1
ထမ်း ပိုး အောက် တွင် ရှိ နေ သ မျှ သော ကျွန် တို့ သည် ဘု ရား သ ခင့် နာ မ တော် နှင့် ဒေ သ နာ တော် အား ပုတ် ခတ် ခွင့် မ ရ စေ ခြင်း ငှါ ကိုယ့် သ ခင် များ ကို စုံ လင် စွာ ရို သေ သ မှု ပြု ထိုက် သည် ဟု မှတ် ယူ ကြ စေ။
2
တ ပည့် တော် ဖြစ် သော သ ခင့် အောက် နေ သူ တို့ လည်း ညီ အစ် ကို ချင်း ဖြစ် သော ကြောင့် မ ထီ လေး စား မ ပြု ဘဲ အ ကျိုး ဆက် ဆံ သော သ ခင် တို့ သည် ချစ် တော် မူ သော တ ပည့် တော် ဖြစ် သည့် အ တွက် အ ထူး ကျိုး နွံ ကြ စေ။ ထို အ တိုင်း သင် ကြား နှိုး ဆော် လော့။
3
မည် သူ မ ဆို ခြား နား သော ဒေ သ နာ ကို သင် ကြား လျက်၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ဟော တော် မူ သော ကျန်း ခံ့ ရေး တ ရား ကို လည်း ကောင်း၊ ဘု ရား တ ရား ကြည် ညို ခြင်း နှင့် ညီ လျော် သော ဒေ သ နာ တော် ကိုလည်း ကောင်း သ ဘော မ ကျ လျှင်၊
4
မာ န ကြီး သော လူ မိုက် ဖြစ် သည့် ပြင် စော ဒ နာ တက် ခြင်း နှင့် ဆွေး နွေး ချက် များ ခြင်း ကြောင့် မ ကျန်း မ မာ ဖြစ်၏။ ထို ဆွေး နွေး ချက် များ ကြောင့် ငြူ စူ ခြင်း၊ ခိုက် ရန် ဖြစ် ခြင်း၊ ကုန်း ချော ခြင်း၊ မ ကောင်း ထင် မြင် ခြင်း များ မှ စ၍ ဘု ရား တ ရား ကြည် ညို ဝတ်၌ အ ကျိုး စီး ပွား ရှိ သည် ဟု အောက် မေ့ သ ဖြင့် သ ဘော ဖောက် ပြန်၍ သ မ္မာ တ ရား လက် လွတ် သူ တို့၏ ငြင်း ခုံ ခြင်း များ ဖြစ် ပွား တတ်၏။
5
6
မု ချ အား ဖြင့် ရောင့် ရဲ ခြင်း ရှိ လျှင် ဘု ရား ကြည် ညို ဝတ်၌ ကြီး စွာ သော အ ကျိုး စီး ပွား ရှိ ၏။
7
ငါ တို့ သည် ဤ လော က ထဲ သို့ မည် သည် ကို မျှ ဆောင် ယူ ခဲ့ သည် မ ဟုတ်။ မည် သည် ကို မျှ ယူ၍ မ သွား နိုင်။
8
စား ရန် ဝတ် ရန် ရှိ က ရောင့် ရဲ လောက် ပြီ။
9
ကြွယ် ဝ လို သူ တို့ မူ ကား သွေး ဆောင် ခြင်း၊ ကျော့ ကွင်း မိ ခြင်း မှ စ၍ လူ တို့ ကို ပျက် စီး ဆုံး ရှုံး ရာ၌ နစ် မြှုပ် စေ သည့် တပ် မက် ခြင်း၊ အ န္တ ရာယ် ရှာ ကြံ လျက် မိုက် မဲ သော တပ် မက် ခြင်း များ နောက် သို့ ပါ သွား တတ် ကြ၏။
10
ငွေ ကို တပ် မက် ခြင်း သည် အ ဆိုး အ မျိုး မျိုး၏ အ မြစ် မူ လ ဖြစ် သည့် အ လျောက် အ ချို့ သည် လိုက် စား သ ဖြင့် ယုံ ကြည် ခြင်း တ ရား လမ်း မှ လွှဲ သွား၍ များ ပြား စွာ သော က နှင့် ကိုယ် ကို ထုတ် ချင်း ခွင်း ကြ ပြီ။
11
