1
ဆယ့် လေး နှစ် ကြာ ပြီး နောက် ငါ သည် တိ တု ကို ခေါ် လျက် ဗာ န ဗ နှင့် အ တူ ဗျာ ဒိတ် တော် ခံ ရ သည့် အ လျောက် ယေ ရု ရှ လင် မြို့ သို့ ပြန် သွား၍ ငါ ဆောင် ရွက် ဆဲ မှု၊ ဆောင် ရွက် ခဲ့ မှု၊ အ ကျိုး မဲ့ ဖြစ် မ ဖြစ် သိ ခြင်း ငှာ လူ မျိုး ခြား တို့ အား ကြား ပြော သော သ တင်း တော် ကို အ ကြီး အ မှူး တို့ ထံ အ သီး အ ခြား ဖွင့် ပြ ခဲ့၏။
2
3
သို့ ရာ တွင် ငါ တို့ ကို ကျွန် အ ဖြစ် ကျ ရောက် စေ သော အ ကြံ နှင့် ခ ရစ် တော် ယေ ရှု အား ဖြင့် ငါ တို့ ရ ကြ သော လွတ် ခွင့် ကို ချောင်း ကြည့် လို၍ လျှို့ တစ် ဝှက် ဝင် လာ သော ညီ အစ် ကို ယောင် ဆောင် သူ တို့ အ နော် အ တာ ကို ခေ တ္တ မျှ ဝန် မ ခံ။ ငါ့ အ ပေါင်း အ ပါ ဂ ရိတ် လူ မျိုး တိ တု ကို ပင် လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး ရန် သ ဘော မ တူ ချေ။ သို့ မှ သ တင်း တော် မြတ် သည် သင် တို့၌ အ စုံ အ လင် တည် ရ ၏။
4
5
6
ဘု ရား သ ခင် သည် လူ တို့ ကို မျက် နှာ မ ရွေး သည့် အ လျောက် အ ကြီး အ မှူး တို့ မည် မျှ လောက် ကျော် စော သည် ကို ငါ အ ရေး မ ယူ ရ သည် နှင့်၊
7
ကွန်း တိုင် သ ဖွယ် အ ကြီး အ မှူး ဖြစ် သူ ယာ ကုပ်၊ ကေ ဖ၊ ယော ဟန် တို့ သည် အ ကြံ အ ထူး မ ပေး ကြ။ သို့ ရာ တွင် ပေ တ ရု ကို လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ အ ဖို့ တ မန် တော် ဖြစ် စေ ရန် ပြု ပြင် သော အ ရှင် သည် ငါ့ ကို လည်း လူ မျိုး ခြား တို့ အ ဖို့ ပြု ပြင် တော် မူ သည့် အ တိုင်း ပေ တ ရု သို့ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ အား သ တင်း တော် မြတ် ကြား ပြော ခွင့် လွှဲ အပ် သ ကဲ့ သို့ ငါ့ သို့ ထို မင်္ဂ လာ မ ခံ သူ တို့ အား ကြား ပြော ခွင့် လွှဲ အပ် တော် မူ ပြီ ဖြစ် ကြောင်း သိ မြင် သည့် ပြင် ငါ့ အား သ နား တော် မူ သော ကျေး ဇူး တော် ကို လည်း သိ မှတ် ကြ သော် ငါ တို့ ကား လူ မျိုး ခြား တို့ ထံ သွား၍ သူ တို့ ကား လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ ထံ သွား ရန် ရာ ထူး တူ အ မှတ် ဖြင့် ငါ နှင့် ဗာ န ဗ တို့ အား ညာ လက် ကမ်း လှမ်း ကြ ပြီး လျှင်၊
8
9
10
သူ ဆင်း ရဲ တို့ ကို သ တိ ရ စေ ခြင်း ငှာ သာ တောင်း ပန် ကြ၏။ ထို သို့ ဆောင် ရွက် ရန် ငါ လည်း စိတ် စေ တ နာ ထက် သန် ၏။
11
သို့ ရာ တွင် ကေ ဖ သည် အ န္တိ အုတ် မြို့ သို့ ရောက် လာ သော် အ ပြစ် ထင် ရှား ပြီး ဖြစ် သော ကြောင့် မျက် နှာ ချင်း ဆိုင် ငါ ခု ခံ ၏။
12
