၂ တိ-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ခ ရစ် တော် ယေ ရှု၌ အ သက် ရ မည့် က တိ တော် တည် စေ အံ့ သော ငှါ ဘု ရား သ ခင့် အ လို တော် အ တိုင်း ခ ရစ် တော် ယေ ရှု ၏ တ မန် တော် ဖြစ် သော ပေါ လု က ငါ့ ချစ် သား တိ မော သေ့ ထံ ရေး လိုက် သည် မှာ၊
  • 2 ခ မည်း တော် ဘု ရား သ ခင် နှင့် ငါ တို့ အ ရှင် ခ ရစ် တော် ယေ ရှု အ ထံ တော် မှ ကျေး ဇူး၊ က ရု ဏာ၊ ငြိမ် သက် ခြင်း များ သည် သင်၌ တည် ရှိ ပါ စေ သော။
  • 3 သင့် မျက် ရည် များ ကို သ တိ ရ စေ သော ငါ သည် ရွှင် လန်း ခွင့် နှင့် ပြည့် စေ ရန် နေ့ ညဉ့် မ ပြတ် သင့် ကို တွေ့ မြင် လို၍ မေတ္တာ ပို့ ချက် များ တွင် သင့် ကို အ စဉ် အောက် မေ့ ရာ အ ယောင် မ ဆောင် ယုံ ကြည် သော သင့် သ ဘော ကို သ တိ ရ သ ဖြင့် ဘိုး ဘေး တို့ အ လိုက် ကြည် လင် သော သြ တ္တ ပ္ပ စိတ် နှင့် ငါ ဝတ် ပြု ရာ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း၏။ ထို ယုံ ကြည် ခြင်း သည် သင့် အ ဖွား လော ဣ၊ အ မိ ဥ နိတ် တို့၌ အ ထက် တည် ရှိ သည့် နည်း တူ သင်၌ လည်း တည် ရှိ သည် ဟု ငါ စိတ် ချ သည် ဖြစ်၍၊
  • 4
  • 5
  • 6 ငါ လက် တင် ခြင်း အား ဖြင့် သင် ရ သော ဘု ရား သ ခင့် ဆု ကျေး ဇူး တော် မီး ကို မွေး စေ ခြင်း ငှာ သ တိ ပေး လိုက် ၏။
  • 7 ဘု ရား သ ခင် သည် ကြောက် ရွံ့ စေ သော ဝိ ညာဉ် ကို မ ဟုတ်။ အ စွမ်း သ တ္တိ၊ ချစ် ခြင်း မေ တ္တာ၊ ဆုံး မ သော သ တိ ရှိ စေ သော ဝိ ညာဉ် ကို ငါ တို့ အား သ နား တော် မူ၏။
  • 8 ထို ကြောင့် ငါ တို့ အ ရှင် သက် သေ ခံ တော် မူ ချက် နှင့် စပ်၍ သော်လည်း ကောင်း၊ ကိုယ် တော်၏ အ ကျဉ်း သား ဖြစ် သူ ငါ နှင့် စပ်၍ သော် လည်း ကောင်း မ ရှက် ဘဲ ဘု ရား သ ခင့် တန် ခိုး တော် အား ဖြင့် သ တင်း တော် မြတ် အ တွက် ငါ နှင့် အ တူ ဒု က္ခ ခံ လော့။
  • 9 ဘု ရား သ ခင် သည် ငါ တို့ အ ပြု အ ကျင့် များ အ လျောက် မ ဟုတ်။ ရှေး မ ဆွ ကာ လ များ က ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ တို့ အား သ နား တော် မူ၍ ငါ တို့ ကယ် တင် ရှင် ခ ရစ် တော် ယေ ရှု ထင် ရှား တော် မူ ခြင်း အား ဖြင့် ယ ခု ဖော် ပြ သော အ ကြံ တော် နှင့် ကျေး ဇူး တော် အ လျောက် ငါ တို့ ကို ကယ် တင်၍ သန့် ရှင်း သော အ ဖြစ် အ နေ သို့ ခေါ် ထား တော် မူ၏။ ခ ရစ် တော် ယေ ရှု လည်း သေ ခြင်း တ ရား ကို ပယ် ဖျက် ပြီး လျှင် အ သက် ရှင် ခြင်း နှင့် သင်္ခါ ရ ကင်း ခြင်း တ ရား ကို သ တင်း တော် မြတ် အား ဖြင့် ဖွင့် ထား တော် မူ ပြီ ဖြစ်၍၊
  • 10
  • 11 သ တင်း တော် မြတ် ကြား ပြော သူ၊ တ မန် တော်၊ ဆ ရာ အ ဖြစ်၌ ခန့် ထား တော် မူ ခြင်း ခံ ရ သည့် အ လျောက်၊
  • 12 ငါ သည် ဒု က္ခ များ ကို ခံ ရ သော် လည်း၊ ရှက် ကြောက် ခြင်း မ ရှိ။ ငါ ယုံ ကြည် ပြီး သော အ ရှင် ကို သိ ကျွမ်း သည့် အ တိုင်း ငါ့ အား လွှဲ အပ် တော် မူ ရာ ကို နေ့ တော် မ တိုင် မ ချင်း စောင့် ထိန်း တော် မူ နိုင် သည် ဟု စိတ် ချ ၏။
  • 13 ငါ့ ထံ မှ ကြား နာ ရ သည့် ကျန်း ခံ့ ရေး တ ရား ပုံ စံ ကို ခ ရစ် တော် ယေ ရှု၌ တည် သော ယုံ ကြည် ခြင်း နှင့် ချစ် ခြင်း အား ဖြင့် စွဲ မြဲ လော့။
  • 14 သင် လွှဲ အပ် ခံ သော အ ရာ မြတ် ကို ငါ တို့၌ တည် သော သန့် ရှင်း သော ဝိ ညာဉ် တော် အား ဖြင့် စောင့် ထိန်း လော့။
  • 15 ဖု ဂေ လု နှင့် ဟေ ရ မော ဂင် တို့ မှ စ၍ အာ ရှိ ပြည် ရှိ တ ပည့် အ ပေါင်း တို့ သည် ငါ့ ထံ မှ လွှဲ သွား ကြ ကြောင်း သင် သိ၏။
  • 16 သြ နေ သိ ဖော့် အိမ် သူ အိမ် သား တို့ အ ပေါ် တွင် အ ရှင် ဘု ရား သည် က ရု ဏာ သက် တော် မူ ပါ စေ သော။ သူ သည် ကြိမ် ဖန် များ စွာ ငါ့ ကို အား ပေး ပြု စု သည့် ပြင်၊ ငါ့ သံ ကြိုး အ တွက် မ ရှက် ဘဲ၊
  • 17 ရော မ မြို့ သို့ ရောက် သည့် ကာ လ ငါ့ ကို တွေ့ အောင် ကြိုး စား၍ ရှာ၏။
  • 18 အ ရှင် ဘု ရား သည် နေ့ တော် ကြီး၌ သူ့ အား က ရု ဏာ တော် ကို ခံ ခွင့် သ နား တော် မူ ပါ စေ သော။ ဧ ဖက် မြို့ တွင် လည်း မည် မျှ လုပ် ကျွေး သ မှု သူ ပြု ကြောင်း သင် ကောင်း စွာ သိ ၏။
回到本卷目录 回到本版本目录 回到首页