သင် မူ ကား အို ဘု ရား သ ခင့် လူ ယုံ တော်၊ ထို အ ရာ များ ကို ကြဉ် ရှောင်၍ ဖြောင့် မတ် ခြင်း၊ ကြည် ညို ခြင်း၊ ယုံ ကြည် ခြင်း၊ ချစ် ခြင်း၊ တည် ကြည် ခြင်း၊ သိမ် မွေ့ ခြင်း များ ကို လိုက် ရှာ လော့။။
12
ယုံ ကြည် ခြင်း ပြေး ပွဲ တာ မြတ်၌ လုံ လ ထုတ် လော့။ သက် သေ အ များ တို့ ရှေ့၊ ကောင်း မွန် စွာ သင် ဝန် ခံ သည့် အ တိုင်း ခေါ် ထား တော် မူ ရင်း ထာ ဝ ရ အ သက် ကို စွဲ ကိုင် လော့။
13
အ ရာ ရာ ကို ရှင် စေ တော် မူ သော ဘု ရား သ ခင့် မျက် မှောက်၊ ပု န္တိ ပိ လတ် မင်း ရှေ့ ကောင်း မွန် စွာ ဝန် ခံ၍ သက် သေ ခံ တော် မူ သော ခ ရစ် တော် ယေ ရှု မျက် မှောက်၌ ငါ မှာ ထား လိုက် သည် ကား၊
14
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ထင် ရှား တော် မ မူ မ ချင်း အ မိန့် ပ ညတ် တော် ကို အ စွန်း အ ကွက် မဲ့၊ အ ပြစ် မဲ့ စောင့် ရှောက် လော့။
15
တစ် ဆူ တည်း သော၊ နိ စ္စ ဖြစ် တော် မူ ထ သော၊ မ ချဉ်း ကပ် နိုင် သော အ လင်း၌ စံ နေ၍ လူ တို့ ဒိ ဌ မ ဖူး ဘူး၊ မ ဖူး နိုင် ရာ ဖြစ် တော် မူ ထ သော၊ မင်္ဂ လာ ရှိ သော၊ တစ် ဆူ တည်း သော ဧ က ရာ ဇာ၊ ဘု ရင့် ထက် ဘု ရင်၊ အ ရှင့် ထက် အ ရှင် သည် အ ချိန် တော် ရောက် သည့် ကာ လ ထို ထင် ရှား ခြင်း ကို ပြ သ တော် မူ လိမ့် မည်။ ကိုယ် တော်၌ ထာ ဝ ရ ဘုန်း တော်၊ တန် ခိုး တော် သည် တည် ရှိ ပါ စေ သော။ အာ မင်။
16
17
ယ ခု ကာ လ၌ ကြွယ် ဝ သူ တို့ သည် စိတ် နေ မ မြင့် စေ ရန်လည်း ကောင်း၊ မ မြဲ သော ပ စ္စည်း၌ မ ဟုတ်၊ ငါ တို့ မွေ့ လျော် ရာ ရာ ကို ကြွယ် ဝ စွာ သ နား တော် မူ သော ဘု ရား သ ခင်၌ အား ကိုး မျှော် လင့် စေ ရန်လည်း ကောင်း၊
18
ကျေး ဇူး ပြု လျက်၊ ကောင်း မှု နှင့် ကြွယ် ဝ လျက် ပေး ကမ်း ဝေ မျှ လျက် နေ စေ ရန်လည်း ကောင်း၊
19
တည် မြဲ ရာ အ သက် ကို စွဲ ကိုင် မည့် အ ကြံ နှင့် နောင် ဘ ဝ အ ဖို့ ကောင်း သော အ ခြေ အ မြစ် ကို သို ထား စေ ရန်လည်း ကောင်း မိန့် မှာ လော့။
20
အို တိ မော သေ၊ လွှဲ အပ် ခံ သော အ ရာ ကို စောင့် ထိန်း လော့။ မိ စ္ဆာ၏ ပ ညာ ဆိုင် ရာ ယုတ် မာ ပိန် ဖျင်း ငြင်း ဆန် သော အ ချက် ချက် မှ လွှဲ ရှောင် လော့။
21
အ ချို့ တို့ သည် ထို အ တိုင်း လိုက် နာ လျက် ယုံ ကြည် ခြင်း တ ရား မှ လမ်း လွဲ ကြ လေ စွ။ကျေး ဇူး တော် သည် သင် တို့ နှင့် အ တူ တည် ရှိ စေ သ တည်း။