အ သို့ ဆို သော် ယာ ကုပ် ထံ မှ လူ တို့ မ ရောက် မီ လူ မျိုး ခြား တို့ နှင့် အ တူ သူ စား သောက် လေ့ ရှိ လျက် ပင် ရောက် ကြ ပြီး မှ လှီး ဖြတ် ခြင်း မင်္ဂ လာ ခံ သူ တို့ ကို ကြောက် ရွံ့ သ ဖြင့် တွန့် ဆုတ် လျက် အ သီး အ ခြား နေ၏။
13
ကြွင်း သော ယု ဒ လူ မျိုး တို့ လည်း အ တူ ဟန် ဆောင် လျက် ဗာ န ဗ ပင် ပါ သွား၏။
14
ထို သို့ သ တင်း တော် မြတ် အ လိုက် စုံ လင် စွာ မ လျောက် မ လိုက် ကြ ကြောင်း ငါ သိ မြင် သော် ရှိ သ မျှ တို့ ရှေ့ ကေ ဖ အား ငါ ဆို သည် မှာ ယု ဒ လူ မျိုး ဖြစ် သော အ ချင်း သည် ယု ဒ လူ မျိုး တို့ ထုံး တမ်း မ ဟုတ်၊ လူ မျိုး ခြား တို့ ထုံး တမ်း အ တိုင်း နေ ထိုင် လျှင် လူ မျိုး ခြား တို့ ကို ယု ဒ လူ မျိုး တို့ ထုံး တမ်း အ တိုင်း အ ဘယ့် ကြောင့် လိုက် စေ သ နည်း။
15
ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် လူ သ တ္တ ဝါ တစ် ဦး မျှ ဖြောင့် မတ် ရာ မ ရောက် နိုင် ဟူ သော ကျမ်း ချက် အ ရ ဇာ တိ အ လျောက် လူ မျိုး ခြား အ ပြစ် သား များ မ ဟုတ်၊ ယု ဒ လူ မျိုး ဖြစ် သော ငါ တို့ သည် ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် မည် သူ မျှ ဖြောင့် မတ် ရာ မ ရောက်။ ခ ရစ် တော် ယေ ရှု ကို ယုံ ကြည် ခြင်း ကြောင့် သာ ရောက် ကြောင်း သိ ကြ သ ဖြင့် ငါ တို့ ပင် ပ ညတ် တ ရား အ လိုက် အ ကျင့် အား ဖြင့် မ ဟုတ်၊ ခ ရစ် တော် ကို ယုံ ကြည် ခြင်း ဖြင့် ဖြောင့် မတ် ရာ ရောက် ရန် ခ ရစ် တော် ယေ ရှု ကို ယုံ ကြည် ကြ သည် ဟူ၍ တည်း။
16
17
ငါ တို့ ပင် ခ ရစ် တော် အား ဖြင့် ဖြောင့် မတ် ရာ ရောက် ခွင့် ကို ရှာ ကြံ စဉ် အ ပြစ် သား များ ဖြစ် ကြောင်း ထင် ရှား လျှင် ခ ရစ် တော် သည် အ ပြစ် တ ရား၏ အ မှု ဆောင် ဖြစ် သ လော။ ထို သို့ မ ဖြစ် စေ ရာ။
18
ငါ ဖြို ဖျက် ပြီး သော တ ရား ကို ငါ တည် ဆောက် ပြန် လျင် မူ ကား အ ပြစ် ကျူး လွန် သူ ငါ ဖြစ် ကြောင်း ထင် ရှား ခဲ့ လေ ပြီ။
19
မု ချ ဆို သော် ဘု ရား သ ခင့် အ ဖို့ အ သက် ရှင် လျက် နေ ခြင်း ငှာ ပ ညတ် တ ရား ကြောင့် တ ရား အ ရာ၌ ငါ သေ ပြီ။
20
ခ ရစ် တော် နှင့် အ တူ ကား တင် ခံ ပြီး ဖြစ် လျက် ငါ့ ကိုယ် တိုင် အ သက် ရှင် တော့ မည် မ ဟုတ်။ ငါ၌ ခ ရစ် တော် ရှင် နေ တော် မူ၏။ ရုပ် ခ န္ဓာ၌ ယ ခု ငါ ရှင် သည် မှာ ငါ့ အား ချစ်၍ ငါ့ အ တွက် ကိုယ် ကို စွန့် တော် မူ သော ဘု ရား သ ခင့် သား တော် ကို ယုံ ကြည် ခြင်း ကြောင့် ရှင်၏။
21
ငါ သည် ဘု ရား သ ခင့် ကျေး ဇူး တော် ကို ပယ် ဖျက် သည် မ ဟုတ်။ အ ကယ်၍ ပ ညတ် တ ရား ကြောင့် ဖြောင့် မတ် ရာ ရောက် ခွင့် ရ လျှင် ခ ရစ် တော် သည် အ ကြောင်း မဲ့ အ သေ ခံ တော် မူ လေ ပြီ။