1
အ ချင်း ကောင်း ကင်၊ နာ ခံ လော့။ ငါ ဖွဲ့ ဆို မည်။ မြေ ပ ထ ဝီ လည်း ငါ မြွက် ဆို ချက် များ ကို နာ ယူ ပါ စေ သော။
2
ငါ့ သွန် သင် ချက် သည် မိုး သ ဖွယ် ရွာ လျက် မြွက် ဆို ချက် လည်း၊ နှင်း သ ဖွယ် ကျ လျက်၊ မြက် နု ပေါ် တွင် နှင်း ပေါက် ကဲ့ သို့လည်း ကောင်း၊ ကောက် ပင် ပေါ် တွင် မိုး စက် ကဲ့ သို့လည်း ကောင်း၊ တည် ပါ စေ သော။
3
ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ငါ ကြော် ငြာ မည့် အ လျောက် ငါ တို့ ဘု ရား သ ခင် တန် ခိုး ကြီး တော် မူ ကြောင်း ဝန် ခံ ကြ လော့။
4
အ ပြု အ မူ တော် စုံ လင် လျက်၊ နည်း လမ်း တော် များ တ ရား ယှဉ် လျက်၊ ထို ကျောက် တောင် သည် တ သ မတ် တည်း သ စ္စာ စောင့် ၍ ဖြောင့် မတ် မှန် ကန် သော ဘု ရား ဖြစ် တော် မူ ၏။
5
ကောက် ကျစ် စဉ်း လဲ သော လူ မျိုး တစ် ဆက် သည် သား ရင်း မ ဟုတ် သော ကြောင့် ကြန် အင် ယွင်း လျက် ဖောက် ပြန် ကြ လေ ပြီ။
6
အို ဉာဏ် ပ ညာ ကင်း လျက် ယုတ် မာ သော လူ မျိုး၊ ထာ ဝ ရ ဘု ရား အား ထို သို့ ကာ ပြန် ကြ မည် လော။ ကိုယ် တော် သည် သင် တို့ ကို ဖြစ် ပွား စေ သော အ ဘ၊ ဖန် ဆင်း၍ တည် စိုက် သော အ ရှင် ဖြစ် တော် မူ သည် မ ဟုတ် လော။
7
ရှေး ကာ လ ကို သ တိ ရ လျက်၊ အ စဉ် အ ဆက် နှစ် ပေါင်း များ ကို အောက် မေ့ ကြ လော့။ အ ဘ ထံ မေး မြန်း လျှင်၊ ဖော် ပြ မည်။ လူ ကြီး တို့ ထံ မေး မြန်း လျှင် ကြား ပြော ကြ မည်။
8
ယာ ကုပ် လူ မျိုး တော် သည် ထာ ဝ ရ ဘု ရား၏ ပိုင် ရာ တော် နှင့် ဝေ ပုံ တော် ဖြစ် သော ကြောင့် လူ့ သား တို့ ကို ခွဲ ခြား ခြင်း၊ လူ မျိုး တို့ အား အ ပိုင် ပေး ခြင်း များ ကို မြင့် မြတ် သော ဘု ရား ပြု တော် မူ သည့် ကာ လ၊ ဣ သ ရေ လ အ မျိုး သား အ ရေ အ တွက် ကို ထောက်၍၊ လူ အ မျိုး မျိုး တို့၏ နယ် နိ မိတ် များ ချ ထား တော် မူ၏။
9
10
ထို လူ မျိုး ကို၊ က န္တာ ရ အ ရပ်၊ သား ရဲ ဟောက် ရာ လ ဟာ ပြင် အ ရပ်၌၊ တွေ့ တော် မူ က တည်း က၊ ဝန်း ရံ ပြု စု လျက်၊ စ က္ခု သူ ငယ် အိမ် သ ဖွယ် စောင့် ထိန်း တော် မူ၏။
