1
ထို သို့ ဆို သော် သင် တို့ နှင့် လော ဒိ ကိ မြို့ ရှိ သူ တို့ မှ စ၍ ငါ့ ကို မျက် မှောက် ထင် ထင် မ မြင် ဘူး သူ ရှိ သ မျှ တို့ အ ဖို့ ငါ သည် မည် မျှ ကြိုး စား အား ထုတ် ကြောင်း သင် တို့ သိ စေ လို၏။
2
ထို သို့ ပြု သည် မှာ ဤ သူ တို့ သည် မေ တ္တာ တ ရား ဖြင့် ဖွဲ့ စည်း လျက် ကြွယ် ဝ စုံ လင် စွာ နား လည် ခွင့်၊ ခ ရစ် တော် တည်း ဟူ သော ဘု ရား သ ခင့် နက် နဲ ရာ ကို ထိုး ထွင်း ခွင့် ရ၍ စိတ် အား တက် စေ ခြင်း ငှာ တည်း။
3
ကိုယ် တော်၌ ဉာဏ် ပ ညာ၊ အ သိ ပ ညာ အ မျိုး မျိုး တို့ သည် သိုက် သ ဖွယ် ကွယ် ဝှက် သည် တ ကား။
4
သင် တို့ ကို မည် သူ မျှ သွေး ဆောင် သော စ ကား ဖြင့် လှည့် စား၍ မ ရ စေ ခြင်း ငှာ ဤ သို့ ငါ ဆို၏။
5
ရုပ် ခ န္ဓာ ဝေး ကွာ လျက် စိတ် ဝိ ညာဉ် ရောက် ရှိ သ ဖြင့် သင် တို့ သေ ဝပ် ကြ သည် ကို လည်း ကောင်း၊ ခ ရစ် တော် အား တည် တံ့ စွာ ယုံ ကြည် ကြ သည် ကို လည်း ကောင်း၊ ကြည့် မြင်၍ ငါ ရွှင် လန်း၏။
6
သို့ ဖြစ်၍ အ ရှင် ခ ရစ် တော် ယေ ရှု ကို လက် ခံ ကြ သည့် နည်း တူ ကိုယ် တော်၌ ကျင့် ကြံ ပြု မူ သ ဖြင့်
7
တိုက် မြစ် ချ လျက်၊ အ တည် အ ဆောက် ခံ လျက် သင် ကြား ခဲ့ သည့် အ တိုင်း ယုံ ကြည် ခြင်း တ ရား၌ ခိုင် ခံ့ လျက် ကျေး ဇူး တော် ကို ကြွယ် ဝ စွာ ချီး မွမ်း လျက် ရှိ နေ ကြ လော့။
8
ခ ရစ် တော်၏ အ လို တော် အ တိုင်း မ ဟုတ်၊ လူ တို့ သင် ရိုး မှ စ၍ လော ကီ စာ ဝါ ငယ် အ တိုင်း သင်္ဂြိုဟ် အ တတ် နှင့် မိ စ္ဆာ ဒိ ဌိ အ ယူ ဖြင့် သင် တို့ ကို မည် သူ မျှ တင် စား ခွင့် မ ရ စေ ရန် သ တိ ပြု ကြ လော့။
9
ဘု ရား သ ခင့် ဂုဏ် တော် ဟူ သ မျှ သည် ခ ရစ် တော်၌ ကိုယ် ခ န္ဓာ အ ဖြစ် ကိန်း ဝပ် သ ဖြင့်၊
10
နတ် မင်း နှင့် အာ ဏာ ရှင် ရှိ သ မျှ တို့ အ ပေါ် တွင် ဦး ထိပ် ဖြစ် သော ကိုယ် တော် အား ဖြင့် သင် တို့ ပြည့် စုံ လျက် ရှိ ကြ၏။
11
ထို အ ရှင် အား ဖြင့် လည်း သင် တို့ သည် ဗ တ္တိ ဇံ မင်္ဂ လာ ခံ ရာ၌ ကိုယ် တော် နှင့် အ တူ သင်္ဂြိုဟ် ခံ၍ သူ သေ တို့ အ ထဲ မှ ကိုယ် တော် ကို ရှင် ပြန် ထ မြောက် စေ တော် မူ သော ဘု ရား သ ခင့် တန် ခိုး တော် အား ယုံ ကြည် ခြင်း ကြောင့် အ တူ ရှင် ပြန် ထ မြောက် ပြီး ဖြစ် ကြ သည် နှင့် အ ညီ လူ့ လက် ဖြင့် မ ဟုတ်၊ ရုပ် တ ရား တစ် ခ န္ဓာ လုံး ကို ချွတ် ပယ် ခြင်း တည်း ဟူ သော ခ ရစ် တော့် ဆိုင် ရာ လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ခံ ရ ကြ ပြီ။
