော် အ ကြောင်း တင် ကူး ဟော ပြော သော ပ ရော ဖက် တို့ ပင် ထို ကယ် တင် ခြင်း နှင့် စပ်၍ စီ စစ် ရှာ ဖွေ ကြ ရာ၊
  • 11 အ ဇ္စျ တ္တ၌ တည် နေ သော ခ ရစ် တော်၏ ဝိ ညာဉ် တော် ညွှန် ပြ သည့် အ တိုင်း မည် သည့် အ ဖြစ် အ ပျက် အ ချိန် ကာ လ တွင် ခ ရစ် တော် အ သေ ခံ ပြီး နောက် ဘုန်း ပွင့် တော် မူ မည် ကို ရှာ ဖွေ ကြ ပြီး လျှင်၊
  • 12 ကောင်း ကင် ဘုံ မှ စေ လွှတ် တော် မူ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် ယ ခု ကာ လ သင် တို့ အား ကြား ပြော ပြီး သ တင်း တော် တည်း ဟူ သော ထို အ ကြောင်း အ ရာ များ ကို ကိုယ့် အ ဖို့ မ ဟုတ်၊ သင် တို့ အ ဖို့ ဆင့် ဆို ရ ကြောင်း အ ထင် အ ရှား သိ မြင် ခဲ့ ကြ ၏။ ထို အ ကြောင်း အ ရာ များ ကို စေ တ မန် တော် တို့ ပင် ဒိ ဋ္ဌ သိ မြင် လို ကြ၏။
  • 13 သို့ ဖြစ်၍ စိတ် အား ယူ လျက် လုံး လုံး သ တိ ရှိ လျက် ယေ ရှု ခ ရစ် ပေါ် တော် မူ သည့် ကာ လ သင် တို့ ထံ ရောက် လာ မည့် ကျေး ဇူး တော် ကို စောင့် မျှော် လျက် နေ ကြ လော့။
  • 14 အ ထက် အ ဝိ ဇ္ဇာ့ ဆိုင် ရာ တပ် မက် ခြင်း များ အ တိုင်း မ လိုက် ဘဲ ငါ သည် သန့် ရှင်း သည် နှင့် အ ညီ ကိုယ် ကို သန့် ရှင်း စေ ကြ လော့ ဟူ သော ကျမ်း ချက် အ ရ သင် တို့ ကို ခေါ် ထား တော် မူ သော အ ရှင် သည် သန့် ရှင်း တော် မူ သည့် နည်း တူ လိုက် နာ တတ် သူ တို့ အ ဖြစ် အ ရာ ရာ၌ သန့် ရှင်း စွာ ကျင့် ကြံ ပြု မူ ကြ လော့။
  • 15
  • 16
  • 17 ၎င်း ပြင် လူ အ သီး သီး တို့ အ ကျင့် အ တိုင်း မျက် နှာ မ ငဲ့ ဘဲ စီ ရင် ဆုံး ဖြတ် တော် မူ သော အ ရှင့် ထံ အ ဘ ခ မည်း တော် အ နေ နှင့် သင် တို့ ပ ဌာ နာ ပြု ကြ လျှင် မိ ရိုး ဖ လာ ထုံး နည်း အ လိုက် အ ချည်း အ နှီး သော အ ကျင့် အ ကြံ များ မှ ပျက် စီး တတ် သော ရွှေ ငွေ မ ဟုတ် ကြန် အင် မ ယွင်း စုံ လင် သော သိုး သား ငယ် သ ဘွယ် ခ ရစ် တော်၏ အ သွေး တော် မြတ် ဖြင့် သင် တို့ ကို ရွေး နုတ် တော် မူ ကြောင်း ကို သိ သည့် အ လျောက် တည်း ခို ရာ ကာ လ အ တွင်း ခန့် ညား စွာ ကျင့် ကြံ ပြု မူ ကြ လော့။
  • 18
  • 19
  • 20 ဤ လော က မ တည် မီ တင် ရင် မှတ် သား ထား သော် လည်း အ န္တိ မ ကာ လ မှ သင် တို့ အ ဖို့ ပေါ် ထွန်း စေ တော် မူ သော ထို အ ရှင် ကြောင့် ပင်
  • 21 သင် တို့ သည် သူ သေ တို့ ထဲ မှ ကိုယ် တော် ကို ရှင် ပြန် ထ မြောက် စေ၍ ဘုန်း ပွင့် စေ တော် မူ သော ဘု ရား သ ခင် အား ယုံ ကြည် ကြ သည့် အ လျောက် သင် တို့ ယုံ ကြည် ခြင်း နှင့် မျှော် လင့် ခြင်း လည်း ဘု ရား သ ခင် နှင့် ဆိုင် သ တည်း။
  • 22 သင် တို့ သည် သင်္ဂ ဟ ဝတ် ကို အ ယောင် မ ဆောင် မေ တ္တာ ရှိ ကြ စေ ရန် သ မ္မာ တ ရား အ တိုင်း လိုက် နာ ခြင်း အား ဖြင့် စိတ် သန့် ရှင်း စေ ပြီး ဖြစ် သော ကြောင့် ပျက် စီး တတ် သော မျိုး အား ဖြင့် မ ဟုတ် ရှင် လျက် တည် မြဲ သော ဘု ရား သ ခင့် တ ရား တော် မ ပျက် စီး တတ် သော မျိုး တော် အား ဖြင့် အ သစ် ဖွား ကြ သည့် အ လျောက် တစ် ဦး ကို တစ် ဦး စိတ် ပါ ကိုယ် ရောက် ချစ် ကြ လော့။
  • 23
  • 24 လူ အ ပေါင်း တို့ သည် မြက် သ ဖွယ် ဖြစ်လျက်၊ ဆိုင် ရာ ဘုန်း အ သ ရေ တိုင်း မြက် ပွင့် ကဲ့ သို့ ဖြစ်၏။ မြက် ညှိုး လျက် အ ပွင့် နွမ်း လျက် ရှိ တတ်၏။ ထာ ဝ ရ ဘု ရား၏ နှုတ် က ပတ် တော် ကား က မ္ဘာ အ ဆက် ဆက် တည် သည် ဟူ၍ ဆို ရာ ၌
  • 25 သင် တို့ အား ကြား ပြော ပြီး ဖြစ် သော နှုတ် က ပတ် တော် ဟု ဆို လို သ တည်း။
回到本卷目录 回到本版本目录 回到首页