11
ရွှေ လင်း တ သည် သား ငယ် များ ကို သိုက် မြုံ မှ နှိုး ဆော်၍၊ အုပ် ထိန်း ဝဲ ပျံ သည့် နည်း တူ၊ ထာ ဝ ရ ဘု ရား သည် ဖြန့် သော အ တောင် တော် ဖြင့်၊ ထို လူ မျိုး ကို ဆောင် ယူ သယ် ပိုး လျက်
12
အ ခြား ဘု ရား မ ဟုတ်၊ ကိုယ် တော် သာ လျှင် ပို့ ဆောင် တော် မူ၏။
13
နေ ပြည် ရှိ မြင့် မြတ် ရာ များ၌ စီး နင်း စေ တော် မူ သည့် အ တိုင်း မြေ ထွက် အ သီး အ နှံ ကို စား ရ ကြ ၏။ ကျောက် ကြား ထွက် ပျား ရည်၊ မီး ခတ် ကျောက် ထွက် ဆီ မှ စ၍
14
နွား နို့ ဓမ်း၊ သိုး နို့ ရည့် ပြင်၊ သိုး ကြီး သိုး ငယ့် ဆီ ဥ၊ ဗာ ရှန် ပြည် နွား သား၊ ဆိတ် သား နှင့် တ ကွ ဂျုံ စ ပါး အ ထူး အ မြတ် များ ကို တိုက် ကျွေး တော် မူ သည့် အ လျောက်၊ စ ပျစ် သီး အ သွေး တည်း ဟူ သော စ ပျစ် ရည် သောက် ခွင့် ကို ရ ကြ ပြီ တ ကား။
15
ယေ ရှု ရုန် သည် ဆူ ဖြိုး သန် မာ ကြွယ် ဝ သ ဖြင့် ကန် လျက် ဖန် ဆင်း တော် မူ သော ဘု ရား သ ခင် ကို စွန့်၍ ကယ် တင် ရာ ကျောက် တောင် ကို ပြောင် လှောင် လေ၏။
16
အ ခြား ဘု ရား များ ဖြင့် မ ရှု ဆိတ် တော် မူ ခြင်း ကိုလည်း ကောင်း၊ ရွံ ရှာ ဖွယ် ဓ လေ့ များ ဖြင့် အ မျက် တော် တိုက် ခြင်း ကိုလည်း ကောင်း၊ ပြု လျက်၊
17
ဘု ရား မ ဟုတ် သော နတ် ဆိုး၊ ကိုယ် တိုင် မ သိ၊ ဘိုး ဘေး တို့ မ ကျွမ်း၊ နောက် ပေါ် ဘု ရား တု များ အား ပူ ဇော် ကြ ရာ၊
18
ဖွား ရင်း ကျောက် တောင် ကို သ တိ လစ် လျက်၊ ဝေ ဒ နာ ခံ စား တော် မူ ခဲ့ ရာ ဘု ရား သ ခင် ကို မေ့ လျော့ ကြ လေ စွ။
19
ထာ ဝ ရ ဘု ရား သည် ရှု မြင်၍၊ ထို သို့ အ မျက် တော် တိုက် သော သား သ မီး များ ကို အ ရေး မ ယူ ဘဲ မိန့် တော် မူ သည် ကား၊
20
ငါ သည် မျက် နှာ တော် လွှဲ၍၊ အ ကျိုး အ ပြစ် ကို မြော် ကြည့် မည်။ ထို လူ မျိုး သည်၊ ကောက် ကျစ် သော သား စဉ်၊ သ စ္စာ ဖျက် သော မြေး ဆက် ဖြစ် လျက်၊
21
