1
ညီ အစ် ကို တို့ အ ရှင် ယေ ရှု ခ ရစ် ကြွ လာ တော် မူ ခြင်း နှင့် ငါ တို့ စု ရုံး ရ ခြင်း ကို ရည်၍ ဆို သော်၊
2
ငါ တို့ ထံ မှ ရောက် ဟန် ဆောင် သော မျှော် မြင် ချက်၊ ဟော ပြော ချက်၊ ရေး ထား ချက် တစ် ခု ခု၌ အ ရှင် ဘု ရား၏ နေ့ တော် ရောက် ခဲ့ ပြီ ဟူ သော အ ဆို အ တွက် ရှောင် တ ခင် စိတ် လှုပ် ရှား၍ မ ကြောင့် ကြ ရန် တောင်း ပန် ပါ၏။
3
မည် သည့် နည်း နှင့် မ ဆို မည် သူ့ လှည့် ဖြား ခြင်း ကို မျှ မ ခံ ကြ နှင့်။ ထို နေ့ တော် မ ရောက် မီ ဖောက် ပြန် ခြင်း ဖြစ် လာ သည့် ပြင် ပျက် စီး ထိုက် သော ဒု စ ရိုက် သား သည် ဆန့် ကျင် ဘက် ပြု လျက်၊
4
ကိုး ကွယ် ကြ သော ဘု ရား ဟူ သ မျှ ထက် ကိုယ် ကို ချီး မြှင့် လျက် ပေါ် လာ ပြီး လျှင် ကိုယ် ကို ဘု ရား လုပ်၍ ဘု ရား သ ခင့် ဗိ မာန် တော် တွင် ထိုင် နေ ရ ဦး မည်။
5
သင် တို့ နှင့် အ တူ ရှိ သေး စဉ် ထို သို့ ငါ ပြော ဆို ကြောင်း သ တိ မ ရ ကြ လော။
6
အ ချိန် တန် မှ သာ ထို သူ ပေါ် လာ စေ ခြင်း ငှါ ယ ခု ဆီး တား ရာ ဆီး တား ကြောင်း ကို သင် တို့ သိ ကြ၏။
7
ဒု စ ရိုက် နက် နဲ ရာ သည် ယ ခု ပင် ပြု ပြင် လျက် ရှိ သော် လည်း ဆီး တား သူ မ ပြောင်း လဲ မီ မ ပေါ် နိုင်။
8
ပြောင်း လဲ သည့် ကာ လ ပေါ် လာ မည့် ထို ဒု စ ရိုက် ကောင် ကို အ ရှင် ယေ ရှု သည် ထွက် သက် လေ နှင့် ကွပ် မျက်၍ ကြွ လာ တော် မူ ခြင်း အ ရှိန် ဖြင့် ပယ် ဖျက် တော် မူ လိမ့် မည်။
9
ကယ် တင် ခြင်း ခံ ရ အံ့ သော ငှါ ဓ မ္မ၌ မွေ့ လျော် သော စိတ် ကို မ ခံ မ ယူ ကြ သော ကြောင့် ပျက် စီး ရာ လိုက် သူ တို့ ရှေ့ မိ စ္ဆာ၏ ဆိုင် ရာ အံ့ ဖွယ် သော တန် ခိုး နိ မိတ် လက္ခ ဏာ အ မျိုး မျိုး၊ မ ဖြောင့် မတ် သော လှည့် စား ခြင်း အ မျိုး မျိုး ဖြင့် စာ တန် ပြု ပြင် သည့် အ တိုင်း ထို သူ ပေါ် လာ လိမ့် မည်။
10
11
ထို အ ကြောင်း ကြောင့် လည်း ဓ မ္မ ကို မ ယုံ ဘဲ အ ဓ မ္မ၌ နှစ် သက် သူ ခပ် သိမ်း ကို အ ပြစ် စီ ရင် တော် မူ အံ့ သော ငှါ ဘု ရား သ ခင် သည် ထို သူ တို့ အ တွင်း သို့ မု သာ ယုံ စေ ရန် တိုက် တွန်း သော မိ စ္ဆာ အ ယူ ကို လွှတ် တော် မူ၏။
12
13
သို့ ရာ တွင် အ ရှင် ဘု ရား ချစ် တော် မူ သော ညီ အစ် ကို တို့၊ ဝိ ညာဉ် တော်၏ သန့် ရှင်း စေ ခြင်း နှင့် သ မ္မာ တ ရား ကို ယုံ ကြည် ခြင်း အား ဖြင့် ကယ် တင် တော် မူ ရာ ရောက် ကြ စေ ရန် ဘု ရား သ ခင် သည် သင် တို့ ကို မ ဆွ က ရွေး ကောက် တော် မူ သည့် အ တိုင်း ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ဘုန်း တော် ကို ဝင် စား ကြ စေ ခြင်း ငှါ ငါ တို့ ကြား ပြော ချက် အား ဖြင့် ခေါ် ထား တော် မူ သော ကြောင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ငါ တို့ အ စဉ် ချီး မွမ်း ရ ကြ ၏။
14
15
သို့ ဖြစ်၍ ညီ အစ် ကို တို့၊ တည် ကြည် စွာ နေ လျက် ငါ တို့ ဟော ပြော ချက်၊ ရေး ထား ချက် အား ဖြင့် သင် ကြား ခဲ့ ရ သော ထုံး နည်း များ ကို စွဲ ကိုင် ကြ လော့။
16
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ကိုယ် တော် တိုင် နှင့် ငါ တို့ ကို ချစ် ၍ ကျေး ဇူး တော် ကြောင့် ထာ ဝ ရ နှစ် သိမ့် ခွင့်၊ ချမ်း သာ စွာ မျှော် လင့် ခွင့် များ ကို သ နား တော် မူ သော၊
17
ငါ တို့ အ ဘ ဘု ရား သ ခင် သည် သင် တို့ စိတ် နှ လုံး များ ကို နှစ် သိမ့် စေ၍ ကောင်း သော အ ကျင့် အ ကြံ အ ပြော အ ဆို ရှိ သ မျှ၌ အား ပေး တော် မူ ပါ စေ သော။