နာ​ဟုံ-2

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 စစ် တင်း ပုတ် ဖြစ် သူ သည် သင် နှင့် ရင် ဆိုင် ချီ တက် လေ ပြီ။ မြို့ စောင့် လျက် ကင်း ထား လျက် ခါး စည်း၍ လုံ့ လ ထုတ် လော့။
  • 2 ဆွတ် ခူး သူ တို့ ကြောင့် လွတ် လပ် ခြင်း၊ စ ပျစ် နွယ် ပျက် စီး ခြင်း ခံ ရ သော ယာ ကုပ် အ မျိုး ကြက် သ ရေ နှင့် ဣ သ ရေ လ အ မျိုး ၏ ကြက် သ ရေ ကို
  • 3 ထာ ဝ ရ ဘု ရား ပြန် ရောက် စေ တော် မူ၏။ ရန် ဘက် သူ ရဲ တို့၏ ဒိုင်း လွှား နီ လျက် စွမ်း ရည် ကောင်း သူ တို့ မြင်း တို မြင်း ရှည် နီ လှ ၏။ စစ် ရ ထား များ သည် ခင်း ကျင်း သော နေ့ ရက်၌ သံ မ ဏိ အ ရောင် တောက် လျက် လှံ လက် နက် များ လည်း မြှောက် ဝင့် လျက် ရှိ ၏။
  • 4 မြို့ ပြင် လမ်း မ များ တွင် စစ် ရ ထား များ သည် လျှပ် စစ် ပြက် သ ကဲ့ သို့ မီး ရှုး သ ဖွယ် ခေါက် တုံ့ ခေါက် ပြန် လျင် လျင် သွား လာ သည် တ ကား။
  • 5 ဗိုလ် မင်း တို့ ကို မိန့် ခေါ် သည့် အ တိုင်း မြို့ ရိုး ကို ဖောက် ရန် ခ လုတ် မ ရှောင် အ သော့ ချီ လာ ပြီး လျှင်
  • 6 သစ် မောင်း ဆင်၍ ကျုံး ရေ တံ ခါး များ ကို ဖွင့် ကြ သ ဖြင့် နန်း တွင်း သူ နန်း တွင်း သား တို့ စိတ် ပျက် ကြ ၏။
  • 7 မိ ဖု ရား သည် မာ လိ က တန် ဆာ ချွတ် ခြင်း၊ သိမ်း သွား ခြင်း ခံ ရ သ ဖြင့် ရံ ရွေ တို့ ရင် တီး လျက် ချိုး ကူ သ ကဲ့ သို့ ညည်း တွား ကြ ၏။
  • 8 တည် ထောင် သည့် ကာ လ က စ၍ ရေ ကန် သ ဖွယ် ဖြစ် သော နိ န ဝေ မြို့ သည် ခန်း ခြောက် လေ ပြီ။ ခံ ရပ် ကြ လော့။ ခံ ရပ် ကြ လော့ ဟု မိန့် ဆို သော် လည်း လှည့် ကြည့် ဝံ့ သူ တစ် ယောက် မျှ မ ရှိ ချေ။
  • 9 ရွှေ ငွေ ကို လု ယက် ယူ ငင် ကြ လော့။ သို ထား သော ဘ ဏ္ဍာ အ ဖိုး ထိုက် သော ရ တ နာ စု မ ကုန် နိုင်၊ မြို့ တော် သည် လွတ် လပ်၍
  • 10 လ ဟာ သက် သက် ဖြစ် လေ စွ။ လူ ရှိ သ မျှ တို့ လည်း စိတ် ပျက် လျက် ဒူး ချင်း ရိုက် လျက် ခါး အောင့် လျက် မျက် နှာ ညှိုး ရာ ရောက် ကြ လေ ပြီ။
  • 11 ကြောက် ရွံ့ ခြင်း ကင်း လျက် သား ငယ် များ နှင့် တ ကွ ခြင်္သေ့ နှင့် ခြင်္သေ့ မ တို့ သွား လာ ရာ ခြင်္သေ့ ပျို တို့ ကျက် စား ရာ ခြင်္သေ့ တို့ အောင်း ရာ အ ရပ် ကား အ ဘယ် မှာ နည်း။
  • 12 ခြင်္သေ့ သည် ခြင်္သေ့ မ နှင့် သား ငယ် တို့ စား လောက် ရန် ခဲ ကိုက် သတ် ဖြတ် လျက် သား ကောင် များ နှင့် အောင်း ရာ တွင်း များ ကို ဖြည့် ခဲ့ လေ စွ။
  • 13 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က ငါ သည် သင် နှင့် ဆန့် ကျင် ဘက် ပြု၍ စစ် ရ ထား များ ကို အ ခိုး တက် အောင် မီး ရှို့ ခြင်း၊ ခြင်္သေ့ ပျို တို့ ကို ဓား စာ အ ဖြစ် ထား ခြင်း၊ သား ကောင် များ ကို မြေ ပေါ် မှ ပယ် ရှား ခြင်း ပြု သည့် အ လျောက် သင့် ရာ ဇ သံ တို့ ဆင့် ဆို သံ ကို နောင် ကြား ရ တော့ မည် မ ဟုတ် ဟု မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页