ဘု ရား မ စစ် ဖြင့် မ ရှု ဆိတ် တော် မူ ခြင်း ကိုလည်း ကောင်း၊ အ န တ္တ များ ဖြင့် အ မျက် တော် တိုက် ခြင်း ကိုလည်း ကောင်း၊ ပြု ကြ သည့် အ လျောက်၊ ငါ လည်း လူ မျိုး မ စစ် ဖြင့် မ ရှု ဆိတ် ခြင်း၊ ယုတ် မာ သော လူ မျိုး ခြား ဖြင့် အ မျက် တိုက် ခြင်း ကို ပြု တော် မူ လိမ့် မည်။
22
နှာ တော် ထွက် လောင် မီး သည် မြေ ပ ထ ဝီ နှင့် ပေါက် ရောက် သ မျှ ကို ကျွမ်း လျက်၊ တောင် အ ခြေ အ မြစ် တိုင်း ကို သင့် လျက်၊ အ ဝီ စိ တိုင် အောင် ပင် တောက် လျက် ရှိ၏။
23
ထို လူ မျိုး သည် မွတ် သိပ် ဝမ်း ဟာ ခြင်း၊ မ ဟာ တေ ဇော ရောက် ခြင်း၊ ရော ဂါ ဆိုး ကပ် ခြင်း များ ဖြင့် မ ပျက် မ ချင်း၊ ဘေး ခပ် သိမ်း ကို ငါ စု ပုံ၍၊ မြှား တော် ကို လည်း အ ကုန် အ စင် လွှတ် သည့် ပြင်၊ သား ရဲ ဘေး၊ မြေ မုန့် ရှိ မြွေ ဆိပ် ဘေး ကို ငါ သင့် စေ မည်။
24
25
လူ ပျို နှင့် အ ပျို၊ နို့ စို့ သူ ငယ် နှင့် ဆံ ဖြူ အို မင်း သူ တို့ ပါ အိမ့် အ ပြင် ဓား ဖြင့် သော်လည်း ကောင်း၊ အိမ့် အ တွင်း ကြောက် မက် ဖွယ် ဖြင့် သော်လည်း ကောင်း၊ ကျ ဆုံး ကြ လိမ့် မည်။
26
ထင် ယောင် ထင် မှား သော ရန် ဘက် ရန် သူ တို့ က၊ ထာ ဝ ရ ဘု ရား မ ဟုတ်၊ ငါ တို့ မြင့် မြတ် သော လက် ရုံး ဖြင့် စီ ရင် ကြ ပြီ ဟူ သော စ ကား နှင့် အ မျက် တော် တိုက် ကြ မည် ကို ငါ မ စိုး ရိမ် ရ လျှင်၊ ထို လူ မျိုး ကို ကွယ် ပျောက် စေ၍ အ မှတ် ကို လည်း လူ့ ဘောင် မှ ပြတ် စဲ စေ သော အ ကြံ ရှိ ခဲ့ လေ ပြီ ဟူ၍ တည်း။
27
28
ထို လူ မျိုး သည် အ ကြံ အ စည် ပ လျက်၊ ဉာဏ် ပ ဋိ ဘာန် ကင်း ကြ သည် တ ကား။
29
ဉာဏ် ပ ညာ မ ကင်း လျှင်၊ ထို အ ခြင်း အ ရာ ကို နား လည်၍ အ ကျိုး အ ပြစ် ကို လည်း မြော် မြင် ခဲ့ ကြ လေ ပြီ။
30
၎င်း တို့ ကျောက် တောင် တည်း ဟူ သော ထာ ဝ ရ ဘု ရား သည် ရောင်း ချ အပ် နှင်း တော် မ မူ ခဲ့ လျှင်၊ လိုက် လံ သူ တစ် ယောက် ကြောင့်၊ ထောင် တပ် သည်လည်း ကောင်း၊ နှစ် ယောက် ကြောင့် သောင်း တပ် သည်လည်း ကောင်း၊ မည် သို့ ပြေး ကြ ရ မည် နည်း။
31
ရန် သူ တို့ သ မာ ဓိ ပြု ကြ သည့် အ တိုင်း ပင်၊ ချင်း တို့ ကျောက် တောင် သည် ငါ တို့ ကျောက် တောင် နှင့် မ တူ၊
32