12
13
၎င်း ပြင် လှီး ဖြတ် ခြင်း မင်္ဂ လာ မဲ့ ရုပ် ခ န္ဓာ နှင့် လွန် ကျူး မှု များ ကြောင့် သေ လျက် နေ ခဲ့ သော သင် တို့ ကို ကိုယ် တော် နှင့် တ ကွ ရှင် ပြန် ထ မြောက် စေ တော် မူ သော် ငါ တို့ လွန် ကျူး မှု ရှိ သ မျှ ကို ဖြေ လွှတ်၍၊
14
ငါ တို့ တစ် ဖက် ဆန့် ကျင် လျက် ဓ မ္မ သတ် နှင့် ပြည့် သော စာ ချုပ် ကို ပယ် ဖျက် နုတ် ယူ ပြီး လျှင် ကား တိုင် တော်၌ ရိုက် ထား တော် မူ ရာ၊
15
နတ် မင်း များ၊ အာ ဏာ ရှင် များ ကို ပယ် လှန်၍ ကား တိုင် တော် အား ဖြင့် အောင် ပွဲ တွင် အ တည့် အ လင်း ထုတ် ပြ တော် မူ လေ ပြီ။
16
ထို့ ကြောင့် စား သောက် မှု နှင့် စပ်၍ ဖြစ် စေ၊ ပွဲ နေ့၊ လ ဆန်း နေ့၊ ဥ ပုသ် နေ့ အ မှု နှင့် စပ်၍ ဖြစ် စေ၊ သင် တို့ ကို မည် သူ မျှ မ စီ ရင်၊ မ ဆုံး ဖြတ် စေ နှင့်။
17
ထို အ ရာ များ သည် ပေါ် လ တ္တံ့ သော အ ရာ များ၏ အ ရိပ် မျှ ဖြစ်၏။ ပြ က တေ့ ကား ခ ရစ် တော် နှင့် ဆိုင် သ တည်း။
18
ဦး ထိပ် တော် ကို မ စွဲ မ ကိုင် ဘဲ ကိုယ့် ရူ ပါ ရုံ ကို စွဲ လမ်း လျက် ရုပ် ခ န္ဓာ သ ဘော ဖြင့် အ ကျိုး မဲ့ ဝင့် ဝါ သူ မည် သူ မ ဆို စေ တ မန် တော် များ ကို နှိမ့် ချ စွာ ကိုး ကွယ် ခြင်း နှင့် စပ်၍ ကိုယ့် သ ဘော အ တိုင်း မ သွေး ဆောင် စေ နှင့်။ ဆို ခဲ့ သည့် ဦး ထိပ် တော် မှ တစ် ခန္ဓာ လုံး သည် ဆက် သွယ် ခြင်း၊ စေ့ စပ် ခြင်း များ ဖြင့် အား ပြည့် ဖွဲ့ စည်း လျက် ဘု ရား သ ခင် စီ မံ တော် မူ သည့် အ တိုင်း တိုး ပွား ခွင့် ရ၏။
19
20
အ ကယ်၍ သင် တို့ သည် ခ ရစ် တော် နှင့် အ တူ လော ကီ စာ ဝါ ငယ်၌ သေ ကြ ပြီ မှန် လျှင် အ သုံး များ သ ဖြင့် ပျက် ယွင်း တတ် သော အ ရာ ရာ နှင့် စပ်၍ စွဲ ကိုင် ခြင်း၊ မြည်း စမ်း ခြင်း၊ တို့ ထိ ခြင်း မ ပြု ရ ဟူ သော စီ ရင် ထုံး များ အောက် လူ တို့ မှာ ထား ချက်၊ သွန် သင် ချက် အ လိုက် လော က တွင် အ သက် ရှင် သ ကဲ့ သို့ အ ဘယ် ကြောင့် နေ ကြ သ နည်း။
21
22
23
ထို သို့ သော အ ချက် များ ကား အ လို အ လျောက် ကိုး ကွယ် ခြင်း၊ နှိမ့် ချ ခြင်း၊ ကိုယ် ကာ ယ ကို ချိုး ဖဲ့ ခြင်း များ ဖြင့် ပ ညာ လ က္ခ ဏာ ရှိ သော် လည်း ဇာ တိ သ ဘော ကို ချုပ် တည်း ရန် စွမ်း ရည် မ ရှိ။