1
အ ချင်း သူ ကြွယ် တို့၊ သင် တို့ အ ပေါ် သို့ ရောက် လ တ္တံ့ သော ဆင်း ရဲ ဒု က္ခ များ ကြောင့်၊ ငို ကြွေး မြည် တမ်း ကြ လော့။
2
သင် တို့ ပ စ္စည်း များ သည် ဖောက် ပြန် ရာ၊ အ ဝတ် များ သည် ပိုး စား ရာ ဖြစ် လေ ပြီ။
3
သင် တို့ ရွှေ ငွေ လည်း အ ညှိ တက်၍ ထို အ ညှိ သည် သင် တို့ တစ် ဘက်၌ သက် သေ ခံ လျက် သင် တို့ အ သား ကို မီး ကဲ့ သို့ စား လိမ့် မည်။ ဤ နောက် ဆုံး ခေတ် ကာ လ၌ ဘ ဏ္ဍာ ကို သို ထား ကြ ပြီ တ ကား။
4
သင် တို့ လယ် များ ကို ရိတ် သူ တို့ မ ရ သော အ ခ သည် ကြွေး ကြော် သည့် အ လျောက် ရိတ် သိမ်း သူ တို့ ဟစ် သံ များ လည်း ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ နား တော် သို့ ဝင် ရောက် လေ ပြီ တ ကား။
5
သင် တို့ သည် မြေ ကြီး ပေါ် တွင် အ စား အ သောက်၊ အ ပျော် အ ပါး ကြူး လျက် ကွပ် မျက် ခံ ရာ နေ့ ရက် တွင် ပင် ချင် ရဲ ဖြေ ကြ ပြီ။
6
သင် တို့ ကို မ ခု ခံ သော သူ တော် ကောင်း တို့ အား အ ပြစ် စီ ရင် လျက် ကွပ် မျက် ခဲ့ ကြ ပြီ တ ကား။
7
သို့ ဖြစ်၍ ညီ အစ် ကို တို့၊ အ ရှင် ဘု ရား ကြွ လာ တော် မူ သည့် တိုင် အောင် စိတ် ရှည် စွာ နေ ကြ လော့။ လယ် ယာ လုပ် သူ သည် မိုး ဦး မိုး နှောင်း တိုင် အောင် စိတ် ရှည် လျက် အ ဖိုး ထိုက် သော မြေ ကွက် ကို စောင့် မျှော် သည် နည်း တူ၊
8
အ ရှင် ဘု ရား ကြွ လာ တော် မူ ချိန် နီး ပြီ ဖြစ်၍ စိတ် ရှည် လျက် မြဲ မြံ စေ ကြ လော့။
9
ညီ အစ် ကို တို့၊ သင် တို့ သည် စီ ရင် ဆုံး ဖြတ် မ ခံ ရ စေ ခြင်း ငှါ အ ချင်း ချင်း ကို မ ညည်း ညူ ကြ နှင့်။ စီ ရင် ဆုံး ဖြတ် မည့် အ ရှင် သည် တံ ခါး ဝ တွင် ရပ် နေ တော် မူ ပြီ တ ကား။
10
ညီ အစ် ကို တို့၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် နှင့် ဆင့် ဆို ခဲ့ သော ပ ရော ဖက် တို့ ဒု က္ခ ခံ၍ စိတ် ရှည် ခြင်း ပုံ စံ ကို မှတ် ယူ ကြ လော့။
11