ချင်း တို့ စ ပျစ် ပင် လည်း သော ဒုံ၊ ဂေါ မော ရ ခြံ တွင် ပေါက် ရောက် သော စ ပျစ် ပင် မျိုး ဖြစ် လျက်၊ ခါး သော အ ပြွတ်၊ အ ဆိပ် ပါ သော အ သီး သီး သ ဖြင့် အ ရည် မှာ မူ
33
မြွေ ဆိုး မြွေ ဟောက်၏ ပြင်း ထန် သော အ ဆိပ် အ တောက် ဖြစ်၏။
34
ထို အ ခြင်း အ ရာ သည် အ ပါး တော်၌ သို ထား ရာ၊ လှောင် တိုက် တော်၌ တံ ဆိပ် ခတ် ပိတ် ရာ ဖြစ် သည် မ ဟုတ် လော။
35
ဘေး သင့် ရာ နေ့ ရက် နီး လျက်၊ တ မ လွန် လျင် မြန် သည့် အ လျောက်၊ ချင်း တို့ ခြေ ချော် ကြ သည့် ကာ လ၊ လက် စား ချေ တော် မူ ခြင်း၊ ဆပ် ပေး တော် မူ ခြင်း သည် အ ရံ သင့် ရှိ သည် တ ကား။
36
လက် ရုံး တန် ခိုး အား လျော့ သည် ကိုလည်း ကောင်း၊ အ ကျဉ်း သား၊ အ လွတ် သား မ ကျန် သည် ကိုလည်း ကောင်း၊ ရှု မြင် တော် မူ ရာ ထာ ဝ ရ ဘု ရား သည် ကျွန် တော် ရင်း တို့ အ တွက် စိတ် တော် ပြောင်း လဲ၍ လူ မျိုး တော် ဘက်၌ တ ရား စီ ရင် တော် မူ လိမ့် မည်။
37
ကိုယ် တော် က လည်း၊ ချင်း တို့ ခို လှုံ ရာ ကျောက် တောင်၊ ကိုး ကွယ် ရာ ဘု ရား၊ ပူ ဇော် ကြ ရာ၊ ဆီ ဥနှင့် သွန်း လောင်း ကြ ရာ စ ပျစ် ရည် ကို သုံး ဆောင် သော ဘု ရား များ ကား၊ အ ဘယ် မှာ နည်း။ ထ၍ ထောက် မ ခြင်း၊ ပေါ်၍ ကွယ် ကာ ခြင်း ကို ပြု ကြ ပါ စေ။
38
39
စဉ်း စား ကြ ဦး။ အ ခြား မ ဟုတ်။ ငါ သာ လျှင် ဘု ရား ဖြစ်၏။ ငါ သာ လျှင် အ သက် ပေး ခြင်း နှင့် နုတ် ခြင်း ကိုလည်း ကောင်း၊ ထိ ပါး ခြင်း နှင့် ကု သ ခြင်း ကိုလည်း ကောင်း၊ စီ ရင်၏။
40
လက် တော် မှ လွှတ် နိုင် သူ မ ရှိ ချေ။ ငါ သည် ပြောင် လက် သော ဓား တော် ကို သွေး၍ တ ရား ဆုံး ဖြတ် ခြင်း ကို စွဲ ကိုင် လျှင်၊ ရန် သူ တော် တို့ အား လက် စား ချေ ခြင်း၊ မုန်း ထား သူ တို့ အား ဆပ် ပေး ခြင်း ကို ပြု သည့် အ တိုင်း မြှား တော် များ ကို သုံ့ ဘမ်း လုပ် ကြံ သူ တို့ အ သွေး ဖြင့် ယစ် စေ လျက် ထား တော် လည်း ဦး ဆံ ကျ သူ ရန် ဘက် တို့ အ သား ကို စား မည့် အ ကြောင်း ကောင်း ကင် သို့ လက် ရုံး မြှောက် လျက် အ သက် တော် ကာ လ အ စဉ် တည် သည် ကို တိုင် တည် လျက်၊ ငါ သ စ္စာ ဆို သည် ဟူ၍ တည်း။
