1
ခ ရစ် တော် ယေ ရှု၏ အ ကျဉ်း သား ဖြစ် သော ပေါ လု နှင့် ညီ အစ် ကို တိ မော သေ တို့ က ငါ တို့ ချစ် လှ သော လုပ် ဖော် ဆောင် ဘက် ဖြစ် သူ ဖိ လေ မုန် မှ စ၍၊
2
နှ မ အ ပ္ပိ၊ စစ် သည် ချင်း အာ ခိ ပ္ပု နှင့် သင့် အိမ် ရှိ အ သင်း တော် ထံ ရေး လိုက် သည် မှာ၊
3
ငါ တို့ အ ဘ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ် အ ထံ တော် မှ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော။
4
အ ရှင် ယေ ရှု အား လည်း ကောင်း၊ သီး သန့် ထား တော် မူ သူ ရှိ သ မျှ တို့ အား လည်း ကောင်း၊ သင် ချစ် ခင်၍ သ စ္စာ စောင့် ကြောင်း ငါ ကြား သည့် အ တွက် ငါ တို့၌ ရှိ သော ကျေး ဇူး အ မျိုး မျိုး ကို သင် သိ ကျွမ်း သ ဖြင့် သင့် ယုံ ကြည် ခြင်း ဆိုင် ရာ ထောက် ပံ့ မှု သည် ခ ရစ် တော် အ လို့ ငှာ ပြု ပြင် ပါ မည့် အ ကြောင်း ပ ဌ နာ ပြု ရာ တွင် သင့် ကို အောက် မေ့ လျက် ငါ့ ဘု ရား သ ခင့် ကျေး ဇူး တော် ကို အ စဉ် ချီး မွမ်း ၏။
5
6
7
အ ချင်း ငါ့ ညီ၊ သင့် အား ဖြင့် သီး သန့် ထား တော် မူ သူ တို့ အ သည်း နှ လုံး အေး မြ သော ကြောင့် သင့် မေ တ္တာ ကို ထောက်၍ ငါ သည် များ စွာ အား ရ ဝမ်း မြောက်၏။
8
သို့ ဖြစ်၍ တာ ဝန် ကို သင် ပြု ရန် ခ ရစ် တော် အား ဖြင့် မိန့် မှာ ဝံ့ သော် လည်း၊
9
မေ တ္တာ ရှိ သည့် အ တွက် ငါ တောင်း ပန်၏။ အ ထက် က သင်၌ အ သုံး မ ဝင်။ ယ ခု သင် နှင့် ငါ ပါ အ သုံး ဝင် သော၊ အ ကျဉ်း ခံ လျက် နေ စဉ် ရ သော ငါ့ သား သြ န သိမ့် အ ဖို့ အ သက် ကြီး ရင့် သူ၊ ခ ရစ် တော် ယေ ရှု၏ အ ကျဉ်း သား အ ဖြစ် ယ ခု နေ သူ၊ ငါ ပေါ လု တောင်း ပန် ၏။
10
11
12
ငါ့ ရင် သွေး ဖြစ် သော ထို သူ့ ကို သင့် ထံ ငါ ပြန် လွှတ်၏။
13
သ တင်း တော် မြတ် ကြောင့် အ ကျဉ်း ခံ နေ ရ စဉ် သင့် ကိုယ် စား လုပ် ကျွေး သ မှု ပြု စေ ခြင်း ငှာ ငါ နှင့် အ တူ ထား လို သော် လည်း၊
14
သင့် ကျေး ဇူး သည် စေ တ နာ အ လျောက် မ ဟုတ်၊ မ လွှဲ သာ ဖြစ် မည် စိုး၍ သင် သ ဘော မ တူ လျှင် မည် သို့ မျှ ငါ မ ပြု လို။
15
သင် နှင့် ကာ လ အ တန် ကြာ သူ ကွေ ကွင်း ရ သည် မှာ နောက် နောင် ကျွန် အ ဖြစ် မ ဟုတ်၊ ကျွန် ထက် မြတ်၍ ချစ် လှ သော ညီ အစ် ကို၊ ဇာ တိ အား ဖြင့်လည်း ကောင်း၊ အ ရှင် ဘု ရား အား ဖြင့် လည်း ကောင်း၊ ငါ ချစ် လှ၍ သင် အ ထူး ချစ် လှ သော ညီ အစ် ကို အ ဖြစ် အ စဉ် ရ ရှိ စေ ခြင်း ငှာ ဖြစ် ကောင်း ဖြစ် လိမ့် သ တည်း။
16
17
သို့ ဖြစ်၍ ငါ့ ကို အ ဖော် အ ဖက် မှတ် ယူ လျှင် ငါ့ ကိုယ် တိုင် ကဲ့ သို့ သူ့ ကို လက် ခံ လော့။
18
သူ သည် သင့် ကို ပြစ် မှား မိ သော် လည်း ကောင်း၊ ကြွေး တင် မိ သော် လည်း ကောင်း၊ ငါ့ အ ပေါ် တွင် တင် လော့။
19
ဆပ် မည့် အ ကြောင်း ငါ ပေါ လု ကိုယ် တိုင် ရေး လိုက်၏။ သင့် ကိုယ် ကို ငါ့ အား တုံ့ ဆပ် ထိုက် သည် ဟု ငါ မ ဆို လို။
20
အ ချင်း ငါ့ ညီ၊ အ ရှင် ဘု ရား အား ဖြင့် သင့် ထံ မှ အ မြတ် ကို ငါ ရ ပါ စေ။ ခ ရစ် တော် အား ဖြင့် အ သည်း နှ လုံး အေး မြ စေ လော့။
21
သင် နား ထောင် မည် ဟု စိတ် ချ သည့် အ တိုင်း ငါ ပြော ဆို သည် ထက် ပို မို၍ သင် ပြု မည် ကို သိ မှတ် လျက် ရေး လိုက်၏။
22
၎င်း ပြင် သင် ပ ဌ နာ ပြု ချက် များ ကြောင့် ငါ့ ကို သင့် ထံ ပို့ တော် မူ လိမ့် မည် ဟု ငါ မြော် လင့် သည့် အ လျောက် ငါ့ တည်း ခို ရာ ပြင် ဆင် လော့။
23
ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ နှင့် အ တူ အ ကျဉ်း ခံ ရ သူ ဧ ပ ဖြ မှ စ၍၊
24
ငါ့ လုပ် ဖော် ဆောင် ဖက် များ ဖြစ် သူ မာ ကု၊ အာ ရိ တ္တာ ခု၊ ဒေ မ နှင့် လု ကာ တို့ က သင့် ကို နှုတ် ဆက် လိုက် ကြ၏။
25
အ ရှင် ယေ ရှု ခ ရစ်၏ ကျေး ဇူး တော် သည် သင့် စိတ် ဝိ ညာဉ် နှင့် အ တူ တည် ရှိ ပါ စေ သ တည်း။