တည် ကြည် စွာ နေ ခဲ့ သော ထို သူ တို့ ကို မင်္ဂ လာ ရှိ သူ ဟု ငါ တို့ ခေါ် ဝေါ် ကြ၏။ ယော ဘ သည် တည် ကြည် ကြောင်း ကို လည်း ကောင်း၊ အ ဆုံး၌ စီ ရင် တော် မူ သည့် အ လျောက် ထာ ဝ ရ ဘု ရား သည် မေ တ္တာ၊ က ရု ဏာ နှင့် ပြည့် စုံ တော် မူ ကြောင်း ကို လည်း ကောင်း သင် တို့ ကြား မြင် ဖူး ကြ ပြီ။
12
အ ထူး ဆို သော် ညီ အစ် ကို တို့၊ မိုး ကောင်း ကင် ကို သော် လည်း ကောင်း၊ မြေ ကြီး ကို သော် လည်း ကောင်း၊ အ ခြား သော အ ရာ ကို သော် လည်း ကောင်း၊ တိုင် တည်၍ မ ကျိန် ဆို ကြ နှင့်။ စီ ရင် ဆုံး ဖြတ် မ ခံ ရ စေ ခြင်း ငှာ သင် တို့ စ ကား မှာ ဟုတ် လျှင် ဟုတ် သည်၊ မ ဟုတ် လျှင် မ ဟုတ် ဖြစ် စေ ကြ လော့။
13
သင် တို့ ဘောင် တွင် မည် သူ မ ဆို ဒု က္ခ ရောက် လျှင် ပ ဌ နာ ပြု စေ။ သု ခ ရှိ လျှင် သီ ချင်း ဆို စေ။
14
ရော ဂါ စွဲ လျှင် အ သင်း တော့် ဥ က္က ဋ္ဌ တို့ ကို ပင့် ခေါ် ပြီး မှ အ ရှင် ဘု ရား၏ နာ မ တော် ကို အ မှီ ပြု လျက် ဆီ လူး ၍ ပ ဌ နာ ပြု ကြ စေ။
15
ယုံ ကြည် ခြင်း နှင့် ပြည့် စုံ သော ပ ဌ နာ ဖြင့် သူ နာ ချမ်း သာ ရ လျက် အ ရှင် ဘု ရား သည် ထ စေ တော် မူ သည့် ပြင် ပြစ် မှား မိ ခဲ့ လျှင် လည်း ဖြေ လွှတ် တော် မူ လိမ့် မည်။
16
သို့ နှင့် အ ညီ ရော ဂါ ကင်း ပျောက် ရန် တစ် ယောက် ကို တစ် ယောက် အ ပြစ် ဝန် ချ လျက် တစ် ယောက် အ ဖို့ တစ် ယောက် ပ ဌ နာ ပြု ကြ လော။ သူ တော် ကောင်း၏ အ သ နား တော် ခံ ချက် သည် ဒိ ဋ္ဌ ဓ မ္မ အ ကျိုး များ စွာ ဖြစ် ထွန်း စေ တတ်၏။
17
ငါ တို့ နှင့် ဇာ တိ တူ လူ ဖြစ် သော ဧ လိ ယ သည် မိုး မ ရွာ စေ ခြင်း ငှာ ဆု တောင်း ပ ဌ နာ ပြု သည့် အ လျောက် မြေ ကြီး ပေါ် မှာ သုံး နှစ် နှင့် ခြောက် လ တိုင် တိုင် မိုး မ ရွာ ဘဲ ရှိ နေ၏။
18
ပ ဌ နာ ပြု ပြန် သော် မိုး ရွာ သ ဖြင့် မြေ အ သီး အ နှံ ထွက် လေ၏။
19
ညီ အစ် ကို တို့၊ သင် တို့ အ နက် သ မ္မာ တ ရား တော် မှ လွဲ သွား မိ သူ့ ကို တစ် ဦး ဦး ပြန် လာ စေ လျှင်၊
20
အ ပြစ် သား ကို လမ်း လွဲ ရာ မှ ပြန် လာ စေ သော သူ သည် လူ ကို သေ ဘေး မှ ကယ် ဆယ် လျက် များ ပြား သော အ ပြစ် ဖုံး အုပ် သူ ဖြစ် လိမ့် မည် ဟု သိ မှတ် ကြ ကုန်။