41
42
43
အို လူ မျိုး ခြား တို့၊ လူ မျိုး တော် ကို ထောက်၍ ကြွေး ကြော် ကြ လော့။ ထာ ဝ ရ ဘု ရား သည်၊ ကျွန် တော် ရင်း တို့ အ သွေး အ တွက်၊ ရန် သူ တော် တို့ အား လက် စား ချေ ခြင်း။ ဆပ် ပေး ခြင်း ကိုလည်း ကောင်း၊ ပြည် တော် နှင့် လူ မျိုး တော့် အ ပြစ် အ ဖို့ ဖြေ ခြင်း ကိုလည်း ကောင်း၊ ပြု တော် မူ လိမ့် မည် ဟူ သော သီ ချင်း ဖွဲ့ ဆို ချက် ရှိ သ မျှ ကို
44
မော ရှေ နှင့် နုန့် သား ယော ရှု တို့သည် လူ မျိုး တော် ရှေ့ သွား ရောက် မြွက် ဆို ကြ သ တည်း။
45
ဣ သ ရေ လ တစ် မျိုး လုံး အား အ ထက် မိန့် မှာ ချက် ဟူ သ မျှ ကို ဆင့် ဆို သည့် အ ဆုံး၌ မော ရှေ က၊
46
ဤ ပ ညတ် တ ရား အ ချက် ချက် ကို စောင့် ရှောက် လိုက် နာ ကြ ရ စေ ခြင်း ငှါ၊ သား မြေး တို့ အား သင် တို့ မှာ ထား ရ မည့် ယ နေ့ ငါ သက် သေ ခံ သ မျှ ကို နှ လုံး သွင်း ကြ လော့။
47
ဤ တ ရား သည် အ ကျိုး မဲ့ ဖြစ် သည် မ ဟုတ်။ သင် တို့ အ သက် ရှင် ရာ ရှင် ကြောင်း ဖြစ် သည့် အ လျောက်၊ ယော် ဒန် မြစ် ကို ကူး ချီ၍ ပိုင် ယူ မည့် ပြည် တွင် တာ ရှည် ခွင့် ရ ကြ လိမ့် မည် ဟု ဆင့် ဆို လေ၏။
48
ထို နေ့ ချင်း တွင် မော ရှေ အား ထာ ဝ ရ ဘု ရား က၊ ယေ ရိ ခေါ မြို့ ရင် ဆိုင်၊
49
မော ဘ ပြည် ရှိ ဤ အာ ဗာ ရိမ် တောင် တန်း၊ နေ ဗော တောင် ထိပ် သို့ တက် ပြီး လျှင်၊ ဣ သ ရေ လ အ မျိုး သား တို့ အား ငါ အ ပိုင် ပေး သော ပြည် ကို မြော် ကြည့် လော့။
50
ဇိ န တော၊ ကာ ဒေ ရှ မြို့၊ မေ ရိ ဘ ရေ အ နီး၌ ထို လူ မျိုး တို့ အ လယ် တွင် အ မိန့် တော် ကို လွန် ကျူး၍၊ ငါ့ အား သီး သန့် မှု ကို မ ပြု ကြ သော ကြောင့် အစ် ကို အာ ရုန် သည် ဟော ရ တောင် တွင် သေ လွန်၍ ဘိုး ဘေး တို့ ထံ သွား ရ သည့် နည်း တူ၊ သင် လည်း ဤ တောင်၌ သေ လွန်၍ ဘိုး ဘေး တို့ ထံ သွား ရ မည်။
51
52
ဣ သ ရေ လ အ မျိုး သား တို့ အား ငါ ပေး သော ပြည် ကို မြော် ကြည့် ခွင့် ရ သော် လည်း ဝင် ရောက် ခွင့် မ ရှိ ချေ ဟု မိန့် တော် မူ၏။